Waku Waku Nihongoအစီအစဥ်~ဂျပန်နိုင်ငံနဲ့ ဂျပန်ဘာသာစကားကို ပိုမိုကျယ်ပြန့်စွာလေ့လာရင်း ရေခဲခြစ်လေး လုပ်စားကြရအောင်!~

  • Sep 16, 2026 ~ Sep 16, 2026
  • မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲအထိ  
  • ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG) 
    အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။  

သင်ဟာ ဂျပန်နိုင်ငံအကြောင်းစိတ်ဝင်စားသူ သို့မဟုတ် ဂျပန်ဘာသာစကားကို လေ့လာနေသူဆိုရင် ဂျပန်နိုင်ငံနဲ့ ဂျပန်ယဉ်ကျေးမှုအကြောင်းကို အတိုင်းအတာတစ်ခုအထိတော့ သိပြီးသားဖြစ်မှာပါ။ တနဘတလို့ခေါ်တဲ့ ကြယ်တာရာပွဲတော်၊ ပင်လုံးကျွတ်ပွင့်နေတဲ့ ချယ်ရီပန်းတွေကို ခံစားကြည့်ရှုရတဲ့ ချယ်ရီပန်းကြည့်ပွဲ၊ တက်ကြွပြီး တမူထူးခြားတဲ့ ပေါ့ပ်တေးဂီတ၊ အသက်အရွယ်မရွေး လူကြိုက်များကြပြီး ရသမျိုးစုံပေးစွမ်းနိုင်တဲ့ မန်ဂါနဲ့ အနီမဲ စသဖြင့်နယ်ပယ်များစွာရှိတဲ့ထဲကမှ မိမိစိတ်ဝင်စားရာ နယ်ပယ်တစ်ခုခုကို ပိုနက်နက်ရှိုင်းရှိုင်းနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိချင်မိတယ်လို့ တွေးဖူးပါသလား။  

ယခုတစ်ခါရဲ့ Waku Waku Nihongo မှာတော့ ဂျပန်ဖောင်ဒေးရှင်းမှ ဖန်တီးထားတဲ့ ဂျပန်နိုင်ငံနဲ့ ယဉ်ကျေးမှုအကြောင်းကို ထဲထဲဝင်ဝင်လေ့လာလို့ရမယ့် Hirogaru Nihongo website ကိုအသုံးပြုပြီး သူငယ်ချင်းတွေနဲ့အတူ ဂျပန်နိုင်ငံအကြောင်းကို လေ့လာကြမှာဖြစ်ပါတယ်။ Hirogaru Nihongo website မှာဆိုရင်တော့ မိမိကိုယ်တိုင် ဂျပန်ယဉ်ကျေးမှုကို လက်တွေ့မြင်တွေ့နေရသလို ခံစားရစေမယ့် ဗီဒီယိုလေးတွေအပြင် သက်ဆိုင်ရာနယ်ပယ်အလိုက် အသုံးပြုတဲ့ စကားလုံးတွေနဲ့ အသေးစိတ်အကြောင်းအရာလေးတွေကိုပါ တစ်နေရာထဲမှာ လေ့လာနိုင်မှာဖြစ်တဲ့အတွက် ဂျပန်ဘာသာစကားလေ့လာရာမှာလည်း အထောက်အကူဖြစ်စေမှာ အမှန်ပါပဲ။  

အားလုံးလည်း ဖတ်စာအုပ်လေးတွေကို ခဏလောက်ပိတ်ထားပြီး ဝါသနာတူသူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံရင်း ဂျပန်နိုင်ငံအကြောင်း အတူတူလေ့လာကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။  

အထူးအစီအစဉ်အနေနဲ့ ဂျပန်ရိုးရာ ရေခဲခြစ်လေးကိုပါ အတူတူလုပ်ကြည့်ကြမှာဖြစ်လို့ သတ်မှတ်လူဦးရေမပြည့်ခင် အမြန်ဆုံးစာရင်းပေးသွင်းကြဖို့မမေ့နဲ့နော်။ 

ပွဲအကြောင်းအသေးစိတ်ကိုတော့ အောက်မှာရေးထားပေးပါတယ်။  

ရက်နှင့်အချိန် : ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့ (ဗုဒ္ဓဟူးနေ့) မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲအထိ   

နေရာ :  ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)  

          အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။   

အနီးဆုံးဘတ်စ်ကားမှတ်တိုင် : ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။  

ဘတ်စ်ကားနံပါတ် : ၄၃၊ ၆၄၊ ၈၀။  

လျှောက်ထားနိုင်သူများ : N5, N4, N3 Level ရှိသည့် ဂျပန်စာလေ့လာနေသူများ။ (အသက် ၁၃နှစ်အထက်)  

သတ်မှတ်ဦးရေ : ၃၀ ယောက်။  

ပါဝင်ကြေး : အခမဲ့။   

လျှောက်ထားရန်Link :  ワクワク日本語 _❝もっと日本と日本語の知識をひろげる!❞  – Fill out form 

 

လျှောက်လွှာပိတ်ရက် : ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည်(၃)နာရီ  

လျှောက်ထားသူများပြားသောအခါမျိုးတွင် သတ်မှတ်ရက်ထက် စော၍ ဖောင်ပိတ်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။   

Notice & Announcements

View All