ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Dec 21, 2019 ~ Dec 21, 2019
(2:00 pm - 4:00 pm)

Nihongo Club
ဒီဇင်ဘာ၂၁ရက်နေ့ (စနေနေ့) နေ့လယ် ၂နာရီမှ ၄နာရီအထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ Nihongo Club ပြုလုပ်မှာဖြစ်ပါတယ်။ Nihongo Club ဆိုတာကတော့ ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ရွှင်စွာ...

Venue : The Japan Foundation Yangon
No. 70, Nat Mauk Lane (1), Bahan Township, Yangon

date

ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ (JFT-Basic)
စာမေးပွဲလျှောက်လွှာတင်ခြင်း   စာမေးပွဲအကြောင်းအရာအသေးစိတ် ရန်ကုန် စာမေးပွဲကျင်းပမည့်နေရာ စာမေးပွဲကျင်းပမည့်နေရာ (ရန်ကုန်မြို့တွင်း) အား ဖြေဆိုရန်စာရင်းပေးသွင်းပြီးလျှင် အကြောင်းကြားပါမည်။ စာမေးပွဲကျင်းပမည့်နေ့ ၂၀၂၁ ခုနှစ် မတ်လ ၁...

date

နေထိုင်မှု၊ အလုပ်လုပ်ကိုင်ရန်ဂျပန်ဘာသာသင်ကြားသောအဖွဲ့အစည်းအား ကူညီထောက်ပံ့ခြင်း (သင်ထောက်ကူပစ္စည်းဝယ်ယူမှုထောက်ပံ့ခြင်း)
ရည်ရွယ်ချက် ဤပရိုဂရမ်သည် ဂျပန်နိုင်ငံတွင် နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုအတွက် လိုအပ်သော ဂျပန်ဘာသာသင်ကြားရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ရန်ရည်ရွယ်ချက်ဖြင့် “ကျွမ်းကျင်လုပ်သားစနစ်” ဖြင့် ဂျပန်နိုင်ငံသို့လာရောက်မည့်သူများအတွက် ဂျပန်ဘာသာသင်ကြားရေးကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များအတွက်...

Notice & Announcements

View All