၂၀၂၆ခုနှစ် ကလေးများအတွက် နွေရာသီဂျပန်စာသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်

  • Apr 28, 2026 ~ May 22, 2026
  • 14:00~16:00
  • 国際交流基金ヤンゴン日本文化センター(JFYG) 
    No.70 Nat Mauk Lane (1), Bahan Township, Yangon

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှ ကျင်းပပြုလုပ်သောအစီအစဥ်များတွင် အမြဲပါဝင်တက်ရောက်ပေးကြသူများအားလုံးကို ကျွန်ုပ်တို့စင်တာမှ အထူးကျေးဇူးတင်ရှိပါတယ်။

ယခုတစ်ကြိမ်တွင် ကျွန်ုပ်တို့စင်တာမှ “၂၀၂၆ခုနှစ် ကလေးများအတွက် နွေရာသီဂျပန်စာသင်တန်း”ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ဤသင်တန်းသည် ဂျပန်ဘာသာစကားနှင့် လုံးဝမထိတွေ့ဖူးသေးသော အလယ်တန်းကျောင်းသားများ ဂျပန်ဘာသာစကားနှင့် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုကို ပျော်ပျော်ရွှင်ရွှင်ထိတွေ့နိုင်မည့် အခွင့်အရေးများရရှိနိုင်မည့် (အခမဲ့)သင်တန်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားသော ကျောင်းသားများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ဂျပန်ဘာသာစကားကို အတူလေ့လာကြည့်ကြဖို့ စိတ်ဝင်စားကြပါသလား။

အားလုံးပါဝင်ဖို့ကို စောင့်မျှော်နေပါတယ်။

 

■နေ့ရက်နှင့် အချိန် :၂၀၂၆ခုနှစ်၊ ဧပြီလ၊ ၂၈ ရက်နေ့(အင်္ဂါနေ့)မှ မေလ၊ ၂၂ ရက်နေ့(သောကြာနေ့)အတွင်း အပတ်စဥ် အင်္ဂါနေ့ နှင့် သောကြာနေ့။ နေ့လည် 2:00~4:00 (နားချိန်15မိနစ်) ။

(စုစုပေါင်းအတန်းချိန် ၈ကြိမ်၊ မိနစ် 120 ကြာ)

■နေရာ : The Japan Foundation, Yangon (JFYG)

No.70 Nat Mauk Lane (1), Bahan Township, Yangon

■အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

■ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

■သင်တန်းကြေး:အခမဲ့။

■ပါဝင်နိုင်သူများ:ဂျပန်ဘာသာစကားကို မသင်ကြားဖူးသေးသော အလယ်တန်းကျောင်းသားများ Grade6 မှ Grade 9(11နှစ်~14နှစ်)

※  ၂၀၂၅ခုနှစ် နွေပိတ်ရက် ကလေးများအတွက် ဂျပန်စာသင်တန်းတွင်

တက်ရောက်ဖူးသူများလည်း လျှောက်ထားနိုင်ပါတယ်။

※ အတန်းချိန် ၈ကြိမ်လုံး အုပ်ထိန်းသူနှင့်အတူ The Japan Foundation, Yangonသို့

လာရောက်နိုင်သော ကျောင်းသား၊သူများသာ။

■သတ်မှတ်ဦးရေ:30ဦး

■အသုံးပြုသင်ကြားမည့်သင်ထောက်ကူ:”ဝခုဝခု ဂျပန်စာ(၂)”

※ သင်တန်းတက်ရောက်ခွင့်ရရှိသူများကို အထက်ဖော်ပြပါ သင်ထောက်ကူစာအုပ်ကို အခမဲ့ပေးသွားပါမည်။

■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:80%အထက်တက်ရောက်သူများကိုသာ ပေးသွားမည်ဖြစ်ပါသည်။

■လျှောက်လွှာတင်ရန်: အောက်ပါ Linkမှတဆင့် လျှောက်ထားပေးပါရန်။

လျှောက်ထားရန်URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUN0lSUkNWUVQ0RkU4ME5GOVBFTUcwRVdGRSQlQCN0PWcu

■ဖောင်ပိတ်ချိန်:ဧပြီလ၊ ၂၄ ရက်(သောကြာနေ့)နေ့လည် ၁၂ နာရီ

※ စကာတင်ရွေးချယ်သည့်အဆင့်တွင် လိုအပ်သည်များကို ကျွန်ုပ်တို့စင်တာမှ ဆက်သွယ်မေးမြန်းခြင်းများရှိနိုင်ပါသည်။

※လျှောက်ထားသူများထဲမှ သင့်တော်သူများကိုရွေးချယ်ပြီးလျှင် ဖုန်းဖြင့်ပြန်လည်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။

Notice & Announcements

View All