ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Nov 9, 2023 ~ Nov 9, 2023
(10:00 - 1:00 )

【 မြန်မာလူမျိုး ဂျပန်ဘာသာဆရာ၊ ဆရာမများအတွက် Irodori နှင့်ပတ်သက်၍ တစ်နေ့တာသင်ရိုး 】
ဂျပန်ဘာသာဆရာ၊ ဆရာမများအားလုံး မင်္ဂလာပါ! အားလုံးပဲ  "Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား" ဖတ်စာအုပ်အကြောင်းသိရှိပါသလား? "Irodori ဂျပန်တွင်နေထိုင်မှုအတွက် ဂျပန်ဘာသာစကား" ဖတ်စာအုပ်သည် ဂျပန်တွင် အလုပ်သွားလုပ်ရန်နှင့် ပညာတော်သင်သွားရောက်လိုသော...

Venue : The Japan Foundation, Yangon
No. 70, Nat Mauk Lane (1), Bahan Township, Yangon

Oct 5, 2023 (3:30 p.m-5:30 p.m )

[Irodori Circle ~ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံ ၄ နိုင်ငံ၏ အစားအသောက်ယဉ်ကျေးမှုများအကြောင်း ပြောကြရအောင်~]
ミャンマー語 ဂျပန်ဘာသာစကားဆရာ ဆရာမများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ “Irodori Circle” နဲ့မိတ်ဆက်ပေးချင်ပါတယ်။ “Irodori Circle” ဆိုတာဘာလဲ။ “Irodori Circle” ဆိုတာ နိုင်ငံအသီးသီးမှ...

Sep 27, 2023 (10:00 a.m - 11:30 a.m )

ဂျပန်လို ပျော်ပျော်ရွှင်ရွှင် စကားပြောကြရအောင် “ကြိုက်နှစ်သက်တဲ့ဂျပန်အန်နီမေးရှင်း”
(日本語は下にあります) ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။...

Notice & Announcements

View All