ဂျပန်ရိုးရာ စစ်တုရင်(Shogi) နဲ့ ကျားကစားနည်း(Igo) အတူသင်ယူကြရအောင်    

  • Nov 28, 2026 ~ Nov 28, 2026
  • မနက် ၁၀ နာရီမှ ၁၂ နာရီထိ 
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

စစ်တုရင်နဲ့ ကျားကစားနည်း ဆိုတာဟာ နိုင်ငံတော်တော်များများမှာ မတူညီတဲ့ စည်းမျဉ်းတွေ၊ ကစားနည်းတွေ၊ အရုပ်တွေနဲ့ တည်ရှိတတ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ရိုးရာစစ်တုရင် (Shogi) နဲ့ ကျားကစားနည်း(Igo) ဆိုတဲ့ ကစားနည်းတွေ ရှိပါတယ်။ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာလည်း လာရောက်လည်ပတ်ရင်း ကစားနိုင်တဲ့ ကစားနည်းတွေပါ။ 

ဒါတွေကို စိတ်ဝင်စားလို့ ဘယ်လိုကစားရမလဲ ဆိုတာ သင်ယူချင်တယ် ဆိုရင်တော့ လာမယ့် နိုဝင်ဘာလ ၂၈ ရက် စနေနေ့လေးမှာ ဂျပန်ဖောင်ဒေးရှင်း၊ရန်ကုန်ကနေ ကျင်းပပေးသွားမယ့် Igo နဲ့ Shogi ပွဲလေးကို လာတက်ရောက်ပြီး အခမဲ့သင်ယူဆော့ကစားကြည့်နိုင်မှာပါ။ စိတ်ပါဝင်စားရင်တော့ အောက်က လင့်လေးကနေ အခမဲ့စာရင်းပေးသွင်းလို့ရပါတယ်။ လူဦးရေအကန့်အသတ်ရှိလို့ အရင်ဆုံးစာရင်းပေးသူတွေကို ဦးစားပေးပြီး ခေါ်သွားမှာဖြစ်ပါတယ်။  

စာရင်းပေးရန် –ဂျပန်ရိုးရာ စစ်တုရင်(Shogi) နဲ့ ကျားကစားနည်း(Igo) အတူသင်ယူကြရအောင်  – Fill out form 

  • နေ့စွဲ – ၂၈ နိုဝင်ဘာ ၂၀၂၆ (စနေနေ့) 
  • အချိန် – မနက် ၁၀ နာရီမှ ၁၂ နာရီထိ 
  • လူဦးရေ – ၂၀ ဦး
  • နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ ဟောခန်းမ၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်။ 

※မှတ်ချက်။ ။ ကားပါကင်မရှိပါ။  

Notice & Announcements

View All