ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ

  • Jun 20, 2026 ~ Jun 20, 2026
  • 18:00~
  • zoomဖြင့် အွန်လိုင်း

အားလုံးပဲ မင်္ဂလာပါ။

မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်။ ဇွန်လမှာ “ကျွမ်းကျင်မှုကိုပျိုး‌ထောင်ပေးမည့်ဂျပန်ဘာသာသင်ဆရာဖြစ်လာစေရန် အကြံပြုချက်များ” ဆိုတဲ့ ခေါင်းစဉ်ဖြင့်ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး မေလမှာပြုလုပ်ကျင်းပခဲ့တဲ့ ဂျပန်ဘာသာသင်ဆရာများအတွက်ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲလေ့ကျင့်ခြင်းများပါဝင်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းရဲ့ ဥက္ကဌ ဖြစ်တဲ့ ဆရာ HIROSAWA Shuichiမှ ‌ဟောပြောပို့ချသွားမှာဖြစ်ပြီး ယခင်ဆွေးနွေးပွဲမှာ အပြည့်အဝနားမလည်ခဲ့တဲ့အချက်များကို ထဲထဲဝင်ဝင်နားလည်လာပြီး မိမိတို့ရဲ့အတန်းချိန်တွေမှာ ဘယ်လို လက်တွေ့ထည့်သွင်းအသုံးချနိုင်မယ်ဆိုတာကို တွေးခေါ်စဉ်းစားခြင်း၊ 「できる日本語ひろば」ဝက်ဘ်ဆိုဒ်ရဲ့ အသုံးပြုနည်းကို မိတ်ဆက်ခြင်းတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ မေလမှာ ကျင်းပခဲ့တဲ့ဆွေး‌နွေးပွဲကို တက်‌ရောက်ခဲ့တဲ့ဆရာများနဲ့ မတက်ရောက်ဖြစ်ခဲ့တဲ့ဆရာများလည်း ဆွေးနွေးပွဲမှာ အသိပညာ ဗဟုသုတများစွာ ရရှိနိုင်မယ့် အကြောင်းအရာတွေ ပါဝင်တာဖြစ်တဲ့အတွက် အားလုံးပဲ ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါရစေ။

၂၀၂၆ ခုနှစ် ဇွန်လ ၂၀ရက် (စနေနေ့) ည ၆ နာရီ~

ယခုအကြိမ်ဆွေးနွေးပွဲကို zoomဖြင့် အွန်လိုင်းမှကျင်းပသွားမှာဖြစ်ပါတယ်။ ပါဝင်တက်ရောက်ရန် QR code သို့မဟုတ် အောက်ပါလင့်မှ နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSczyHqicnKuZ7PlLlN4bLv14mvFWAuBpzrRb1LSvqC27pH2HQ/viewform
ဆရာအများအပြား ပါဝင်တက်‌ရောက်ကြသည်ကို စောင့်မျှော်နေပါတယ်။ 💪

Notice & Announcements

View All