SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!

အောက်တိုဘာလ ၁ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် “ Visit JFYG” ကို ပထမအကြိမ်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Karutaနှင့် Origami လက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော
Sora Japanese Language Schoolကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စင်တာဖွင့်ရက်များတွင်လည်း ထပ်မံလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင်လစဥ်၊ လအစ ပထမအပတ် (ဗုဒ္ဓဟူးနေ့)တွင် အဖွဲ့အစည်းများအတွက် လေ့လာရေးခရီးစဥ် “ Visit JFYG” ကိုကျင်းပပေးလျက်ရှိပါတယ်။ စိတ်ဝင်စားပါက ဒီလင့်ခ်ကိုနှိပ်ပြီး အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

Notice & Announcements

View All