ထောက်ပံ့ကြေးပေးအပ်သော အစီအစဉ်များ

၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ကြေးပေးအပ်သော အစီအစဉ်များကြေညာခြင်း

ဂျပန်ဖောင်ဒေးရှင်းသည် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် အခွင့်အလမ်းများ၊ အသုံးတည့်သော ယဉ်ကျေးမှုပစ္စည်းများ၊ ပွဲနေရာများ အစရှိသည်တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။

  • ဂျပန်ယဉ်ကျေးမှု၊ အနုပညာနှင့် သက်ဆိုင်သော ပြပွဲ၊ ဖျော်ဖြေမှုများကို ပါဝင်ပြုလုပ်လျက်ရှိသူများကို ထောက်ပံ့ကြေးပေးအပ်ခြင်း
  • ဂျပန်ယဉ်ကျေးမှုဖလှယ်ရေး စီမံကိန်းများကို ပြုလုပ်နေသူများနှင့် အမြတ်အစွန်းမယူသော အဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်း
  • ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ဆရာမများကို စွမ်းရည်မြှင့်တင်ပေးသည့် အစီအစဉ်များတွင် ထောက်ပံ့ပေးခြင်း
  • ဂျပန်ရေးရာလေ့လာရေးအစီအစဉ်များကို ဆောင်ရွက်နေသော တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်း
  • နိုင်ငံတကာမှ တူညီသော အခက်အခဲများကို ဆွေးနွေးအဖြေရှာခြင်းနှင့်၊ အနာဂါတ်တွင် ဆွေးနွေးအဖြေရှာနိုင်ပြီး အရေးပါသည့် ဦးဆောင်လှုပ်ရှားမှုများ ဆောင်ရွက်လာနိုင်ရန်ရည်ရွယ်သည့် လူသားရင်းမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များတွင် ထောက်ပံ့ပေးခြင်း

 

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်မှပြုလုပ်သော အစီအစဉ်များ :၂၀၂၇ ဘဏ္ဍာရေးနှစ် ထောက်ပံ့မှုအစီအစဉ်များအတွက် လျှောက်လွှာခေါ်ယူလျက်ရှိပါသည်။

https://www.jpf.go.jp/e/program/

လျှောက်ထားမှုများကို ဂျပန်ဖောင်ဒေးရှင်း၏ အွန်လိုင်းမှလျှောက်ထားရမည့် ဝက်ဘ်ဆိုဒ်  (https://www.apply.jpf.go.jp)  မှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၏ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ ခွဲ(ဂျပန်စံတော်ချိန် နေ့လယ် ၁ နာရီ) နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်

 

၁။ ယဉ်ကျေးမှုနှင့်အနုပညာဖလှယ်ရေး (ယဉ်ကျေးမှု)

 

(၁) အာရှဒေသအတွင်း အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ Japan Foundation Fellowship အစီအစဉ 

Fellowship အစီအစဉ်သညအနုပညာနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွငလုပ်ကိုင်ဆောင်ရွက်နေသူများအတွကမိမိတို့နေထိုင်ရာနိုင်ငံပြင်ပတွငသတ်မှတ်ထားသည့် ကာလတစ်ခုအတွင်း သုတေသနပြုလုပ်ခြင်းဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းပူးပေါင်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်းနှင့် ပညာရှင်ကွန်ရက်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်ရနအပြန်အလှနအခွင့်အလမ်းများ ပံ့ပိုးပေးပါသည်။ အဆိုပအပြန်အလှန်ဖလှယ်မှုများမှတစ်ဆင့် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ရန်၊ နယ်ပယ်စုံ လူမှုလူသားကွန်ရက်များကို ပိုမိုခိုင်မာစေရန်နှင့် နယ်ပယ်အသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဖန်တီးမှုများကို ဦးဆောင်နိုင်မည့် မျိုးဆက်သစ်ပညာရှင်များ ပေါ်ထွန်းလာစေရနရည်ရွယ်ပါသည်။ 

လျှောက်ထားနိုင်သူများ 

အနုပညာနှင့် ယဉ်ကျေးမှုနယ်ပယ်များဖြစ်သည့် Visual Arts၊ Performing Arts၊ ဂီတ၊ စာပေ၊ ရုပ်ရှင်၊ လူနေမှုယဉ်ကျေးမှုနှင့် အားကစားစသည့် နယ်ပယ်များတွင် သုတေသနနှင့် လေ့လာမှု၊ ဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ ပညာရှင်ကွန်ရက်တည်ဆောက်ရေး စီမံကိန်းများ စသည့် လှုပ်ရှားမှုများကို လျှောက်ထားနိုင်ပါသည်။ ဂျပန်နိုင်ငံ သို့မဟုတ် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအနက် တစ်နိုင်ငံတွင် နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူဖြစ်သည့် အနုပညာရှင်များ၊ သုတေသီများ၊ ပြတိုက်မှူးများ၊ ပရိုဂျူဆာများနှင့် သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ကိုင်နေသူများ လျှောက်ထားနိုင်ပါသည်။ Fellowship ကာလအတွင်း မိမိနေထိုင်ရာနိုင်ငံပြင်ပတွင် သတ်မှတ်ထားသည့် ကာလတစ်ခုအထိ သွားရောက်ဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။ 

 

(၂) Ishibashi Foundation/The Japan Foundation Fellowship for Research on Japanese Art 

အိရှိဘရှိဖောင်ဒေးရှင်း/ဂျပန်ဖောင်ဒေးရှင်း ဂျပန်အနုပညာ သုတေသန Fellowship အစီအစဉ် 

ဤအစီအစဉ်သည် နိုင်ငံခြားမှ ပြတိုက်မှူးများနှင့် သုတေသီများအနေဖြင့် ဂျပန်နိုင်ငံတွင် သုတေသနပြုလုပ်နိုင်ရန် အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းအားဖြင့် ဂျပန်နိုင်ငံ၏ Visual Arts ဆိုင်ရာ လေ့လာရေး၊ သုတေသနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်ပါသည်။ ထိုသို့ ပံ့ပိုးပေးခြင်းမှတစ်ဆင့် ဂျပန်အနုပညာလေ့လာသုတေသန နယ်ပယ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဂျပန်အနုပညာများကို နိုင်ငံခြားတွင် ပိုမိုမိတ်ဆက်ဖြန့်ချိနိုင်ရန် ရည်ရွယ်ပါသည်။ 

လျှောက်ထားနိုင်သူများ 

ဂျပန်နိုင်ငံပြင်ပတွင် နေထိုင်ပြီး သတ်မှတ်ထားသော နယ်ပယ်နှင့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသည့် ပြတိုက်မှူးများ၊ သုတေသီများ၊ ပညာပေးသူများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်များနှင့် သက်ဆိုင်ရာပညာရှင်များ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည် ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံ၏ နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူဖြစ်ရမည်၊ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်ရမည်၊ ဂျပန်ဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရမည်၊ Fellowship ကာလတစ်လျှောက် ဂျပန်နိုင်ငံတွင် ဆက်တိုက်နေထိုင်နိုင်ရမည်ဖြစ်ပါသည်။ ထို့အပြင် မိမိနိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိရ၊ Japan Foundation ၏ အခြားထောက်ပံ့ကြေးအစီအစဉ်များတွင် တစ်ပြိုင်နက် လျှောက်ထားခြင်းမရှိရပါ။ ယခင် Japan Foundation Fellowship ရရှိဖူးသူများအနေဖြင့် နောက်ဆုံး Fellowship ပြီးဆုံးသည့်နေ့မှ ၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ သုံးနှစ်ပြည့်ပြီးမှသာ ပြန်လည်လျှောက်ထားနိုင်ပါသည်။ သုတေသနသည် ဘာသာရေး သို့မဟုတ် နိုင်ငံရေးရည်ရွယ်ချက်များအတွက် မဖြစ်ရပါ။ 

 

(၃) Support Program for Translation and Publication 

ဘာသာပြန်ဆိုထုတ်ဝေခြင်းအတွက် ထောက်ပံ့ရေး အစီအစဉ် 

ဤအစီအစဉ်သည် မူလဂျပန်ဘာသာဖြင့် ရေးသားထုတ်ဝေထားသော စာပေလက်ရာများကို ဘာသာပြန်ဆို၍ နိုင်ငံခြားတွင် ထုတ်ဝေရန် ရည်ရွယ်ထားသည့် နိုင်ငံခြားထုတ်ဝေရေးလုပ်ငန်းများအား တစိတ်တပိုင်း ငွေကြေးထောက်ပံ့မှုပေးရန် ရည်ရွယ်သည့် အစီအစဉ်ဖြစ်ပါသည်။ နိုင်ငံခြားထုတ်ဝေရေးလုပ်ငန်းများအနေဖြင့် ဂျပန်စာပေလက်ရာများကို ဘာသာပြန်ဆို၍ ထုတ်ဝေခြင်းအား အားပေးမြှင့်တင်ခြင်းမှတစ်ဆင့် ဂျပန်ယဉ်ကျေးမှုအပေါ် ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပါသည်။ 

ထောက်ပံ့ငွေတွင် ဘာသာပြန်ဆိုခြင်းနှင့် ထုတ်ဝေခြင်းအတွက် ကုန်ကျစရိတ်များ၏ တစိတ်တပိုင်းကို ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ဥပမာအားဖြင့် စက္ကူဖိုး၊ စာစီစာရိုက်ကုန်ကျစရိတ်၊ ပုံနှိပ်ပြားပြုလုပ်ခ၊ ပုံနှိပ်ခနှင့် စာအုပ်ချုပ်လုပ်ခ စသည့် ကုန်ကျစရိတ်များ ပါဝင်လျှောက်ထားနိုင်ပါသည်။ 

လျှောက်ထားနိုင်သူများ 

မြန်မာအပါအဝင် ဂျပန်နိုင်ငံပြင်ပမှ စာပေထုတ်ဝေရေးလုပ်ငန်းများ 

 

၂။ နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကြားရေး [ဘာသာစကား]

 

() ဂျပန်ဘာသာသင်ကြားရေးပြုလုပ်လျက်ရှိသော အဖွဲ့အစည်းများအတွက် ထောက်ပံ့ခြင်း

(ထောက်ပံ့ကြေးပေးအပ်ခြင်း) 

ဤအစီအစဉ်သည် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကျောင်းများနှင့် အဖွဲ့အစည်းများ မိမိနိုင်ငံတွင်  ဂျပန်ဘာသာသင်ကြားရေးဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည့်အစီအစဉ်များပြုလုပ်ခြင်းအတွက်  ကုန်ကျမည့် စရိတ်၏ တစိတ်တပိုင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ 

လျှောက်ထားနိုင်သူများ 

နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကျောင်းများနှင့် အဖွဲ့အစည်းများ (ဂျပန်ဘာသာဆရာများအသင်း၊ အဖွဲ့အစည်းများလည်း အကျုံးဝင်သည်)။  

 

() ဂျပန်ဘာသာသင်ဆရာများအတွက် သင်တန်းအစီအစဉ်များ 

ဤအစီအစဉ်သည် The Japan Foundation Japanese-Language Institute, Urawa (JFJLI, Urawa) မှ နိုင်ငံရပ်ခြားတွင် ဂျပန်ဘာသာသင်ကြားနေသည့်ဆရာများအတွက် ဂျပန်နိုင်ငံ (စိုင်းတမခရိုင်) တွင် ဂျပန်ဘာသာသင်ကြားရေးပိုင်းဆိုင်ရာသင်တန်းအစီအစဉ်များကို သင်ကြားပို့ချခြင်းဖြစ်သည်။ 

 အစီအစဉ်တစ်ခုချင်းစီ၏ သတ်မှတ်စံနှုန်းများ၊ အချိန်ကာလနှင့် သင်တန်းအကြောင်းအရာများမှာ ကွဲပြားပါသည်။ 

 

ဂျပန်ဘာသာသင်ဆရာများအတွက် အခြေခံသင်တန်းအစီအစဉ် 

ဤအစီအစဉ်သည် လုပ်သက်နုသေးသော ဂျပန်ဘာသာသင်ဆရာများ ဂျပန်ဘာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်တိုးတက်လာစေရန်၊ သင်ကြားရေးနည်းလမ်းများကို သိရှိနားလည်စေရန်နှင့် ဂျပန်နိုင်ငံအကြောင်းကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်စေရန် ရေးဆွဲထားသော လခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ 

လျှောက်ထားနိုင်သူများ 

၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဂျပန်ဘာသာသင်ကြားသည့် စာသင်နှစ် ၆ လနှင့်အထက်ရှိပြီး ၅ နှစ်မပြည့်သေးသူများ (တစ်ဦးချင်းအားသီးသန့်သင်ကြားခြင်းနှင့် သင်ကြာရေးအလုပ်သင်ကာလများမပါ)  

– N4 သို့မဟုတ် JF Standard A2နှင့်အထက်ရှိသူများ 

 

ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာစကားအစီအစဉ် 

ဤအစီအစဉ်သည် ဂျပန်ဘာသာသင်ဆရာတစ်ယောက်အနေဖြင့် မရှိမဖြစ်လိုအပ်သော ဂျပန်ဘာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်မြင့်တက်လာစေရန် ရည်ရွယ်သော ပတ်ခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းများနှင့်ပတ်သက်သည့် သင်ခန်းစာများ သင်ကြားမည်မဟုတ်ပါ။ 

လျှောက်ထားနိုင်သူများ 

၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဂျပန်ဘာသာသင်ကြားသည့် စာသင်နှစ် ၆ လနှင့်အထက်ရှိသူများ 

 (တစ်ဦးချင်းအားသီးသန့်သင်ကြားခြင်းနှင့် သင်ကြာရေးအလုပ်သင်ကာလများမပါ)  

– N5~N4 သို့မဟုတ် JF Standard A2 ရှိသူများ (N3 သို့မဟုတ် JF Standard B1နှင့်အထက်ရှိသူများလျှောက်၍မရပါ 

-၂၀၂၁ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ၁ လ နှင့်အထက် ဂျပန်နိုင်ငံရှိ ဂျပန်‌ဖောင်ဒေးရှင်းနှင့် ဂျပန်တက္ကသိုလ်တွင် ဂျပန်ဘာသာသင်ဆရာများအတွက်သင်တန်းကို သွားရောက်တက်ရောက်ဖူးသူမဖြစ်ရ   

 

ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းအစီအစဉ် 

ဤအစီအစဉ်သည် သင်ကြားရေးနည်းလမ်းများတိုးတက်လာရန် ရေးဆွဲထားသော ပတ်ခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်ကို ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နွေရာသီကာလတွင်သာ ပြုလုပ်မည်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာစကားလက်တွေ့သုံးစွဲမှု စွမ်းရည်တိုးတက်ရန်ရည်ရွယ်သည့်ဂျပန်ဘာသာစကားသင်ခန်းစာများ သင်ကြားမည်မဟုတ်ပါ။ 

လျှောက်ထားနိုင်သူများ 

-၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဂျပန်ဘာသာသင်ကြားသည့် စာသင်နှစ် ၅ နှစ်နှင့်အထက်ရှိသူများ (တစ်ဦးချင်းအားသီးသန့်သင်ကြားခြင်းနှင့် သင်ကြာရေးအလုပ်သင်ကာလများမပါ)  

– N3 သို့မဟုတ် JF Standard B1နှင့်အထက်ရှိသူ 

-၂၀၂၁ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ၁ လ နှင့်အထက် ဂျပန်နိုင်ငံရှိ ဂျပန်‌ဖောင်ဒေးရှင်းနှင့် ဂျပန်တက္ကသိုလ်တွင် ဂျပန်ဘာသာသင်ဆရာများအတွက်သင်တန်းကို သွားရောက်တက်ရောက်ဖူးသူမဖြစ်ရ   

 

— နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်အားလက်ခံရန် ဂျပန်စာသင်ကြားပေးနေသော ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းအစီအစဉ် (သင်ကြားရေးပိုင်းဆိုင်ရာ) 

ဤအစီအစဉ်သည် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစနစ်နှင့်  Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့လာရောက်လိုသူများအား ဂျပန်စာသင်ကြားပေးနေသော နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်တန်းကျောင်းနှင့် အဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ ဂျပန်ဘာသာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်မြင့်မားလာစေရန်နှင့် ဂျပန်အကြောင်းအရာ၊ လူမှုယဉ်ကျေးမှုတို့အား ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာ‌စေရန် သင်ကြားပေးသော ပတ်ခန့်ကြာသင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းများနှင့်ပတ်သက်သည့် သင်ခန်းစာများ သင်ကြားမည်မဟုတ်ပါ။ 

လျှောက်ထားနိုင်သူများ 

၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဂျပန်ဘာသာသင်ကြားသည့် စာသင်နှစ် ၁ နှစ်နှင့်အထက်ရှိသူ 

(တစ်ဦးချင်းသီးသန့်သင်ကြားခြင်းနှင့် သင်ကြာရေးအလုပ်သင်ကာလများမပါ)  

– N5N4 သို့မဟုတ် JF Standard A2 ရှိသူ (N3 သို့မဟုတ် JF Standard B1နှင့်အထက်ရှိသူများလျှောက်၍မရပါ 

၂၀၂၀ခုနှစ် ဧပြီလ နောက်ပိုင်းတွင် The Japan Foundation Japanese-Language Institute, Urawa (JFJLI, Urawa)နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်အားလက်ခံရန် ဂျပန်စာသင်ကြားပေးနေသော ဂျပန်ဘာသာသင်ဆရာများအတွက် “သင်ကြားရေးပိုင်းဆိုင်ရာ” သို့မဟုတ် “ဂျပန်ဘာသာစကားပိုင်းဆိုင်ရာ” အစီအစဉ်အား သွားရောက်တက်ရောက်ဖူးသူမဖြစ်ရ 

 

() ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်ရှိ ပညာရှင်များအတွက်အစီအစဉ် 

ဤအစီအစဉ်သည်  သုတေသီများ၊ ဘွဲ့လွန်ကျောင်းသားများ၊ စာကြည့်တိုက်မှူးများ၊ ပြတိုက်နှင့်အနုပညာပြတိုက်မှူးများ စသည့် မိမိတို့၏ အထူးပြုပညာရပ်နယ်ပယ်များနှင့် သုတေသနလုပ်ရှားဆောင်ရွက်မှုများ အဆင်ပြေချောမွေ့ရန်အတွက် ဂျပန်ဘာသာကျွမ်းကျင်မှုလိုအပ်သော ပညာရှင်များအား ထောက်ပံ့ရန်ရည်ရွယ်ချက်သည့် အစီအစဉ်ဖြစ်သည်။ The Japanese-Language Institute, Kansai တွင် လက်တွေ့ကျသည့် ဂျပန်ဘာသာစကားများသင်ကြားပေးခြင်းနှင့်  မိမိတို့၏ သုတေသနလုပ်ငန်းများ၊ သက်ဆိုင်ရာအထူးပြုနယ်ပယ်များတွင်လက်တွေ့အသုံးချစေခြင်းဖြင့် ဂျပန်ဘာသာစကားအရည်အချင်း တိုးတက်လာရန် သင်ကြားပို့ချမည့် အစီအစဉ်ဖြစ်သည်။ 

၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လကြာသင်တန်းသာ သင်ကြားပို့ချသွားမည်ဖြစ်သည်။ 

 

အထက်ပါအစီအစဉ်၏ program guideline နှင့် လျှောက်လွှာဖောင်များရယူရန် 

The Japan Foundation – Japanese-Language Education Overseas [Language] 

 

၃။ ပြည်ပရှိဂျပန်ရေးရာလေ့လာရေးနှင့် နိုင်ငံတကာဆွေးနွေးခြင်း  [အပြန်အလှန်ဆွေးနွေးခြင်း]

 

() JF-JSA-ASEAN သုတေသနဆိုင်ရာထောက်ပံ့ခြင်းအစီအစဉ် 

မျိုးဆက်သစ်လူစွမ်းအားအရင်းအမြစ်သစ်များပြုစုပျိုး‌ထောင်ခြင်းဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံအကြား ခိုင်မာတည်မြဲသောဆက်ဆံမှုနှင့် ယုံကြည်မှုကိုတည်ဆောက်လိုသောရည်ရွယ်ချက်ဖြင့် အရှေ့တောင်အာရှနိုင်ငံဂျပန်ရေးရာလေ့လာရေးအဖွဲ့အစည်း (Japanese Studies Association in Southeast Asia (JSA-ASEAN))၏ ထောက်ပံ့မှုဖြင့် အရှေ့တောင်အာရှရှိ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ သုတေသီများ ဂျပန်နိုင်ငံသို့သွားရောက်၍ သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်း၊ နယ်ပယ်ဆိုင်ရာနှီးနှောဖလှယ်ခြင်းများ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ကူညီသည့်အစီအစဉ်ဖြစ်သည်။ 

လျှောက်ထားနိုင်သူများ  

အရှေ့တောင်အာရှနိုင်ငံတွင် လူမှုဘာသာရပ်နှင့် လူမှုသိပ္ပံဘာသာရပ် နယ်ပယ်တွင် ဂျပန်နိုင်ငံနှင့်သက်ဆိုင်သောသုတေသနများကိုပြုလုပ်နေသော ပါရဂူအတန်းတက်ရောက်နေပြီး သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းစာသင်နှစ်များကို ပြီးမြောက်ပြီးစီး ဘာသာရပ်ပိုင်းဆိုင်ရာစာတမ်းပြုစုရန် ဂျပန်နိုင်ငံသို့  ၄ လမှာ ၁ နှစ်အကြာ သွားရောက်၍ သုတေသန/ စစ်တမ်းကောက်ယူရန် လိုအပ်ချက်ရှိသူများ 

အရှေ့တောင်အာရှနိုင်ငံရှိ အဖွဲ့အစည်းတွင် တာဝန်ထမ်း‌ဆောင်နေပြီး ဂျပန်နိုင်ငံနှင့်ပတ်သက်သည့်သုတေသနများကိုပြုလုပ်နေသော ပါရဂူဘွဲ့ရသုတေသီများ သို့မဟုတ် ပါရဂူဘွဲ့နှင့်ညီမျှသော လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပြီး လူမှုဘာသာရပ်နှင့် လူမှုသိပ္ပံဘာသာရပ် နယ်ပယ်မှ ဂျပန်နိုင်ငံနှင့်သက်ဆိုင်သောသုတေသနများကိုပြုလုပ်ရန်  ဂျပန်နိုင်ငံတွင် ကာလတို(၂၁ ရက်မှ ၈၉ ရက်အကြား) သို့မဟုတ် ကာလရှည် (၄ လ မှ ၁ နှစ်ကြာ) အချက်အလက်များစု‌ဆောင်းခြင်း၊ စစ်တမ်းကောက်သုတေသနပြုစုခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများပြုလုပ်လိုသူများ  

 

(မျိုးဆက်သစ်ပညာရှင်များနှင့်အတူ အနာဂတ်ကို ပူးပေါင်းဖန်တီးခြင်းဖြင့် သုတေသနကွန်ရက်ခိုင်မြဲစေမည့် ထောက်ပံ့ခြင်းအစီအစဉ် 

မျိုးဆက်သစ်ပညာရှင်လူစွမ်းအားအရင်းအမြစ်သစ်များပြုစုပျိုး‌ထောင်ခြင်းဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံအကြား ခိုင်မာတည်မြဲသောဆက်ဆံမှုနှင့် ယုံကြည်မှုကိုတည်ဆောက်လိုသောရည်ရွယ်ချက်ဖြင့် ဂျပန်ရေးရာလေ့လာရေးဆိုင်ရာများ ပြုလုပ်လျက်ရှိသော အရှေ့တောင်အာရှနိုင်ငံများမှ အဖွဲ့အစည်းများအား ကုန်ကျစရိတ်၏ တစိတ်တပိုင်းကိုထောက်ပံ့သည့်အစီအစဉ်ဖြစ်သည်။ 

လျှောက်ထားနိုင်သူများ  

-အရှေ့တောင်အာရှနိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များကဲ့သို့သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ 

 ဂျပန်‌ဖောင်ဒေးရှင်းသည် အခြားသောအဖွဲ့အစည်းများနှင့်လည်း ဂျပန်ရေးရာလေ့လာရေးနှင့်ပတ်သက်သည့် ထောက်ပံ့မှုအစီအစဉ်များကိုပြုလုပ်လျက်ရှိပါသည်။ အသေးစိတ်ကို အောက်ပါဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

 

(၃) Visiting Fellowship (Inbound) [WA 2.0] 

* ၂၀၂၇ ဘဏ္ဍာနှစ်အတွက် လျှောက်ထားမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ 

 

(၄) Grant Program for Japan-ASEAN Global Partnership [WA 2.0] 

* ၂၀၂၇ ဘဏ္ဍာနှစ်အတွက် လျှောက်ထားမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ 

※ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရုံးသို့ အီးမေးလ် သို့မဟုတ် စာရွက်စာတမ်းများပေးပို့လျှောက်ထားမှုများကို လက်ခံမည်မဟုတ်ပါ။ 

 

(၅) JF-GJS သုတေသနထောက်ပံ့ခြင်းအစီအစဉ် 

ဤအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်ရေးရာလေ့လာရေးကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်ဖောင်ဒေးရှင်းနှင့် The Institute for Advanced Studies on Asia of the University of Tokyo (Tobunken) မှပူးပေါင်း၍ ဂျပန်ရေးရာလေ့လာ‌ရေးနယ်ပယ်ရှိ post-doctoral သုတေသီများ ဂျပန်နိုင်ငံရှိ Tobunken တွင် သုတေသနလုပ်ငန်းများလုပ် လုပ်ဆောင်ခြင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲနှင့်ဟောပြောပွဲများကျင်းပခြင်းဖြင့် ပရောဂျက်ဦးဆောင်သူအဖြစ် အတွေ့အကြုံများရယူနိုင်ရန်၊ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးခြင်းတွင်ပါဝင်ခဲ့သူများနှင့် ကွန်ရက်သစ်ကိုဖွဲ့စည်းပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများကိုလည်း ရည်ရွယ်သည်။ 

2027 JF-GJS Fellowship Program Application Guidelines and Instructions (JF-GJSフェローシップ・プログラム募集要項) | Networking | GAS: Global Asian Studies 

 

(၆) JF-Nichibunken သုတေသနထောက်ပံ့ခြင်းအစီအစဉ် 

ဤအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်ရေးရာလေ့လာရေးကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်ဖောင်ဒေးရှင်းနှင့် The International Research Center for Japanese Studies, National Institutes for the Humanities (Nichibunken) မှပူးပေါင်း၍ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ post-doctoral သုတေသီများ ဂျပန်နိုင်ငံရှိ Nichibunkenတွင် သုတေသနလုပ်ငန်းများလုပ် လုပ်ဆောင်ခြင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲနှင့်ဟောပြောပွဲများကျင်းပခြင်းဖြင့် ပရောဂျက်ဦးဆောင်သူအဖြစ် အတွေ့အကြုံများရယူနိုင်ရန်၊ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးခြင်းတွင်ပါဝင်ခဲ့သူများနှင့် ကွန်ရက်သစ်ကိုဖွဲ့စည်းပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများကိုလည်း ရည်ရွယ်သည်။ 

FellowshipsInternational Research Center for Japanese Studies (Nichibunken) 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

*လျှောက်လွှာ လျှောက်ထားရန်ဝက်ဘ်ဆိုဒ်အသုံးပြုပုံကို အောက်ပါ ဗီဒီယိုများကို ကြည့်ရှုပေးပါရန်။  

Grant Program Application ①How to create an account for the online application portal:  https://youtu.be/8rtwnqsO-rE?si=CATZAm9_MzDQzB9c 

Grant Program Application ②How to prepare your application documents: https://youtu.be/P5jzsQEGigM?si=oIDpQEqGU6Dt8OSr 

Grant Program Application ③How to upload application documents: https://youtu.be/zm4F_f3d6pQ?si=c5z0n4E5X2LPPXu1 

 

ဤပရိုဂရမ်နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ ဆက်သွယ်နိုင်ပါသည်။  

  • ဖုန်းနံပါတ် : ၀၁-၄၃၀၉၂၀/၁ 
  • အီးမေးလ်လိပ်စာ : info.jfyg@jpf.go.jp 
  • စုံစမ်းမေးမြန်းနိုင်သည့်အချိန် : အပတ်စဉ် အင်္ဂါနေ့မှ သောကြာနေ့ မနက် ၉နာရီမှ ညနေ ၅ နာရီ 

Notice & Announcements

View All