ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “ဒေသိယစကားများ”

  • Oct 16, 2026 ~ Oct 16, 2026
  • နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane(1), Bahan Township, Yangon, Myanmar

ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး… ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောဆိုဆက်ဆံတဲ့အခါမှာ ပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လို အကြောင်းပြန်ဖို့  မထွက်လာဘူး ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။  

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ၁ လခြား ၁ ခါ ပြုလုပ်ပေးလျက်ရှိပါတယ်။ အောက်တိုဘာလမှာ  နှီး‌နှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာက‌တော့ “方言 (Hogen)”ဆိုတဲ့ ဒေသိယစကားများအကြောင်းပဲဖြစ်ပါတယ်။ ဂျပန်စာလေ့လာတဲ့အချိန်မှာ ပုံမှန်အားဖြင့် ဂျပန်နိုင်ငံတစ်နိုင်ငံလုံးသုံးတဲ့စံဘာသာစကား “標準語” (Hyojyungo)ကို လေ့လာကြတာဖြစ်ပေမယ့် ဂျပန်နိုင်ငံမှာဒေသအလိုက် စံဘာသာစကားကိုသာမက အမျိုးမျိုးသော ဒေသိယစကားတွေကို နေ့စဉ်အသုံးပြုနေကြပါတယ်။ လက်တွေ့ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားချိန်၊ သွားရောက်အလုပ်လုပ်ကိုင်ကြချိန်မှာတော့ တိုကျိုမဟုတ်တဲ့ တခြားဒေသတွေကို ‌သွားရောက်ကြတာရှိပြီး ထိုဒေသရဲ့ နယ်ခံတွေနဲ့ ပြောဆိုဆက်ဆံချိန်မှာ သူတို့ရဲ့ ဒေသိယစကားတွေနဲ့ ပြောဆိုဆက်ဆံနိုင်လျှင် ဆက်ဆံရေးပိုပြေလည်တာမျိုး၊ တစ်ဖက်လူနဲ့စကားပြောဆိုရာမှာလည်းပိုဆိုချောမွေ့တာမျိုးရှိပြီးအ‌ထောက်အကူပြုပါတယ်။ဒီအတွက်ကြောင့် ဒီတခေါက်မှာတော့ ကိုးချိ၊ ဟျိုဂို၊ မိယဇကိနဲ့ အိုကယာမဒေသတွေရဲ့ ဒေသိယစကားနဲ့ပတ်သက်ပြီး ထိုဒေသအသီးသီးမှ ဂျပန်လူမျိုးများနဲ့ ဂျပန်လို ပြောဆိုဖလှယ်သွားကြမှာဖြစ်ပါတယ်။အွန်လိုင်းကနေကျင်းပတဲ့ပွဲဖြစ်တဲ့အတွက် လက်ရှိ ဂျပန်နိုင်ငံရှိ အထက်ပါဒေသများမှာရှိတဲ့ မြန်မာလူမျိုးဂျပန်စာလေ့လာနေသူများလည်း ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။  

ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ  အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။  

https://forms.cloud.microsoft/r/Pkwk3MJNL3?origin=lprLink 

 

နေ့ရက်နှင့်အချိန်။ ။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ (သောကြာနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ 

သတ်မှတ်ဦးရေ။ ။ ၂၀ ဦး 

ဂျပန်စာ level။ ။ N3 levelနှင့်အထက်  

(※N4ဖြစ်သော်လည်း ဂျပန်လို တက်တက်ကြွကြွပါဝင်ပြောကြားလိုသူများလည်း လျှောက်ထားနိုင်ပါသည်။)  

ကျင်းပမည့်ပုံစံ။ ။ Zoom 

※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ အောက်တိုဘာလ ၁၅ ရက် (ကြာသပ‌တေးနေ့)တွင် ဖုန်းဆက်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ 

Available in English and 日本語.

Notice & Announcements

View All