Online Origami Club Activity

Online Origami Club Activity – အ​​​ဖေများနေ့အတွက် နှင်းဆီဝါပို့စကတ် Origami ခေါက်ကြမယ်

အဖေများနေ့ရောက်ဖို့ အချိန်တစ်ပါတ်ပဲလိုပါတော့တယ်။ လာမယ့်အပတ် ဇွန်လ ၂၁ ရက်နေ့ဟာ အဖေများနေ့ဖြစ်ပါတယ်။ ဂျပန်မှာ အဖေများနေ့အတွက် အဝါရောင်ပန်း အထူးသဖြင့် နှင်းဆီပန်းအဝါရောင်ကို လက်ဆောင်ပေးကြပါတယ်။ ဖေဖေ့အတွက် လက်ဆောင်ပေးဖို့ စဉ်းစားထားပြီးပြီလား?

ဂျပန်ဖောင်ဒေးရှင်ရန်ကုန်မှ အဖေများနေ့အတွက် Online Origami activity ပြုလုပ်သွားမှာဖြစ်ပြီး အားလုံးနဲ့အတူတူ ဖေဖေ့ကို ကျေးဇူးတင်ကြောင်း စာရေးသားဖို့ နှင်းဆီပန်းအဝါရောင် ပို့စကတ်ကို အိမ်မှာ ခေါက်လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ပို့စကတ်မှာ ဖေဖေကြီးကို ကျေးဇူးတင်ကြောင်း စာရေးဖို့ မမေ့ပါနဲ့နော်။

ခေါက်လုပ်ပြီးသား နှင်းဆီပန်းပို့စကတ်လေးတွေကိုလည်း ဓာတ်ပုံရိုက်ပြီး #Father’sday #OnlineOrigamClubActivity လို့ရေးပြီး cmt မှာတင်ပေးပါ၊ ဂျပန်ဖောင်ဒေးရှင်း အနေနှင့် ဓာတ်ပုံများအားလုံးကို စုစည်းပြီး အမှတ်တရ Video လေးတစ်ခု ပြုလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။

နှင်းဆီပန်းပုံ ပို့စကတ် ခေါက်ပုံခေါက်နည်း အဆင့်ဆင့်နှင့် tutorial video ၏ YouTube link ကို အောက်တွင် ဖော်ပြပေးထားပါတယ်။

နှင်းဆီပန်းပုံ ပို့စကတ်ခေါက်ရန် လိုအပ်သော ပစ္စည်းများ

အဝါရောင် စက္ကူစတစ်ရွက်၊ အစိမ်းရောင် စက္ကူစငယ်တစ်ခု၊ ကတ်ကြေး၊ စာအိတ်ပြုလုပ်ရန် A4 စာရွက်တစ်ရွက်

အကယ် အရောင်စက္ကူမရှိပါက အခြား အရောင်ပါသော wrapping paper သို့မဟုတ် အဖြူရောင် စက္ကူကို မိမိနှစ်သက်သည့် ရောင်စုံခဲတံဖြင့် ခြယ်ပြီး ပြုလုပ်နိုင်ပါသည်။

နှင်းဆီပန်းပြုလုပ်ရန်:

https://www.youtube.com/watch…

စာအိတ်ပြုလုပ်ရန်: https://www.youtube.com/watch?v=ZlGRC9I5cEs

Notice & Announcements

View All