art and culture exchange

ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်ခြင်း

အနုပညာနှင့် နေ့စဉ်လူနေမှုဘဝများမှတစ်ဆင့် လေးနက်သော ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးနှင့် လူမှုအသိတရား စံနှုန်းထားများကို လေ့လာနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးခြင်း

စက္ခုဆိုင်ရာ ရသအာရုံများ ပေးစွမ်းသော fine arts ပန်းချီ၊ ဓာတ်ပုံ ဖန်တီးမှုများ၊ သဘင်၊ စာပေ၊ ရုပ်ရှင်၊ အစားအသောက်၊ ဖက်ရှင် အစရှိသည့် အနုပညာနှင့် ယဉ်ကျေးမှုသည် မတူညီသော တန်ဖိုးများ၊ အတွေးအခေါ်များကို ဖြစ်ပေါ်လာစေသည်။ ၄င်းတို့သည် လူတို့ မည်သို့မည်ပုံ ပြုမူတွေးခေါ်ကြသည်၊ မတူညီသော ဘာသာစကားနှင့် အစွဲများကို ကျော်လွန်ပြီး အပြန်အလှန်နားလည်မှုကို မည်သို့ တည်ဆောက်ကြသည်ကို သိမြင်စေသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှလူများ ဂျပန်ယဉ်ကျေးမှုနှင့် အနုပညာကို သိမြင်ခံစားနိုင်စေရန်အတွက် အနုပညာရှင်များကို ထောက်ပံ့ပေးခြင်း၊ အနုပညာလက်ရာများကို ပြသခြင်းနှင့် နိုင်ငံတကာ အနုပညာကွန်ယက်များနှင့် ချိတ်ဆက်ခြင်းတို့ဖြင့် များစွာသော အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိပါသည်။

လှုပ်ရှားမှုများ

Sep 26, 2026 ~ Sep 27, 2026
(၁၃:၃၀နာရီ မှ ၁၆:၀၀ နာရီ)

“ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း” ကျင်းပမည်ဖြစ်ကြောင်း အသိပေးချက်
ဂျပန်ဖောင်ဒေးရှင်း (JF) သည် ဂျပန်နိုင်ငံ၏ မန်ဂယဉ်ကျေးမှုနှင့် နိုင်ငံခြားယဉ်ကျေးမှုများကို သုတေသနပြုလုပ်ခြင်း၏ စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများကို အဓိကအကြောင်းအရာအဖြစ် ထားရှိသည့် " ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့်...

Venue : စက်တင်ဘာလ ၂၆ ရက် (စနေနေ့)@Yangon Book Plaza
https://maps.app.goo.gl/ijDDWd2aUNgNFZMZ9

စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့)@ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်‌ကျေးမှုစင်တာ
https://maps.app.goo.gl/JyXaAKbsKDxYfb4K9

Aug 1, 2026 ~ Aug 2, 2026
(10:00am~3:30pm (Last entry 15:00))

ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် Japan Culture & Education Fair 2026 မှာ ဂျပန်အငွေ့အသက်လေးတွေကို အတူတူခံစားကြရ‌အောင်!
The Japan Foundation Yangon (JFYG) သည် License Academy Co., Ltd.၊ မြန်မာနိုင်ငံ ဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) တို့နှင့် ပူးပေါင်းပြီး...

Venue : Meliá Yangon (Inya Ballroom及びFunction Room 1)

Jul 10, 2026 ~ Jul 10, 2026
(9:00AM~10:30 AM (1st section) 10:30AM~12:00 PM (2nd section) )

တနဘတ နှင့် ယုကတပွဲတော်
ဂျပန်နိုင်ငံမှာ နှစ်စဥ် ၇ပိုင်း ၇ရက်နေ့ဟာ တနဘတ(七夕)ကြယ်တာယာပွဲတော်နေ့ဖြစ်ပါတယ်။ ပွဲတော်နေ့မှာ tanzaku(短冊) လို့ခေါ်တဲ့ ဆုတောင်းစာလေးတွေ ရေးပြီး ဝါးပင်မှာ ချိတ်ဆွဲပြီး အလိုရှိရာကို ဆုတောင်းကြပါတယ်၊။ ထိုပွဲတော်လေးပေါ်ပေါက်လာစေတဲ့...

Venue : The Japan Foundation, Yangon
No. 70, Nat Mauk Lane 1, Bahan Township, Yangon
Bus Routes: 43, 64, 80 (Byain Yay Oh Sin Bus Stop)

ဗီဒီယိုများ

“ဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမာနှင့် ဂျပန်လိုပြောကြရအောင်” ဗွီဒီယို အစအဆုံး / オンライン交  流イベント「丸山大使と日本語で話そう!」完全ヴァージョン

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ သည် ၂၀၂၀ခုနှစ် ဇွန်လ ၃၀ရက်နေ့ (အင်္ဂါနေ့)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မာရုယာမ အိချိရောနှင့် ဂျပန်ဘာသာလေ့လာသင်ယူနေသူ ၁၁ဦးတို့ပါဝင်သော အွန်လိုင်းမှ နှီးနှောဖလှယ်သည့် “ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမနဲ့ ဂျပန်လိုပြောကြရအောင်” အစီအစဥ်အား ကျင်းပခဲ့ပါသည်။ ထိုအစီအစဉ်အား မြန်မာစာတန်းထိုးဖြင့် တင်ဆက်ပေးသွားပါမည်။ ၁ နာရီ ၁၉ မိနစ်ကြာ အစီအစဉ်အစအဆုံးအား ကြည့်ရှုခံစားနိုင်ပါသည်။

“Gagaku” ဂျပန်နန်းတွင်းတေးဂီတအကြောင်းမိတ်ဆက် Video

ဂီတကို လူသားတွေရဲ့ စိတ်နှလုံးဝိညာဥ်ဟု တင်စားခေါ်ဆိုကြလျှင် “Gagaku” (ဂဂခု) လို့ခေါ်တဲ့ ဂျပန်နန်းတွင်းတေးဂီတကို ရှေးခေတ်ဂျပန်ပြည်၏ နှလုံးသည်းပွတ် စိတ်နှလုံးဝိညာဥ်ဟုခေါ်ရမည် ဖြစ်ပါသည်။ ဂျပန်နန်းတွင်းဂီတအကြောင်းကို အောက်ပါ video တွင် ကြည့်ရှုနားဆင်ကြရအောင်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “Gagaku” ဂျပန်နန်းတွင်းဂီတ ပညာရှင် မစ္စတာ ယာမဒါ ဖုမိဟိကိုနှင့် အဖွဲ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့ ဖိတ်ခေါ်ခဲ့ပါသည်။ နန်းတွင်းဂီတအဖွဲ့သည် Myanm/art တွင် “The sound of thousand years” အမည်ဖြင့် ဂျပန်နန်းတွင်းတေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ရန်ကုန်အမျိုးသားအနုပညာတက္ကသိုလ်တွင် “ယနေ့ခေတ်တွင် ရိုးရာတေးဂီတကို ဖျော်ဖြေတီးခတ်ခြင်း” ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ယခု video တွင် မစ္စတာ ယာမဒါနှင့် ဂျပန်နန်းတွင်းဂီတအဖွဲ့မှ “Gagaku” နန်းတွင်းဂီတအကြောင်း၊ နန်းတွင်းဂီတတီးခတ်ရာတွင် အသုံးပြုသော တူရိယာများနှင့် ၄င်းတို့၏ သမိုင်းကြောင်းကို အကျဥ်းချုံး မိတ်ဆက်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ယခုမိတ်ဆက် video အပြီး နောက်ပိုင်းမှာ မစ္စတာ ယာမဒါနှင့်အဖွဲ့ တီးခတ်ဖန်တီးထားသည့် နန်းတွင်းတေးဂီတ သီချင်းအချို့ကိုလည်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင် တင်ဆက်ဝေမျှပေးသွားမည်ဖြစ်ပါသဖြင့် စောင့်မျှော်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Notice & Announcements

View All