နေထိုင်မှု၊ အလုပ်လုပ်ကိုင်ရန်ဂျပန်ဘာသာသင်ကြားသောအဖွဲ့အစည်းအား ကူညီထောက်ပံ့ခြင်း (သင်ထောက်ကူပစ္စည်းဝယ်ယူမှုထောက်ပံ့ခြင်း)

ရည်ရွယ်ချက်
ဤပရိုဂရမ်သည် ဂျပန်နိုင်ငံတွင် နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုအတွက် လိုအပ်သော ဂျပန်ဘာသာသင်ကြားရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ရန်ရည်ရွယ်ချက်ဖြင့် “ကျွမ်းကျင်လုပ်သားစနစ်” ဖြင့် ဂျပန်နိုင်ငံသို့လာရောက်မည့်သူများအတွက် ဂျပန်ဘာသာသင်ကြားရေးကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဝယ်ယူရန် ကုန်ကျစရိတ်အား ထောက်ပံ့မည်ဖြစ်ပါသည်။ ဤပရိုဂရမ်သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်အတွင်း ပြုလုပ်မည့် လုပ်ငန်းစဉ်များအတွက်သာ အကျုံးဝင်ပါသည်။
လျှောက်လွှာလျှောက်ရန်လိုအပ်ချက်များနှင့် လျှောက်လွှာဖောင်များကို အောက်တွင် ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
 
လျှောက်လွှာဖောင်များကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရပါမည်။
သတိထားရမည့်အချက်
-အီးမေးလ်၊ ဖက်စ်ဖြင့်ပေးပို့၍မရပါ။
-လျှောက်လွှာဖောင်ပေးပို့ပြီးနောက် လျှောက်လွှာတွင်ဖြည့်စွက်ထားသော အကြောင်းအရာများ အပြောင်းအလဲရှိပါက ချက်ချင်းအကြောင်းကြားရမည်။
– ပေးပို့ထားသောလျှောက်လွှာဖောင်များအားပြန်မပေးပါ။ ဖြည့်စွက်ထားသော လျှောက်လွှာဖောင်များကို မိတ္တူတစ်စုံယူထားပါ။

စုံစမ်းမေးမြန်းရန်
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
ဖုန်း ၀၁-၄၃၀ ၉၂၀
အီးမေးလ် nihongo@jpf-mm.org

Notice & Announcements

View All