ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Sep 28, 2019 ~ Sep 28, 2019
(2:00 pm - 3:30 pm)

Nihongo Club
စက်တင်ဘာလ ၂၈ ရက် ( စနေနေ့) နေ့လယ် ၂ နာရီမှ ၃နာရီခွဲအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ Nihongo Club ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။...

Venue : The Japan Foundation, Yangon
No.70, Nat Mauk Lane (1), Bahan Township, Yangon

Oct 1, 2019 (8:30 am - 4:00 pm)

၂၀၁၉ ခုနှစ်ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲကျင်းပခြင်း (မန္တလေး)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ (၁၁) ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ(၂၀၁၉)ကို မန္တလေးတွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအား တတ်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။(ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။) <MANDALAY> 1) နေ့ရက်နှင့်အချိန် :...

Venue : Mandalay University of Foreign Languages
62 St, 22St×23St, Aung Myay Tharzan Township, Mandalay

Oct 3, 2019 (8:30 am - 4:00 pm)

၂၀၁၉ ခုနှစ်ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲကျင်းပခြင်း (ရန်ကုန်)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ (၁၁) ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ(၂၀၁၉)ကို ရန်ကုန်တွင် အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအား တတ်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။(ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်။) <YANGON> 1) နေ့ရက်နှင့်အချိန် :...

Venue : Yangon University of Foreign Languages
No 119/31, University of Avenue Road, Kamayut Township, Yangon

Notice & Announcements

View All