【 (၁၄) ကြိမ်မြောက် IRODORI Seminar】

  • Oct 31, 2026 ~ Oct 31, 2026
  • မြန်မာစံတော်ချိန် ၉:၃၀ ~ ၁၁:၃၀
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

~IRODORI pre-intermediate levelကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်!~ 

ဂျပန်ဘာသာသင်ကြားရေး ဆရာ၊ဆရာမများအားလုံးပဲ မင်္ဂလာပါ။ 

ယခုနှစ် မတ်လတွင် ဂျပန်ဖောင်ဒေးရှင်း (JF) မှ ဖန်တီးပြုလုပ်ထားသော ဂျပန်ဘာသာစကားလေ့လာရေး သင်ထောက်ကူတစ်ခုဖြစ်တဲ့ 『IRODORI』ရဲ့「Pre-intermediate Level」ကို ထုတ်ဝေပေးခဲ့ပါတယ်။ 

『IRODORI』ဟာဆိုရင် ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရန် သို့မဟုတ် ပညာသင်ယူရန် ရည်ရွယ်ပြီး ဂျပန်စာလေ့လာနေသူများကို သင်ကြားပေးရာတွင် အလွန်အသုံးဝင်တဲ့ သင်ထောက်ကူတစ်ခု ဖြစ်ပါတယ်။ 

ယခု Seminarမှာ Pre-intermediate Levelရဲ့သင်ခန်းစာတွေကို လက်တွေ့ကိုယ်တိုင်သင်ယူကြည့်ရှုရင်း 『IRODORI』ရဲ့ထူးခြားချက်များနှင့် အားသာချက်များကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။ 

『IRODORI』 ကို မသုံးဖူးသေးတဲ့ ဆရာ၊ဆရာမများသာမက လက်ရှိအသုံးပြုနေသူများအားလုံးကိုလည်း ပါဝင်တက်ရောက်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 

※ ယခုSeminarသည် 2026ခုနှစ်၊မေလတွင် ပြုလုပ်ခဲ့တဲ့ (၁၁) ကြိမ်မြောက် Irodori Online Seminar နှင့် အကြောင်းအရာအများစုမှာတူညီပါတယ်။ 

ဆွေးနွေးပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ 

■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်:  ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ၉:၃၀ ~ ၁၁:၃၀ 

■ပါဝင်ကြေး:အခမဲ့။ 

■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမများ (JFS B1/JLPT N3နှင့်အထက်အောင်မြင်ထားသူများ)    

※IRODORIသင်ထောက်ကူကို အသုံးမပြုဖူးသူများလည်း ပါဝင်နိုင်ပါတယ်။ 

※ဂျပန်လူမျိုး ဆရာ၊ဆရာမများလည်း ပါဝင်နိုင်ပါတယ်။ 

 

■ကျင်းပမည့်ပုံစံ:အပြင်သင်တန်း။ 

■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)၏ ပထမထပ်ဟောခန်း။ 

        အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ 

■အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။ 

■ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။ 

■သတ်မှတ်ဦးရေ:၂၀ဦး။ 

■လျှောက်ထားရန်:အောက်ပါ Microsoft Form တွင် ဖြည့်သွင်းလျှောက်ထားပေးပါရန်။ 

Microsoft Form URL: https://forms.cloud.microsoft/r/bK7mwAGasH?origin=lprLink 

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂:၀၀ နာရီ။ 

※လျှောက်ထားသူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်စော၍ ပိတ်ခြင်းမျိုးရှိနိုင်ပါတယ်။ 

◆IRODORI pre-intermediate levelသင်ထောက်ကူအား အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုနိုင်ပါတယ်။◆ 

https://www.irodori.jpf.go.jp/pre-intermediate/pdf.html 

Available in English and 日本語.

Notice & Announcements

View All