~IRODORI pre-intermediate levelကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်!~
■IRODORI pre-intermediate levelသင်ထောက်ကူက အခုလက်ရှိအထိထွက်ရှိထားတဲ့ တခြားlevelတွေနဲ့ ဘာတွေကွာခြားသလဲ?
■အခုကစပြီး IRODORIကို သုံးကြည့်ချင်ပေမယ့် အရင်ဆုံးခြုံငုံပြီးသိရှိချင်တယ်
ဆိုတဲ့ဆရာ၊ဆရာမများအတွက် IRODORI Seminarလေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ယခုSeminarကတော့ မတ်လ ၃၁ရက်နေ့က အသစ်ထွက်ရှိထားတဲ့ “IRODORI ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား pre-intermediate level” နဲ့ပတ်သက်တဲ့ Seminarလေးဖြစ်ပါတယ်။
အခုအချိန်အထိ IRODORI သင်ထောက်ကူကိုမသုံးဖူးသေးသူများကိုလည်း အထူးကြိုဆိုပါတယ်။ ဆွေးနွေးပွဲတွင် IRODORIရဲ့ ဘုံအားသာချက်တွေကို စုစည်းရှင်းလင်းဖော်ပြပြီးတဲ့နောက်၊ IRODORI Pre-Intermediate levelသင်ထောက်ကူရဲ့ သရုပ်ပြအတန်းချိန်ကို လက်တွေ့ကြည့်ရှုလေ့လာပြီး အားလုံးပဲ မိမိတို့စာသင်ချိန်အတွင်းမှာ IRODORIကို ဆက်ဆက်ထည့်သွင်းအသုံးပြုကြည့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
☆ယခုဆွေးနွေးပွဲ၏ အဓိကအချက်များ
ဆွေးနွေးပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ
■ဆွေးနွေးပွဲနေ့ရက်နှင့်အချိန်: ၂၀၂၆ခုနှစ်၊ မေလ ၃၀ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ၉:၃၀ ~ ၁၂:၀၀
■ကျင်းပမည့်ပုံစံ:Online (ZOOM)
Zoom Linkကို ဆွေးနွေးပွဲမပြုလုပ်ခင် တစ်ရက်အလိုမှာ မေးလ်ကနေတဆင့် ပေးပို့ပေးသွားပါမယ်။ မေးလ်စစ်ဖို့မမေ့ရန် သတိပြုပေးကြပါရန်။ Spam folderတွင် မေးလ်ရောက်ရှိနေတာမျိုးလည်းရှိတတ်တဲ့အတွက် စစ်ကြည့်ဖို့အတွက် မေတ္တာရပ်ခံပါတယ်။
■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမများ
(IRODORIသင်ထောက်ကူအသုံးပြုဖူးသူ၊ မသုံးဖူးသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။)
■လျှေက်ထားရန်လိုအပ်သည့်အရည်အချင်း:
・ဂျပန်စာLevel JFS B1 (JLPT N3အောင်မြင်ထားသူများ)နှင့်အထက် ( ဂျပန်လူမျိုး ဆရာ၊ဆရာမများလည်း ပါဝင်နိုင်ပါတယ်။)
・တတ်နိုင်သလောက် PCဖြင့် တက်ရောက်နိုင်သူ
※စာရိုက်ခြင်းနဲ့ သင်ထောက်ကူရဲ့ PDFကိုကြည့်ရင်းပါဝင်နိုင်ရန်ဖြစ်ပါတယ်။
■သတ်မှတ်ဦးရေ:ခန့်မှန်းချေ ၃၀ဦး။
■ပါဝင်ကြေး:အခမဲ့။
■လျှောက်ထားရန်:အောက်ပါ Microsoft Form တွင် ဖြည့်သွင်းလျှောက်ထားပေးပါရန်။
■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ မေလ ၂၆ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂:၀၀ နာရီ။
အားလုံးပါဝင်ပေးကြဖို့ကို စောင့်မျှော်နေပါတယ်။
◆IRODORI pre-intermediate levelသင်ထောက်ကူအား အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုနိုင်ပါတယ်။◆
30/04/2026
【မင်္ဂလာပါ Sensei (၂၈)ကြိမ်မြောက် :ဆရာမ 能勢理子(NOSE Michiko)】24/04/2026
EAJS 2026 ခရီးစဉ်ထောက်ပံ့မှုအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း23/04/2026
Yangon JM Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!22/04/2026
တဒို့ခု၏လူကြိုက်အများဆုံးစာအုပ်များ21/04/2026
📖JFYG၏ယခုလအတွက် အကြံပြုသောစာအုပ် 📖09/04/2026
【မြန်မာနှစ်သစ်ကူးနှင့်သင်္ကြန်ပွဲတော်ရုံးပိတ်ရက် အသိပေးကြေညာခြင်း】01/04/2026
📣 “Irodori ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ၏ Pre-intermediate (A2/B1 level) ထွက်ရှိလာပြီဖြစ်ကြောင်း အသိပေးခြင်း✨24/03/2026
စင်တာပိတ်ရက်အပြောင်းအလဲအားအသိပေးကြေညာချက်21/03/2026
(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်】ကို ကျင်းပခဲ့ခြင်း။11/03/2026
ZA Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)