မန္တလေးမြို့မှာ ဂျပန်ယဉ်ကျေးမှုကို ခံစားကြပါစို့။ “Tokyo Before/After” ဓာတ်ပုံပြပွဲနှင့် MABA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားသို့ ဖိတ်ကြားလွှာ

ယခုလတွင် မန္တလေးမြို့၌ ဂျပန်ယဉ်ကျေးမှုကို ခံစားရင်း အတွေ့အကြုံသစ်များ ရယူနိုင်မည့် ပွဲ (၂) ခုကို စိတ်လှုပ်ရှားဖွယ် ကျင်းပသွားမည် ဖြစ်ပါသည်။ ပွဲ ၂ ခုလုံးသည် အခမဲ့ဖြစ်ပြီး မည်သူမဆိုတက်ရောက်နိုင်သောကြောင့် အားလုံး လာရောက်ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ မန္တလေးမြို့၌ ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသော ယဉ်ကျေးမှုကို ထိတွေ့ခံစားခွင့်ရမည့် ဤအခွင့်အရေးကောင်းများကို လက်မလွှတ်သင့်လို့ ပွဲမှာ အားလုံးနှင့်တွေ့ဆုံရမည့် အချိန်ကို ကျွန်ုပ်တို့ မျှော်လင့်နေပါသည်။

၁။ “Tokyo Before/After” ဓာတ်ပုံပြပွဲ (ဇွန်လ ၆ ရက်မှ ၂၇ ရက်အထိ)

ကျွန်ုပ်တို့သည် Jefferson Center Mandalay (JCM) နှင့် ပူးပေါင်း၍ ကမ္ဘာလှည့်ယဉ်ကျေးမှုအနုပညာပြပွဲ ဖြစ်သည့် “Tokyo Before/After” ဓာတ်ပုံပြပွဲကို တင်ဆက်ခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ဖန်တီးထားသည့် ဤပြပွဲတွင် ၁၉၃၀-၁၉၄၀ ခုနှစ်များက ဓာတ်ပုံဆရာများ ရိုက်ကူးခဲ့သော တိုကျိုမြို့၏ ပုံရိပ်များနှင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ရိုက်ကူးထားသော ပုံရိပ်များကို ယှဉ်တွဲပြသထားသည့် လက်ရာပေါင်း ၈၀ ခန့် ပါဝင်ပါသည်။

ဤပြပွဲရှိ ဂျပန်ဓာတ်ပုံဆရာများ၏ လက်ရာများသည် တိုကျိုမြို့၏ မတူကွဲပြားသော မြင်ကွင်းမျိုးစုံကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် အားပေးလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ထို့အပြင် JCM တွင် အထူးကဏ္ဍတစ်ခုအနေဖြင့် ဂျပန်ဓာတ်ပုံဆရာများနှင့် ၎င်းတို့၏ အမေရိကန်ဇာတ်လမ်းများအကြောင်းကိုလည်း လေ့လာနိုင်မည် ဖြစ်ပါသည်။

📍 ကျင်းပမည့်နေရာနှင့် ပူးပေါင်းစီစဉ်သူ – Jefferson Center Mandalay (JCM)

(အမှတ် ၅၃၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့)
📅 ကျင်းပမည့်ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ၂၇ ရက်အထိ
ပြပွဲအချိန် – ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ (၁၀:၀၀ နာရီမှ ၁၇:၀၀ နာရီ)၊ စနေနေ့ (၉:၀၀ နာရီမှ ၁၇:၀၀ နာရီ) *တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့များနှင့် ဇွန်လ ၁၉ ရက်နေ့များတွင် ပိတ်ပါသည်။
🎫 ဝင်ကြေး – အခမဲ့
ကြိုတင်စာရင်းပေးသွင်းရန် – ကြိုတင်စာရင်းပေးသွင်းရန် မလိုပါ။ မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့လာနိုင်ပါသည်။
မှတ်ချက် – ပြပွဲသို့ လာရောက်သူများသည် ဝင်ပေါက်တွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)၊ ကျောင်းသားကတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားတစ်ခုခု ပြသရန် လိုအပ်ပါသည်။

၂။ MABA ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်ဖြစ်သည့် Mandalay-Japan Festival (ဇွန်လ ၆ ရက်နှင့် ၇ ရက်)

မင်္ဂလာမန္တလေးမှာ ကျင်းပပြုလုပ်မယ့် မြန်မာ-ဂျပန်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်အသင်း (MABA) ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် Mandalay-Japan Festival တွင် ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။

ဒီပွဲတော်မှာဆိုရင် ဂျပန်အစားအစာများ၊ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများ၊ ယုကတာ (Yukata) ဝတ်ဆင်မှု အတွေ့အကြုံများ၊ Cosplay ပြိုင်ပွဲ၊ ဘွန်းအက (Bon Odori) အစရှိတဲ့ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်ပေါင်းများစွာ ပါဝင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြခန်း (Booth) မှာ အိုရီဂါမီ (စက္ကူအလှခေါက်ခြင်း) ပြုလုပ်သွားမှာဖြစ်ပြီး စင်မြင့်ထက်မှာတော့ ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အစီအစဉ်ကို တင်ဆက်ပေးသွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ပြခန်းကို လာရောက်လည်ပတ်သူများအတွက် အမှတ်တရလက်ဆောင်မွန်လေးလည်း ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။

📍 ကျင်းပမည့်နေရာ – မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာ (၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့)
📅 ကျင်းပမည့်ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နှင့် ၇ ရက်
ပွဲတော်အချိန် – ၉:၀၀ နာရီမှ ၁၉:၀၀ နာရီအထိ
🎫 ဝင်ကြေး – အခမဲ့
ကြိုတင်စာရင်းပေးသွင်းရန် – ကြိုတင်စာရင်းပေးသွင်းရန် မလိုပါ။ မည်သူမဆို လွတ်လပ်စွာ လာရောက်ဆင်နွှဲနိုင်ပါသည်။

[ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်‌ကျေးမှုစင်တာ (JFYG) မှ တင်ဆက်မည့် စင်မြင့်ထက်အစီအစဉ်များ]

ဇွန်လ ၆ ရက်နေ့အတွက်
・၁၀:၄၅ – ၁၁:၀၅ JFYG အကြောင်းနှင့် ဂျပန်ဘာသာစကား အွန်လိုင်းမှတစ်ဆင့် လေ့လာနိုင်မည့် သင်ခန်းစာများ မိတ်ဆက်ခြင်း
・၁၃:၃၀ – ၁၄:၀၀ ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အစီအစဉ်

ဇွန်လ ၇ ရက်နေ့အတွက်
・၁၀:၅၅ – ၁၁:၂၅ ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အစီအစဉ်
・၁၇:၂၅ – ၁၇:၄၅ JFYG အကြောင်းနှင့် ဂျပန်ဘာသာစကား အွန်လိုင်းမှတစ်ဆင့် လေ့လာနိုင်မည့် သင်ခန်းစာများ မိတ်ဆက်ခြင်း
・၁၈:၃၀ – ၁၉:၀၀ ဘွန်းအက (Bon Odori) အတူတူ ကကြစို့။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက MABA ၏ Facebook စာမျက်နှာ (https://www.facebook.com/share/1ELoiSVxsm/?mibextid=wwXIfr) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Notice & Announcements

View All