ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် အောက်တိုဘာလဆွေးနွေးပွဲ  

  • Oct 17, 2026 ~ Oct 17, 2026
  • မနက် ၁၀ နာရီမှ ၁၂ နာရီ
  • ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)

    အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

အားလုံးပဲ မင်္ဂလာပါ။  

မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်။ အောက်တိုဘာလတွင် JFYG ၌ “ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်နှင့် ပညာတော်သင်စနစ်များကို မှန်မှန်ကန်ကန် နားလည်သ‌ဘောပေါက်ကြရအောင်” ဆိုတဲ့ခေါင်းစဉ်ဖြင့်  ကျင်းပသွားမည်ဖြစ်ပါတယ်။ မကြာသေးမီက ဂျပန်နိုင်ငံ၏အလုပ်အကိုင်နှင့် ပညာတော်သင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုများရှိခဲ့ပါတယ်။ ထိုပြောင်းလဲချက်တွေ၊ သတိမူရမည့်အချက်တွေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်း၏ ဥက္ကဌ Mr. HIROSAWA Shuichiနဲ့  JFYGမှ လက်ထောက်ဒါရိုက်တာ Ms. SHIMOZATO Hinanoတို့မှ ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမများအနေဖြင့် စနစ်များကို မှန်မှန်ကန်ကန်နားလည်သဘော‌ပေါက်ထားလျှင် ကျောင်းသား၊ ‌ကျောင်းသူများလည်း စိတ်အေးချမ်းသာစွာဖြင့် ဂျပန်နိုင်ငံသို့ လာရောက်နိုင်ကြမှာဖြစ်တဲ့အတွက် ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများ ဤဆွေးနွေးပွဲကို တက်ရောက်ကြပြီး အတူတကွလေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။   

※ဆွေး‌နွေးပွဲပြီးဆုံးချိန်တွင် ဆန္ဒရှိသူများနဲ့ နေ့လယ်စာစားပွဲစီစဉ်သွားမည်ဖြစ်ပါတယ်။ (နေ့လယ်စာအတွက် ကုန်ကျစရိတ်ကို မိမိဘာသာ ကျခံရမည်ဖြစ်ပါတယ်။) 

 

နေ့ရက်နှင့် အချိန်။ ။၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၇ ရက် (စနေနေ့)  မနက် ၁၀ နာရီမှ ၁၂ နာရီ  

နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) 

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ 

※ဤဆွေးနွေးပွဲသည် စင်တာတွင် in-person လာတက်ရမည်ဖြစ်ပါသည်။  

သတ်မှတ်ဦးရေ။ ။ ၃၀ ဦး  

ပါဝင်တက်ရောက်ရန်။ ။ QR code သို့မဟုတ် အောက်ပါလင့်မှ နာမည်စာရင်းပေးသွင်းရန်  

https://docs.google.com/forms/d/e/1FAIpQLSeHujcQq9oezjMLfNgveG6g_lAbjpMsKGPi5noY3dsOSZXkcQ/viewform 

ဆရာအများအပြား ပါဝင်တက်‌ရောက်ကြသည်ကို စောင့်မျှော်နေပါတယ်။ 💪 

 

★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)၏ Facebook :https://www.facebook.com/JFYangon 

 

★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)၏ Telegram:https://t.me/JFYangon 

    

★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)၏ Instagram:https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1 

Available in English.

Notice & Announcements

View All