၂၀၂၅ ခုနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်အွန်လိုင်းရှင်းလင်းပွဲ

  • Oct 28, 2024 ~ Oct 28, 2024
  • 2:00 pm to 3:30 pm
ဂျပန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့်သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာတွင် ထိုသင်တန်းအစီအစဉ်နှင့်ပတ်သက်ပြီး အွန်လိုင်းမှမိတ်ဆက်ရှင်းပြခြင်းကို ပြလုပ်သွားမည်ဖြစ်ပါသည်။ ထိုပွဲတွင် သင်တန်းအစီအစဉ်များသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများမှ ၎င်းတို့၏အတွေ့အကြုံများကို ပြန်လည်မျှဝေသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများ အောက်ပါ formတွင်ဖြည့်စွက်၍ နာမည်စာရင်းပေးသွင်းနိုင်ပါသည်။ အစီအစဉ်တက်ရောက်ရမည့် Zoom link ကို အီးမေးလ်မှ ပေးပို့မည်ဖြစ်ပါသဖြင့် form တွင် မိမိ၏အီးမေးလ်လိပ်စာကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
အစီအစဉ်သို့တက်ရောက်သူများအား ၂၀၂၅ခုနှစ်ပရိုဂရမ်အကြောင်းကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှ မေးလ်ပို့အကြောင်းကြားမည်ဖြစ်ပါသည်။
နေ့ရက်နှင့်အချိန်: ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်(တနင်္လာနေ့) နေ့လယ် ၂ နာရီမှ ၃ နာရီခွဲ
ပွဲကျင်းပမည့်ပုံစံ: အွန်လိုင်း (Zoom)
တက်ရောက်နိုင်သည့်သူများ: ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုးဆရာ၊ ဆရာမများ (ဂျပန်စာအရည်အချင်းသတ်မှတ်ထားခြင်းမရှိပါ။)
ဘာသာစကား: ဂျပန်ဘာသာနှင့် မြန်မာဘာသာ
လျှောက်လွှာဖောင်ပိတ်မည့်ရက်: ၂၀၂၄ ခုနှစ် ‌အောက်တိုဘာလ ၂၃ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ
လျှောက်ထားရန်လင့်⇒ https://forms.office.com/pages/responsepage.aspx…
၂၀၂၅ ခုနှစ်၏ ပရိုဂရမ်အသေးစိတ်အချက်အလက်များကို အောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဂျပန်ဘာသာဖြင့် :https://www.jpf.go.jp/j/program/japanese.html#jp_7
အင်္ဂလိပ်ဘာသာဖြင့်:https://www.jpf.go.jp/e/program/japanese.html#jp_7
Available in 日本語.

Notice & Announcements

View All