ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Aug 21, 2024 (10:00 am - 11:30 am )

ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “海と山”
(日本語は下にあります) ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို...

Venue : The Japan Foundation, Yangon
No. 70, Nat Mauk Lane (1), Bahan Township, Yangon

Aug 10, 2024 ~ Aug 10, 2024
(10:00AM~12:30PM)

ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက်Event:❝Irodori ဂျပန်ဘာသာစကား အွန်လိုင်းအတန်းကို လက်တွေ့အသုံးပြုကြည့်ကြရအောင်! ❞
ဂျပန်ဘာသာစကားကိုလေ့လာသင်ယူနေကြသောကျောင်းသား/သူများအားလုံး မင်္ဂလာပါ။အားလုံးပဲ ဂျပန်ဘာသာစကားလေ့လာရာမှာ အခက်တွေ့ရတဲ့ကိစ္စလေးတွေများ မရှိကြဘူးလား? ဥပမာ-"ဝေါဟာရတွေေ၊ခန်းဂျီတွေ တော်တော်နဲ့မမှတ်မိနိုင်ဘူး"၊ "တစ်ယောက်တည်းလေ့လာနေတာကြောင့် ဂျပန်စကားပြောကျွမ်းကျင်မလာဘူး"စသည်ဖြင့် ဒီလိုမျိုးအကြောင်းအရာတွေမှာ အခက်တွေ့နေကြသူများ ဆက်ဆက် "Irodori ဂျပန်ဘာသာအွန်လိုင်းအတန်း"ကို လက်တွေ့အသုံးပြုကြည့်ကြမလား? Irodori ဂျပန်ဘာသာစကားအွန်လိုင်းအတန်းဟာဆိုရင် ဂျပန်နိုင်ငံရဲ့နေထိုင်မှုဘဝ နဲ့...

Venue : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ  
အမှတ်၇၀၊နတ်မောက်လမ်းသွယ် (၁)၊ဗဟန်းမြို့နယ်၊ရန်ကုန် 

Jan 15, 2025 ~ Feb 21, 2025

၀၂၄ ခုနှစ် ကျွမ်းကျင်လုပ်သားစနစ်ဖြင့် ဂျပန်နိုင်ငံသို့လာရောက်လိုသူများအား ဂျပန်စာသင်ကြားပေးနေသော ဆရာ၊ ဆရာမအတွက် သင်ကြားနည်းပရိုဂရမ် (အွန်လိုင်းပရိုဂရမ်)လျှောက်လွှာလက်ခံခြင်း
国際交流基金では、「2024年度特定技能制度による来日希望者のための日本語教授法研修(オンライン研修)」への申請を受け付けています。本研修は、「特定技能」制度を利用して日本で就労したい学習者を対象に授業を行っている日本語教育機関の教師が、生活や就労のために必要な日本語の教授能力を向上させることを目的に実施します。研修の概要は以下の通りです。   期間 :2025 年 1 月 15 日(水)~2025 年 2 月 21 日(金)(予定) 形式:オンライン(ライブ授業は全6回)...

Notice & Announcements

View All