“ ဂျပန်ဒေသများအကြောင်း လေ့လာကြမယ် — အအိချိ (Aichi) ခရိုင်”

  • Apr 24, 2026 ~ Apr 24, 2026
  • 14:00~15:30
  • The Japan Foundation, Yangon
    No.70, Nat Mauk Lane(1) Bahan Township, Yangon

ဂျပန်နိုင်ငံကို ပညာသင်ဖို့ဖြစ်စေ အလုပ်နဲ့ပဲဖြစ်စေ သွားရောက်မယ့်သူတွေကို  ဂျပန်နိုင်ငံရဲ့ နေရာဒေသတွေနဲ့ ရင်းနှီးနေစေဖို့ ဗဟုသုတရစရာ အနေနဲ့ “ ဂျပန်နိုင်ငံ ဒေသများအကြောင်း” ပွဲလေးတွေကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ စီစဉ်ပေးလျက်ရှိပါတယ်။ ဒီတခါ အလှည့်ကျတာကတော့ အအိချိခရိုင်ပဲဖြစ်ပါတယ်။   

  

အအိချိ ခရိုင်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ နာဂိုယာရဲတိုက်၊ ကမ္ဘာတစ်ဝှမ်း နာမည်ကြီးတဲ့ ကားကုမ္ပဏီရှိတာကြောင့် လူသိများပါတယ်။ ဒီတခါလုပ်မယ့် ပွဲလေးမှာလည်း အအိချိဒေသခံဖြစ်တဲ့ Tom Tom Myanmar ရဲ့ Ms. TOMITA Tomokoမှ ဒီဒေသအကြောင်းကို ရှင်းပြသွားမှာဖြစ်လို့ ဂျပန်နိုင်ငံရဲ့ မတူညီတဲ့ အရပ်ဒေသများမှ ကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ စားဖွယ်တွေအကြောင်း ဗဟုသုတ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်လာသူတွေအနေနဲ့ အအိချိရဲ့ နာမည်ကျော် အစားအစာတစ်ခုဖြစ်တဲ့ oni-manju(鬼まんじゅうကန်းစွန်းဥမုန့်ချို) ကိုလည်း မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

  

ဒီပွဲလေးကို တက်ရောက်ဖို့ စိတ်ပါဝင်စားတယ် ဆိုရင်တော့ လာမယ့်သောကြာနေ့ ဧပြီလ၂၄ ရက်မှာ ပါဝင်တက်ရောက်ဖို့အတွက် အောက်ပါလင့်ကနေ အခမဲ့စာရင်းပေးနိုင်ပါတယ်။ လူဦးရေအကန့်အသတ်ရှိတာကြောင့် အရင်ဆုံးစာရင်းပေးလာသူတွေကို ဦးစားပေးပြီး ဖုန်းနဲ့ ပြန်လည်ဆက်သွယ်သွားမှာဖြစ်ပါတယ်။   

  

စာရင်းပေးရန် – ဂျပန်ဒေသများအကြောင်း လေ့လာကြမယ် — အအိချိခရိုင်”  – Fill out form 

  

နေ့စွဲ – ၂ ဧပြီလ ၂၀၂၆ (သောကြာနေ့)  

  

အချိန် – နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ  

  

သတ်မှတ်လူဦးရေ – ၃၀ဦး  

  

နေရာ – အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ Seminar Room။   

အနီးဆုံးကားမှတ်တိုင် – ဗျိုင်းရေအိုးစဥ်မှတ်တိုင် (ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀) 

  

မှတ်ချက်။ ။ ကားပါကင်မရှိပါ။ 

Notice & Announcements

View All