ဂျပန်ဒေသများအကြောင်းလေ့လာကြမယ် – မီယာဇခိ ခရိုင်

  • Nov 12, 2026 ~ Nov 12, 2026
  • နေ့လည် ၂ နာရီမှ ၃နာရီခွဲအထိ 
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

ဂျပန်နိုင်ငံကို ပညာသင်ဖို့ဖြစ်စေ အလုပ်နဲ့ပဲဖြစ်စေ သွားရောက်မယ့်သူတွေကို  ဂျပန်နိုင်ငံရဲ့ နေရာဒေသတွေနဲ့ ရင်းနှီးနေစေဖို့ ဗဟုသုတရစရာ အနေနဲ့ “ဂျပန်နိုင်ငံ ဒေသများအကြောင်း” ပွဲလေးတွေကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ စီစဉ်ပေးလျက်ရှိပါတယ်။ ဒီတခါ အလှည့်ကျတာကတော့ မီယဇခိ ခရိုင်ပဲဖြစ်ပါတယ်။ 

  

မီယဇခိ ခရိုင်ဟာ ကျူးရှုးဒေသမှာတည်ရှိပြီး အပူပိုင်းဒေသနဲ့ နီးစပ်တဲ့ ရာသီဥတု၊ ကမ်းရိုးတန်းဒေသရှိ ဘုရားကျောင်းများ၊ ဒဏ္ဍာရီဆန်သော သမိုင်းကြောင်းနှင့် ဒေသထွက် အရသာရှိသော အစားအစာများ သဘာဝတောတောင်အလှတွေကြောင့် ကျော်ကြားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ 

ဒီပွဲလေးမှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ မီယဇခိ ဒေသခံ Mr. SUZUKI  Takuma (ကိုထွန်းဇေယျာ) မှ သူ့ရဲ့ မွေးရပ်မြေအကြောင်းကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး မီယာဇာခိဒေသရဲ့ သဘာဝအလှတရားတွေ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ အရသာရှိတဲ့ အစားအစာအကြောင်းတွေ ပြောပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မီယာဇခိ ဒေသရဲ့ ထင်ရှားတဲ့ စားစရာတစ်ခုကိုလည်း မြည်းစမ်းခွင့်ရမှာ ဖြစ်ပါတယ်။ 

  

ဒီပွဲလေးကို တက်ရောက်ဖို့ စိတ်ပါဝင်စားတယ်ဆိုရင် အောက်ပါလင့်ကနေ အခမဲ့စာရင်းပေးတက်ရောက်နိုင်ပါတယ်။ အစောဆုံး စာရင်းပေးသူတွေက ဦးစားပေးတက်ရောက်ခွင့်ရမှာဖြစ်ပြီး တက်ရောက်ခွင့်ရသူတွေကို ဖုန်းနဲ့ ပြန်လည်အတည်ပြုပေးသွားမှာပါ။ 

  

စာရင်းပေးရန်- “ဂျပန်ဒေသများအကြောင်း လေ့လာကြမယ် — မီယာဇခိခရိုင်”   – Fill out form 

 

  • နေ့စွဲ – ၁၂  နိုဝင်ဘာလ ၂၀၂၆ (ကြာသပတေးနေ့) 
  • အချိန် – နေ့လည် ၂ နာရီမှ ၃နာရီခွဲအထိ 
  • သတ်မှတ်လူဦးရေ- ၃၅ ဦး 
  • နေရာ – အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်။ 

အနီးဆုံးကားမှတ်တိုင် – ဗျိုင်းရေအိုးစဥ်မှတ်တိုင် (ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀)  

မှတ်ချက်။ ။ ကားပါကင်မရှိပါ။ 

Notice & Announcements

View All