၂၀၂၀ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)

ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ
JLPT 2020 JULY

ဇူလိုင်လ ၅ ရက်နေ့ ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့် ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ အတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
     ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၅) ရက် (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့် နေရာ
    ရန်ကုန်မြို့ ၊ မန္တလေးမြို့ ၊ ပဲခူးမြို့။

၃။ လျှောက်လွှာအရောင်းကာလ (ရန်ကုန် – ၁ ၊ ရန်ကုန် – ၂)
    ၂၀.၂.၂၀၂၀ (ကြာသပတေးနေ့) မှ *** လျှောက်လွှာ ကုန်သည်အထိ ***

လျှောက်လွှာလက်ခံကာလ (ရန်ကုန် – ၁)
Level N5 – ၂၃.၂.၂၀၂၀ (တနင်္ဂနွေနေ့) မှ ၂၅.၂.၂၀၂၀ (အင်္ဂါနေ့)
Level N4 – ၂၆.၂.၂၀၂၀ (ဗုဒ္ဓဟူးနေ့) မှ ၂၈.၂.၂၀၂၀ (သောကြာနေ့)
Level N1, N2, N3 – ၂၉.၂.၂၀၂၀ (စနေနေ့) မှ ၉.၃.၂၀၂၀ (တနင်္လာနေ့)

လျှောက်လွှာလက်ခံကာလ (ရန်ကုန် – ၂)
Level N4, N5 – ၂၉.၂.၂၀၂၀ (စနေနေ့ ) မှ ၃.၃.၂၀၂၀ (အင်္ဂါနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ထုတ်ပေးမည့်ကာလ (ရန်ကုန် – ၁ ၊ ရန်ကုန် – ၂)
၂၀.၃.၂၀၂၀ (သောကြာနေ့) မှ ၃.၄.၂၀၂၀ (သောကြာနေ့)

အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
နေရာ – MAJA Education Centre
အမှတ် ၆၆/A၊ သူရလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ပုဏ္ဏမီမှတ်တိုင်)
ဖုန်း – 09 962751373

၄။ လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၀.၂.၂၀၂၀ (ကြာသပတေးနေ့) မှ *** လျှောက်လွှာ ကုန်သည်အထိ ***

လျှောက်လွှာလက်ခံကာလ (မန္တလေး)
၁.၃.၂၀၂၀ (တနင်္ဂနွေနေ့) မှ ၆.၃.၂၀၂၀ (သောကြာနေ့)

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ထုတ်ပေးမည့်ကာလ (မန္တလေး)
၇.၃.၂၀၂၀ (စနေနေ့) မှ ၂၀.၃.၂၀၂၀ (သောကြာနေ့)

အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
(နေ့လည် ၁၂ နာရီ မှ ၁ နာရီ အထိ ထမင်းစား နားပါမည်။)
နေရာ – MAJA (Mandalay Branch)
ပထမထပ်၊ ရေလမ်း၊ တိုက်(၁)၊ အခန်း(၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း – 09 255162533

၅။ လျှောက်လွှာအရောင်းကာလ ( ပဲခူး )
၃.၃.၂၀၂၀ (အင်္ဂါနေ့) မှ *** လျှောက်လွှာ ကုန်သည်အထိ ***

လျှောက်လွှာလက်ခံခြင်း နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ထုတ်ပေးမည့်ကာလ ( ပဲခူး )
Level N4, N5 – ၄.၃.၂၀၂၀ (ဗုဒ္ဓဟူးနေ့) မှ ၉.၃.၂၀၂၀ (တနင်္လာနေ့)
အချိန် – မနက် ၉:၃၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
နေရာ – ပဲခူးတက္ကသိုလ်၊ ပဲခူးမြို့။
ဖုန်း – 09 962751373

၆။ လျှောက်လွှာကြေး – တစ်စောင် = ၂၀၀၀ ကျပ်

၇။ စာမေးပွဲကြေး – N1, N2, N3 – ၄၀၀၀၀ ကျပ်
                            N4, N5 – ၃၀၀၀၀ ကျပ်

မှတ်ချက်။ ။ ပြီးခဲ့သည့်နှစ်မှစ၍ စာဖြေသူများ အဆမတန်များပြားလာသည့်အတွက် စာဖြေဌာန မလုံလောက်ခြင်းကို ဖြေရှင်းနိုင်ရန်နှင့် စာဖြေဌာနများတွင် စာဖြေသူများ ပိုမိုအဆင်ပြေ ကောင်းမွန်စွာဖြင့် ဖြေဆိုနိုင်ရန် စီစဉ်မည့်အတွက်ကြောင့် စာမေးပွဲကြေးတိုးမြှင့်ရခြင်းဖြစ်သည်ကို နားလည်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်။
——————————————————————————————————-
လျှောက်လွှာလက်ခံမည့် နည်းလမ်း

အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာ တစ်စောင် (၂၀၀၀ ကျပ်) ဖြင့် ရယူပြီး လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင် မိတ္တူ နှင့် အတူ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ကျောင်းမှ တာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီးလာရောက် လျှောက်ထားပါက ဖြေဆိုမည့်ကျောင်းသား/သူများ၏ အမည်၊ မွေးသက္ကရာဇ်တို့ကို level ခွဲခြား၍ စာရင်းပြုစုထားသော စာရွက် နှင့်အတူ မှတ်ပုံတင်မိတ္တူ (အမည်နှင့် မွေးသက္ကရာဇ်ကို အင်္ဂလိပ်လိုရေးသားပြီး)ပါပူးတွဲတင်ပေးရပါမည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် လျှောက်ထားသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါ သတ်မှတ်ရက်အတွင်းသာပြန်လည်ထုတ်ယူရပါမည်။
ပဲခူးမြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို လျှောက်လွှာလက်ခံကာလအတွင်း တစ်ပါတည်းပြန်လည်ထုတ်ယူနိုင်ပါမည်။

၅။Download ရယူရန်

လျှောက်လွှာ
၂၀၂၀ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်

အထူးသတိပြုရန်
မှတ်ပုံတင် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများအနေဖြင့် အောက်ဖော်ပြပါ ကဒ်ပြား များဖြင့် လျှောက်ထား နိုင်ပါသည်။ ယင်းကဒ်ပြားများမှ လွှဲ၍ ကျန် အခြားမည်သည့်ကဒ်ပြားနှင့်မှ လျှောက်ထား၍ မရနိုင်ပါ။
၁။ ယဉ်မောင်းလိုင်စင်
၂။ နိုင်ငံကူးလက်မှတ်
၃။ ကျောင်းသားကဒ် (အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ) သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်များ လက်မခံပါ။
၄။ ကျောင်းသားကဒ် (အစိုးရ တက္ကသိုလ်၊ ကောလိပ်များ) သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်များ လက်မခံပါ။
၅။ မွေးစာရင်း (အသက် ၁၀ နှစ်အောက် လျှောက်ထားမည့်သူများ)

 အသေးစိတ်သိရှိ လိုသည်များကို MAJA Facebook၊ The Japan Foundation Yangon Facebook နှင့် ဂျပန်သံရုံး Website များတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
 ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
ဖုန်း – ၀၉ ၉၆၂၇၅၁၃၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်)

Notice & Announcements

View All