သဘာဝဘေးအန္တရာယ်အရေး ကျွမ်းကျင်သူနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ Workshop “ဆိုင်ကလုန်းမုန်တိုင်းအတွက် ဘယ်လိုကြိုတင်ပြင်ဆင်မလဲ”

  • Sep 19, 2026 ~ Sep 19, 2026
  • မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ
  • ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ Hall room, အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်။

နှစ်စဉ် စက်တင်ဘာလ တစ်ရက်နေ့ဟာ ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနေ့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ သဘာဝဘေးအန္တရာယ် မကြာခဏကျ‌ရောက်လေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပြီး ငလျှင်၊ ဆိုင်ကလုန်းမုန်တိုင်း စတဲ့ ကပ်ဘေးတွေကို ခံရတာလည်း တူညီပါတယ်။ 

ဒီနှစ်မှာတော့ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန်ကနေ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလ အထိန်းအမှတ်အဖြစ် “ဆိုင်ကလုန်းမုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ကြမလဲ” ဆိုတာကို ဂျပန်လူမျိုး သဘာဝဘေးအန္တရာယ် ကျွမ်းကျင်သူ တစ်ဦးနဲ့ ဟောပြောပြသပွဲလေး ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။  

အရင်နှစ်တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဗဟုသုတအများကြီးရမယ့် ဒီပွဲကို တက်ရောက်ချင်ရင် အခမဲ့စာရင်းပေးလို့ ရပြီး လူဦးရေ အကန့်အသတ်ရှိတာကြောင့် အရင်ဆုံး စာရင်းပေးတဲ့သူ‌တွေပဲ တက်ရောက်နိုင်ဖို့ သေချာမှာပါ။ ဒါကြောင့်  အမှန်တကယ်တက်ရောက်ချင်တယ်ဆိုရင် အောက်က လင့်မှာ စာရင်းပေးလိုက်ပါနော်။  

စာရင်းပေးရန် – သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလ “ဆိုင်ကလုန်းမုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ကြမလဲ Registration form – Fill out form  

Notice & Announcements

View All