Online Origami Club Activity

  • May 8, 2020 ~ May 10, 2020
  • Online event

မေလ ၁၀ ရက်နေ့ဟာ အမေများနေ့ဖြစ်ပြီး ဂျပန်မှာတော့ အမေကို ကျေးဇူးတင်ကြောင်းပြောတဲ့အနေနဲ့ အနီရောင်ကာနေးရှင်းပန်းကို လက်ဆောင်ပေးကြပါတယ်။

မေလ (၁၀) ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ အမေများနေ့ ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်နှင့်အတူ Online Origami activity တစ်ခုဖြစ်သည့် အမေများနေ့ Origami အစီအစဉ်တွင် မေမေကို ကျေးဇူးတင်ကြောင်းစာရေးသားဖို့ ကာနေးရှင်းပန်းပုံပို့စ်ကတ် လှလှလေးကို ခေါက်လုပ်ပြီး ပါဝင်ဆင်နွဲလိုက်ကြအောင်။ ပို့စကတ်မှာ ချစ်မေမေကို ကျေးဇူးတင်ကြောင်းစာရေးဖို့လည်း မမေ့ပါနဲ့နော်!

ခေါက်လုပ်ပြီးသား ကာနေးရှင်း ပို့စကတ်လေးတွေကိုလည်း ဓာတ်ပုံရိုက်ပြီး #Mother’sday #OnlineOrigamClubActivity လို့ရေးပြီး ဒီနေ့ကနေစပြီးတော့ အမေများနေ့အထိ comment မှာ တင်ပေးခြင်းဖြင့် ပါဝင်လိုက်ရအောင်။ ဂျပန်ဖောင်ဒေးရှင်း အနေနှင့် ဓာတ်ပုံများအားလုံးကို စုစည်းပြီး အမှတ်တရ Video လေးတစ်ခု ပြုလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။

ကာနေးရှင်းပန်းပုံ ပို့စကတ် ခေါက်ပုံခေါက်နည်း အဆင့်ဆင့်နှင့် tutorial video ၏ YouTube link ကို အောက်တွင် ဖော်ပြပေးထားပါတယ်။

ကာနေးရှင်းပန်းပုံ ပို့စကတ်ခေါက်ရန် လိုအပ်သော ပစ္စည်းများ
အနီရောင် စက္ကူ တစ်ရွက် (အလျား၊အနံ – ၁၅ စင်တီမီတာ)၊ အနံ (၂.၃ စင်တီမီတာ) အလျား(၅.၅ စင်တီမီတာ) ရှိသော စက္ကူစငယ်တစ်ခု၊ ကတ်ကြေး၊ စာအိတ်ပြုလုပ်ရန် A4 စာရွက်တစ်ရွက်

အကယ် အနီရောင်စက္ကူမရှိပါက အခြား အရောင်ပါသော wrapping paper သို့မဟုတ် အဖြူရောင် စက္ကူကို မိမိနှစ်သက်သည့် ရောင်စုံခဲတံဖြင့် ခြယ်ပြီး ပြုလုပ်နိုင်ပါသည်။

ကြည့်ရှုရန် လင့်ခ်: https://www.origami-club.com/mother/letter/video.html

Available in English.

Notice & Announcements

View All