“Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”

  • Jul 11, 2026 ~ Jul 11, 2026
  • 10:00am-11:30am (ミャンマー時間)  
  • オンライン(ZOOM)

အားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်သည့် ယဥ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ပြီး ဇူလိုင်လ ၁၁ရက်နေ့ (စနေနေ့)၊ နံနက် (10:00~11:30)အထိ Online(Zoom)မှတဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဘတ်စ်ကား၊ ရထားစတဲ့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်တွေဟာ အလွန်အဆင်ပြေပေမယ့် ဂျပန်ရဲ့အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ဟာ မြန်မာနဲ့အနည်းငယ်ကွာခြားတဲ့အတွက် သတိထားဖို့လိုအပ်ပါတယ်။ ဂျပန်ကိုသွားတဲ့အခါ သက်သောင့်သက်သာနဲ့ ချောချောမွေ့မွေ့နေ့စဥ်ဘဝကိုဖြတ်သန်းနိုင်စေရန် ဂျပန်မသွားခင်ကတည်းက ဂျပန်နိုင်ငံရဲ့အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ပတ်သက်ပြီး လေ့လာထားကြရအောင်နော်။

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၁ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် နံနက် (10:00~11:30) အထိ

■နေရာ:Online (Zoom)

■ပါဝင်ကြေး:အခမဲ့။

■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။)

■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။

https://forms.office.com/r/UZynU75yrt

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့ (ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။

■သတ်မှတ်ဦးရေ:၁၀၀ ဦး။

※ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်းမျိုးပြုလုပ်သွားမည်မဟုတ်သည့်အတွက် ပွဲနေ့မတိုင်ခင်Mailမှပို့ပေးမည့်Zoom linkမှတဆင့် ပါဝင်တက်ရောက်ပေးပါ။

Notice & Announcements

View All