ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “Kaidan (တစ္ဆေပုံပြင်)”

  • Aug 19, 2026 ~ Aug 19, 2026
  • နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
  • The Japan Foundation, Yangon
    No -70, Nat Mauk Lane (1), Bahan Township, Yangon

ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူးဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောတဲ့အခါမှာ တစ်ဖက်လူပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လိုပြန်ပြောဖို့ စကားလုံးတွေထွက်မလာဘူး၊ ဂျပန်စာ စကားပြောသင်တန်းတွေတက်ထားပေမယ့် လက်တွေ့ပြောဆိုမှုသိပ်မရှိလို့ ပြောမထွက်တော့ဘူး.. ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။  

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့်ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်ဆိုတဲ့ အစီအစဉ်လေးကို ၂ လ ၁ ခါ ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတခေါက် နှီး‌နှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာက‌တော့ “Kaidan (တစ္ဆေပုံပြင်)  ပဲဖြစ်ပါတယ်။ ဂျပန်မှာ နွေရာသီရောက်ရင် ဘာလို့ကြောက်မက်ဖွယ်ရာ တစ္ဆေပုံပြင်တွေပြောလေ့ရှိပြီး ဂျပန်ရဲ့ နာမည်ကြီးတဲ့ တစ္ဆေပုံပြင် ခု (さんだいかいだん)ဆိုတာဘာတွေလဲ၊ မြန်မာနိုင်ငံမှာ လူကြိုက်များကြတဲ့ တစ္ဆေပုံပြင်တွေက ဘာတွေရှိကြလဲစတာတွေကို ဂျပန်လူမျိုးများနဲ့ အတူတူ ဂျပန်လို ပြောဆိုဖလှယ်သွားကြရ‌‌အောင်။  

ဒီတ‌ခေါက်ပွဲကိုတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ  အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။  

https://forms.cloud.microsoft/r/L85pd6rGPN?origin=lprLink 

နေ့ရက်နှင့်အချိန်။၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ 

သတ်မှတ်ဦးရေ။၃၀ ဦး 

ဂျပန်စာ level။ ။ N3 levelနှင့်အထက် 

 (※N4 levelဖြစ်ပြီး ဂျပန်လို တက်တက်ကြွကြွပါဝင်ပြောဆိုလိုသူများလည်း လျှောက်ထားနိုင်ပါတယ်)  

ကျင်းပမည့်နေရာ။ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ  

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။  

အနီးဆုံးကားမှတ်တိုင်။ ။ ဗျိုင်းရေအိုးစင်မှတ်တိုင် (ကားနံပါတ် ၄၃၊ ၆၄၊ ၈၀) 

 

ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ ဩဂုတ်လ ၁၇ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ 

Notice & Announcements

View All