ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

date

၂၀၂၂ ခုနှစ် ဇူလိုင်လ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)
၂၀၂၂ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။...

Dec 19, 2021 ~ Dec 19, 2021
(12:00 pm - 3:40 pm)

၁၃ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲ
ミャンマー日本語教育関係者の皆さん 第13回ミャンマー日本語教師セミナーをオンラインで開催します。 今回のテーマは「いろどり 生活の日本語」です。 お申込みはこちらからお願いします。 https://qr.paps.jp/MU0NF   မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ဘာသာစကား သင်ကြားသူများ ၁၃ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သောဆွေးနွေးပွဲကို အွန်လိုင်းဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။...

date

နေထိုင်မှု၊ အလုပ်လုပ်ကိုင်ရန်ဂျပန်ဘာသာသင်ကြားသောအဖွဲ့အစည်းအား ကူညီထောက်ပံ့ခြင်းအစီအစဉ် (ထောက်ပံ့ကြေးပေးအပ်ခြင်း) –【သင်ထောက်ကူပစ္စည်းဝယ်ယူမှုအတွက်ထောက်ပံ့ခြင်း】
ရည်ရွယ်ချက် ဤအစီအစဉ်သည် ဂျပန်နိုင်ငံတွင် နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုအတွက်လိုအပ်သော ဂျပန်ဘာသာသင်ကြားရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ရန်ရည်ရွယ်ချက်ဖြင့် “ကျွမ်းကျင်လုပ်သားစနစ်” ဖြင့် ဂျပန်နိုင်ငံသို့လာရောက်မည့်သူများအတွက် ဂျပန်ဘာသာသင်ကြားရေးကို လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များအတွက် လိုအပ်သော...

Notice & Announcements

View All