“Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”

  • Apr 26, 2026 ~ Apr 26, 2026
  • 7:00pm-8:30pm (ミャンマー時間)
  • オンライン(申し込み時に届くURLからご参加ください)
    အွန်လိုင်း(ဖောင်လျှောက်ထားသည့်အခါရရှိမည့် URLမှတဆင့် ပါဝင်တက်ရောက်ပေးကြပါရန်)

အားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို ယခုလမှစတင်၍အသစ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်သည့် ယဥ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။

မှတ်မှတ်ရရ ပထမအကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “SNSသုံးရာတွင် သိသင့်တဲ့အမူအကျင့်များ” ဖြစ်ပြီး ဧပြီလ ၂၅ရက်နေ့ (စနေနေ့)၊ ည(၇)နာရီမှာ အွန်လိုင်းကနေကျင်းပသွားမှာဖြစ်ပါတယ်။

SNSက သုံးရအလွန်လွယ်ကူအဆင်ပြေပြီး ပျော်စရာကောင်းပေမယ့်လည်း အသုံးပြုရာတွင် (မြန်မာ နှင့် ဂျပန်) မတူကွဲပြားတဲ့အမူအကျင့်တွေ ရှိပါတယ်။ ဂျပန်နိုင်ငံကိုသွားရောက်တဲ့အခါ အခက်အခဲမဖြစ်ရလေအောင် SNSအမူအကျင့်တွေနဲ့ပတ်သက်ပြီး အတူတူလေ့လာလိုက်ကြရအောင်။

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ ဧပြီလ ၂၅ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ည၇နာရီ မှ ၈နာရီခွဲအထိ

■နေရာ:အွန်လိုင်း။

■ပါဝင်ကြေး:အခမဲ့။

■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။)

■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။

https://forms.office.com/r/4qCArAYPMQ

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။

■သတ်မှတ်ဦးရေ:100 ဦး။

※လျှောက်ထားသူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်စော၍ ပိတ်ခြင်းမျိုးရှိနိုင်ပါသဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

※ယခုတစ်ခါတွင် ဖုန်းဖြင့်ထပ်မံဆက်သွယ်ခြင်းမျိုးမရှိသည့်အတွက် ဖောင်လျှောက်ထားသည့်အခါရရှိမည့် URLမှတဆင့် ပါဝင်တက်ရောက်ပေးကြပါရန်။

Notice & Announcements

View All