ဂျပန်ဘာသာစကားလေ့လာနေသူများအတွက်Event:❝IRODORI ဂျပန်ဘာသာစကား အွန်လိုင်းအတန်းကို လက်တွေ့အသုံးပြုကြည့်ကြရအောင်! ❞

  • Aug 8, 2026 ~ Aug 8, 2026
  • 午前10:00~12:00 (ミャンマー時間)
  • The Japan Foundation, Yangon
    No -70, Nat Mauk Lane (1), Bahan Township, Yangon

အားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဘာသာစကားကို ပိုပြီးပျော်ပျော်ရွှင်ရွှင် လေ့လာချင်ကြပါသလား?

ဂျပန်ဖောင်ဒေးရှင်း(JF)မှ ပြုလုပ်ထားတဲ့ အခမဲ့အွန်လိုင်းသင်ထောက်ကူ 『IRODORI』ကို လက်တွေ့အသုံးပြုကြည့်ကြမလား?

နေ့စဥ်နေထိုင်မှုဘဝအတွက် အထောက်အကူပြုတဲ့ ဂျပန်ဘာသာစကားကို စမတ်ဖုန်း၊ ကွန်ပျူတာတို့ဖြင့် ပျော်ပျော်ရွှင်ရွှင်‌ လေ့လာသင်ယူနိုင်ပါတယ်။

တကယ့်စကားပြောဗီဒီယိုဖိုင်များကို ကြည့်ရင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်နိုင်ခြင်းက အဓိကအားသာချက်ဖြစ်ပါတယ်။

အောက်ပါအချက်နဲ့ ကိုက်ညီတဲ့ကျောင်းသား၊သူတွေအတွက် ပိုပြီးသင့်လျော်ပါတယ်။!

  • ဂျပန်နိုင်ငံ နှင့် ဂျပန်ဘာသာစကားကို စိတ်ဝင်စားသူ။
  • စကားပြောများကို ဗီဒီယိုဖြင့်သင်ယူလေ့လာလိုသူများ။
  • သဒ္ဒါများ၊ ဝေါဟာရများ၊ ခန်းဂျိစတာတွေရဲ့ လေ့ကျင့်ခန်းတွေကို များများလုပ်ချင်သူများ။
  • ကိုယ်ပိုင်နှုန်းဖြင့် ဖြေးဖြေးမှန်မှန်လေ့လာလိုသူ။

※အားလုံးကို လွယ်ကူရိုးရှင်းသောမြန်မာဘာသာစကားဖြင့် ရှင်းလင်းဖော်ပြပေးထားတာဖြစ်လို့ အားလပ်ချိန်(အချိန်တိုလေး)တွင်လည်း သင်ယူလေ့လာနိုင်ပါတယ်။
အခုချက်ချင်းပဲ ပါဝင်ဖို့လျှောက်ထားပြီး ဂျပန်ဘာသာစကားကိုများများတတ်မြောက်လာအောင် ကြိုးစားကြရအောင်!

ပါဝင်ကြေးမှာ အခမဲ့ဖြစ်ပါတယ်။

★ စိတ်ပါဝင်စားသူများအနေနှင့် ပွဲရက်မတိုင်ခင်နောက်ဆုံးထား၍ “IRODORI ဂျပန်ဘာသာစကား အွန်လိုင်း   အတန်း”၏ Userစာရင်းသွင်းခြင်းကိုပြုလုပ်ထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

IRODORI ဂျပန်ဘာသာစကား အွန်လိုင်းအတန်း:https://www.irodori-online.jpf.go.jp/

■နေ့ရက်နှင့်အချိန်:၂၀၂၆ခုနှစ်၊ သြဂုတ်လ ၊၈ရက်နေ့ (စနေနေ့)။

မြန်မာစံတော်ချိန် နံနက် ၁၀နာရီမှ နေ့လည်၁၂နာရီအထိ

■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးမှတ်တိုင်-ဗျိုင်းရေအိုးစင်မှတ်တိုင်။

ဘတ်စ်ကားနံပါတ်- ၄၃၊ ၈၀။

■ပါဝင်နိုင်သူများ:ဂျပန်ဘာသာစကားသင်ယူနေသောမြန်မာကျောင်းသား၊သူများ။

■သတ်မှတ်ဦးရေ-:30ဦး။

■Registerလုပ်ရန်Link: 8.8.2026 いろどり日本語オンラインコースを体験してみよう! 申し込みフォーム – Fill out form

■လျှောက်လွှာပိတ်ချိန်:သြဂုတ်လ ၅ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။

*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Available in 日本語 and English.

Notice & Announcements

View All