ဂျပန်နိုင်ငံ၏နေထိုင်မှုဘဝအကြောင်းကို လေ့လာကြည့်ရအောင်

အပိုင်း(၅) : ❝စက်ဘီးစီးတဲ့အခါ လိုက်နာရမယ့်စည်းမျဉ်းများ❞

အားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်း (JF)က ထုတ်လုပ်ထားသော ဂျပန်ဘာသာစကားသင်ကြားရေးသင်ထောက်ကူတစ်ခုဖြစ်သည့်『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』ကို အသုံးပြုပြီး ဂျပန်နိုင်ငံရဲ့ အလေ့အထ နှင့် ယဥ်ကျေးမှုကို ဂျပန်ဘာသာစကားနှင့်အတူလေ့လာနိုင်မယ့် ဗီဒီယိုဇာတ်လမ်းတွဲရဲ့ အပိုင်း(၅)ဖြစ်ပါတယ်။

⚠️ အရေးကြီးသတင်း⚠️

၂၀၂၆ခုနှစ်၊ ဧပြီလမှစတင်ပြီး ဂျပန်နိုင်ငံ၏စက်ဘီးစီးခြင်းနှင့်ပတ်သက်တဲ့ စည်းမျဥ်းများကို အသစ်ပြငှာန်းသွားမှာဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာလျှင် 「အပြာရောင်ကတ်ပြား(aokippu)1」အပေးခံပြီး၊ မြောက်မြားလှတဲ့ငွေပမာဏ(ဒဏ်ငွေ)ကို ပေးဆောင်ရမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ “ကျောင်းအထိ၊ ဘူတာအထိ၊ အနီးအနားက စူပါမားကက်အထိ” ဆိုပြီး စက်ဘီးစီးသွားတဲ့သူ အများအပြားရှိပါတယ်။ ဒါပေမယ့် စက်ဘီးစီးရင် လမ်းရဲ့ ညာဖက်ကစီးရမှာလား။ ဘယ်ဖက်ကစီးရမှာလား။ ဘယ်ဖက်ကစီးစီး ရသလား။

စက်ဘီးဆိုတာ ကားလမ်းပေါ် စီးနင်းရတာမို့လို့ စည်းမျဉ်းတွေကို မသိထားရင် အန္တရာယ်ရှိတယ်နော်။ ဒီတစ်ခါလည်း ဗီဒီယိုလေးကိုကြည့်ပြီးတော့ အတူတူစဥ်းစားကြည့်ကြရမယ်နော်!

※အပြာရောင်ကတ်ပြား(aokippu)1ဟာ ယာဥ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသူတွေ အပေးခံရတဲ့အပြာရောင်စာရွက်ဖြစ်ပါတယ်။ သတ်မှတ်အချိန်အတောအတွင်း ပိုက်ဆံ(ဒဏ်ငွေ)ကို ပေးဆောင်လျှင် တရားစွဲဆိုမခံရပါ။ ယခုအချိန်ထိ စက်ဘီးစီးခြင်းနှင့်ပတ်သက်ပြီး အပြာရောင်ကတ်ပြား(aokippu)က မရှိခဲ့ပါဘူး။ ပိုပြီးအသေးစိတ်ကျကျ စည်းမျဥ်းများကိုသိရှိလိုသူများအနေဖြင့် အောက်ဖော်ပြပါlinkမှတဆင့် ကြည့်ရှုပေးကြပါနော်။

ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့ ဌာန၏ တရားဝင်စာမျက်နှာ: https://www.npa.go.jp/bureau/traffic/bicycle/portal/system.html#01

Notice & Announcements

View All