Celluloids on Big Screen

  • Oct 23, 2026 ~ Oct 25, 2026
  • 23 Oct - 9:00AM to 4:00PM, 24 Oct - 9:30AM to 4:00PM, 25 Oct - 9:30AM to 12:00PM
  • AIA KHIT ဝန်ကြီးများရုံး

2025 ခုနှစ် နှောင်းပိုင်းလောက်မှာ ဂျပန်ဖောင်ဒေးရှင်း(JF)ရဲ့ အနုပညာနဲ့ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များအနက်က ပေါ်ထွက်လာတဲ့ အစီအစဉ်တစ်ခုအဖြစ် “Japan Foundation – An Open Draft – Asia Film Programmers Lab” အစီအစဉ်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။  

Programmer တစ်ဦးအနေနဲ့ ဂျပန်ရုပ်ရှင်တွေနဲ့ မြန်မာရုပ်ရှင်တွေ ရွေးချယ်ပြခွင့်ရမယ်ဆိုတော့ Celluloid ဖလင်တွေနဲ့ ရိုက်ခဲ့တဲ့ ရုပ်ရှင်တွေကို Screen အကြီးပေါ်မှာ ပြန်လည် တင်ဆက်ချင်ခဲ့ပါတယ်။  

Japanese classic film တွေဖြစ်တဲ့ An Autumn Afternoon နဲ့  Twenty-four Eyes ဟာဆိုရင် digital restoration လုပ်ပြီး ထိန်းသိမ်းပြီး quality ကိုကြည့်ရမှာဖြစ်ပါတယ်။  

Myanmar film တွေဖြစ်တဲ့ “မွန်းတည့်ချိန်တွင်နေဝင်သည်” နဲ့ “ဓာတ်ခဲ” ကားများမှာလည်း မူရင်း 35 mm film မှ ကူးယူထားသောအရုပ် အသံ quality ကိုကြည့်ရမှာဖြစ်ပါတယ်။ 

Japanese and Myanmar Experimental Films လည်း ၄ကားပြသပါမယ်။  

Film Programmer တစ်ယောက်အနေနဲ့ ဘာလို့ ဒီကားတွေရွေးချယ်ပြသဖြစ်သလဲဆိုတာကိုတော့ Actual Screening မှာ မျှဝေချင်ပါတယ်။  

နေရာ    ။   ။ AIA KHIT ဝန်ကြီးများရုံး 

နေ့ရက် ။   ။ အောက်တိုဘာလ ၂၃/၂၄/၂၅ ရက် 

 Screening တက်ရောက်ကြည့်ရှုလိုသူတွေအနေနဲ့ အောက်ပါလင့်ကနေ မိမိကြည့်ရှုလိုတဲ့ နေ့ကို အခမဲ့စာရင်းပေးသွင်းနိုင်ပြီး လူဦးရေအကန့်အသတ်ရှိတာကြောင့် အရင်ဆုံး စာရင်းပေးတဲ့သူများ ဦးစားပေးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။  

စာရင်းပေးရန် – https://forms.cloud.microsoft/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOZbJyIDTZqVOlKNbBD6nZoxURUxCSlZQNjM1RlBCRElLRFE2V1VVUzM0Qy4u 

 

🎬Special Thanks 

Screening ကို အဓိကအားဖြင့် Japan Foundation မှ ပံ့ပိုးပြီး Venue Parter အဖြစ် AIA KHIT (The Secretariat Yangon), နဲ့ Digital Technology and Screening Partner အဖြစ် Red Radiance မှ ကူညီထားပါတယ်။  

“Celluloids on Big Screen” ရုပ်ရှင် programme အား မောင်ဥက္ကာမှစီစဉ်သည်။ 

 


Available in English.

Notice & Announcements

View All