အာမာဘီအ (yokai) ပုံဆွဲပြိုင်ပွဲ
ဂျပန်တွင် မစ်ကော့အရုပ်များသည် ချစ်စဖွယ်ကောင်းသော ဇာတ်ကောင်များအဖြစ်သာမက ဂျပန်နှင့် ကမ္ဘာကို ချိတ်ဆက် ဆက်သွယ်ပေးနေသော ကြားခံသံတမန် အရုပ်လေးများလဲဖြစ်ကြသည်။ ယခုလို home stay ကာလတွင် “Amabie” ဟုခေါ်သောာ ဒဏ္ဍာရီလာ Yokai Characrter သည် လူမှုကွန်ယက် နှင့် မီဒီယာများကြားတွင် ရေပန်းစားနေသည်။ ဒဏ္ဍာရီလာ အကြောင်းအများအရ “Amabie” သည် ကပ်ရောဂါများကို ရပ်တန့်နိုင်သော တန်ခိုးရှိသည်ဟု ယူဆယုံကြည်ကြပြီး ကမ္ဘာကြီး ပြန်လည်ကျန်းမာလာစေရန် တောင်းဆုဆန္ဒပြုသော ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်များတွင် Amabie ပုံကို ရေးဆွဲမျှဝေမှုများပြု လုပ်လျက်ရှိနေသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် online မှ ပါဝင်နိုင်တဲ့ community fun art activity တစ်ခုအနေဖြင့် “Amabie” ပုံဆွဲပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ပါတယ်။ ပြိုင်ပွဲအကြောင်းအရာအသေးစိတ်၊စည်းကမ်း၊အချက်များကို event ထဲရှိ Posts များတွင်ကြည်ရှု့ပေးပါ။
(အသုံးပြုထားသော Amabie ဓာတ်ပုံသည် ကျိုတိုတက္ကသိုလ်၊ ပင်မစာကြည့်တိုက်၏ ထောက်ပံ့မှုဖြင့် ရယူအသုံးပြုထားခြင်းဖြစ်ပါသည်။ )
Amabie Drawing Contest ပုံဆွဲပြိုင်ပွဲသည် အိမ်မှာနေရင်း အတူတကွ ပါဝင်ဆင်နွှဲနိုင်မည့် ပုံဆွဲ activity တစ်ခုဖြစ်ပြီး ပုံဆွဲဝါသနာပါသူများ၊ Manga ဆွဲရတာဝါသနာပါသူများ မိမိတို့အိမ်မှာနေရင်း အနုပညာနဲ့ ဆက်စပ်မိစေရန် စီစဉ်ထားခြင်းဖြစ်သည်။
Contest တွင် ပါဝင်မည့် ပြိုင်ပွဲဝင်များသည်
၁. Amabia အရုပ်ကို မိမိ စိတ်ကူးကိုယ်ပိုင်ဟန်ဖြင့် စာရွက်ပေါ်တွင် ရေးဆွဲခြင်း (သို့) ဒီဂျစ်တယ်နည်းဖြင့် ရေးဆွဲရမည် ဖြစ်သည် ။
၂. မိမိရေးဆွဲထားသည့်ပုံကို မိမိအမည်(သို့) Artist အမည်၊ ပုံ၏ခေါင်းစဉ်၊ အီးမေးလ်တို့နှင့်အတူူတကွ ဂျပန်ဖောင်ဒေးရှင်း၏ Messanger သို့ွ မေလ ၂၀ ရက်နေ့ ည ၁၂ နာရီမတိုင်ခင် ပို့ပေးပါ။
၃. မိမိကိုယ်တိုင်ဖန်တီးရေးဆွဲထားသော ပုံများ ကိုသာလက်ခံမည် ဖြစ်ပြီး၊ မသင့်တော်မသက်ဆိုင်သော ရုပ်ပုံများကို ထည့်သွင်းစဉ်စားသွားမည်မဟုတ်ပါ။
၄. ပြိုင်ပွဲဝင်များ၏ ပုံများကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Amabie contest Event page တွင် တင်ပေးသွားမှာဖြစ်လို့ ပရိသတ်များက Amabie ပြပွဲကို အွန်လိုင်းမှ ကြည့်ရှုနေရသလို ခံစားရမှာပါ
၅. မေလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်များရဲ့ Amabie drawing တွေကို Event page မှာ poll လုပ်ပြီး တင်ပေးထားမှာဖြစ်ပြီး ထိုအချိန်မှစပြီး မေလ ၂၅ ရက်နေ့ မနက် ၉ နာရီ အထိ ပရိသတ်များက မိမိနှစ်သက်ရာ Amabia drawing ကို vote ပေးနိုင်မှာဖြစ်ပါတယ်။
၆. မေလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီမှာတော့ ပရိသတ်ရဲ့ vote အများဆုံးရရှိတဲ့ Amabie drawing ၃ ခုနဲ့ ရေးဆွဲသူ artists များကို ဂျေပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook Page တွင် ကြေငြာပေးသွားမှာဖြစ်ပါတယ်။
၇. Amabie Contest မှာ အကောင်းဆုံး Amabie drawing ဆုရရှိသူသုံးဦးကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု E-certificates များ ပေးအပ်သွားမှာဖြစ်ပြီး ပါဝင်ဆင်နွှဲသူများကိုလည်း participation E-certificates များ ပေးအပ်သွားမှာဖြစ်ပါတယ်။
တွစ်တာရှိနမူနာလက်ရာများကို ကြည့်ရန်: https://twitter.com/hashtag/amabie…
Amabie အကြောင်း
Amabie Yokai သည် ၁၈ ရာစုနှစ် ၁၈၄၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ Higo no Kuni (ယနေ့ခေတ် ခုမမိုတို စီရင်စု) ဒေသ၌ ပေါ်ထွက်လာခဲ့သည်။ မြို့အရာရှိက ၎င်းကို တွေ့တဲ့အခါမှာ ၎င်းက “ဒီနှစ်ကနေစပြီး နောက်ခြောက်နှစ်ကြာအောင် စိုက်ပျိုးရေးကောင်းမွန်မယ်၊ အနာရောဂါဖြစ်ပွားပါက အကျွနု်၏ ရုပ်ပုံကို ပြလိုက်ပါ၊ နေပြန်ကောင်းလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ နောက်တစ်နေ့မှာ ထို Amabie ကို ပုံကြမ်းဆွဲပြီး သူပြောခဲ့တဲ့အကြောင်းအရာတွေကို တစ်မြို့လုံးကို ဖြန့်ဝေခဲ့ပါတယ်။ ဒဏ္ဍာရီလာပုံပြင်များအရ Amabie သည် အစိမ်းရောင်တစ်လက်လက်ဖြင့် တောက်ပနေပြီး အကြေးခွံကိုယ်ထည်၊ ငှက်နှုတ်သီး၊ ရှည်လျားသောဆံပင်ရှိကာ အမြီးနှင့်တူသော ခြေသုံးချောင်းရှိသော သတ္တဝါဖြစ်သည်။ ၎င်းသည် အနာဂါတ်ကိုမြင်နိုင်ပြီး အနာရောပါများကို ပျောက်ကင်းစေသော အစွမ်းရှိသည်ဟု ဆိုကြသည်။ ယခု ကိုဗစ် ၁၉ ကာလတွင် Amabie ၏ ရုပ်ပုံများသည် လူမှုကွန်ယက်စာမျက်နှာများတွင် အများအပြားထွက်ပေါ်လာခဲ့ပြီး twitter တွင်လည်း Amabie challenge များပြုလုပ်လျက်ရှိကာ ကမ္ဘာ့ကပ်ရောဂါကို ပျောက်အောင် ဆုတောင်းလျက်ရှိကြသည်။ ဂျပန်နိုင်ငံ၏ ကလည်း Amabie ကို ကိုရိုနာရောပါအကြောင်း အသိပညာပေးရာတွင် ကာတွန်းဇာတ်ကောင်အဖြစ် အသုံးပြုလျက်ရှိသည်။
(အသုံးပြုထားသော Amabia ဓာတ်ပုံသည် ကျိုတိုတက္ကသိုလ်၊ ပင်မစာကြည့်တိုက်၏ ထောက်ပံ့မှုဖြင့် ရယူအသုံးပြုထားခြင်းဖြစ်ပါသည်)
07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)