【 (၁၂)ကြိမ်မြောက် IRODORI Seminar】

  • Jul 17, 2026 ~ Jul 17, 2026
  • 9:00–12:00
  • 国際交流基金ヤンゴン日本文化センター 1Fホール
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar  

~တွဲဖက်သင်ထောက်ကူများကိုအသုံးပြုကြည့်ကြရအောင်!~

■IRODORIရဲ့တွဲဖက်သင်ထောက်ကူဆိုတာ ဘယ်လိုအရာတွေပါလိမ့်?

■တွဲဖက်သင်ထောက်ကူတွေကိုက အတန်းထဲမှာဘယ်လိုထည့်သုံးရတာပါလိမ့်?

ဒီလိုတွေးနေတဲ့ ဆရာ၊ဆရာမများအတွက် ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

ယခုတစ်ကြိမ်ဆွေးနွေးပွဲကတော့ IRODORIရဲ့တွဲဖက်သင်ထောက်ကူတွေအကြောင်း

မိတ်ဆက်ပြောပြပေးမယ့် ဆွေးနွေးပွဲဖြစ်ပါတယ်။

IRODORIကို အသုံးပြုနေပြီဖြစ်တဲ့သူများရော၊ အခုကစပြီး အသုံးပြုကြည့်သွားချင်တဲ့သူများကိုပါ တက်ရောက်ဖို့အထူးဖိတ်ခေါ်ပါတယ်။

မိမိတို့အတန်းထဲမှာ ထည့်သွင်းအသုံးပြုလို့ရနိုင်မယ့် တွဲဖက်သင်ထောက်ကူတွေရဲ့ အသုံးပြုနည်းတွေကို အပေါင်းအဖော်ဆရာ၊ဆရာမများနှင့်အတူ စဥ်းစားကြပါမယ်။

☆ ယခုဆွေးနွေးပွဲရဲ့ အဓိကအကြောင်းအရာ

  • နောက်နေ့အတန်းချိန်မှာ ချက်ချင်းအသုံးပြုလို့ရမယ့်အရာတွေကို မိတ်ဆက်ပေးမယ်!
  • မိမိရဲ့အတန်းနဲ့ကိုက်ညီမယ့် တွဲဖက်သင်ထောက်ကူရဲ့ အသေးစိတ်ကျတဲ့သုံးပုံသုံးနည်းကို စဥ်းစားလို့ရနိုင်မယ်!
  • တခြားဆရာ၊ဆရာမတွေရဲ့ အကြံဉာဏ်များကိုနားထောင်ပြီး သုံးပုံသုံးနည်းကိုပိုပြီးကျယ်ပြန့်အောင်လုပ်နိုင်မယ်!

ဆွေးနွေးပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ

■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်:၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် ၉:၀၀ ~ ၁၂:၀၀နာရီ

■ကျင်းပမည့်ပုံစံ:လူကိုယ်တိုင် တက်ရောက်ခြင်း (Offline)

■ကျင်းပမည့်နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)၏ ပထမထပ်Hallခန်း။

အမှတ်-၇၀၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

■အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

■ဘတ်စ်ကားနံပါတ် – ၄၃၊ ၈၀။

 

■လျှောက်ထားနိုင်သူများ:မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမများ

(IRODORIကိုအသုံးပြုဖူးသူ၊ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။)

■လျှေက်ထားရန်လိုအပ်သည့်အရည်အချင်း:ဂျပန်စာLevel JFS B1 (JLPT N3အောင်မြင်ထားသူများ)နှင့်အထက်

ဂျပန်လူမျိုးသင်ကြားရေးဆရာ၊ဆရာမများလည်း ပါဝင်နိုင်ပါတယ်။

■သတ်မှတ်ဦးရေ: ၂၀ဦး။

■ပါဝင်ကြေး:အခမဲ့။

■တခြား: တွဲဖက်သင်ထောက်ကူများအားကြည့်ရှုရန် PCယူလာနိုင်သူများ ယူလာပေးပါရန်။

■လျှောက်ထားရန် Microsoft Form URL:https://forms.office.com/r/xr11u6Ri0Q?origin=lprLink

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ (တနင်္လာနေ့) မြန်မာစံတော်ချိန် နေ့လည်၁၂နာရီ

အားလုံးပါဝင်လျှောက်ထားပေးကြဖို့ကို စောင့်မျှော်နေပါတယ်။

◆IRODORIရဲ့တွဲဖက်သင်ထောက်ကူများကို အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုနိုင်ပါတယ်။◆

https://yg.jpf.go.jp/irodori_category/other-resources/

Notice & Announcements

View All