တနဘတ နှင့် ယုကတပွဲတော်

  • Jul 10, 2026 ~ Jul 10, 2026
  • 9:00AM~10:30 AM (1st section) 10:30AM~12:00 PM (2nd section)
  • The Japan Foundation, Yangon
    No. 70, Nat Mauk Lane 1, Bahan Township, Yangon
    Bus Routes: 43, 64, 80 (Byain Yay Oh Sin Bus Stop)

ဂျပန်နိုင်ငံမှာ နှစ်စဥ် ၇ပိုင်း ၇ရက်နေ့ဟာ တနဘတ(七夕)ကြယ်တာယာပွဲတော်နေ့ဖြစ်ပါတယ်။ ပွဲတော်နေ့မှာ tanzaku(短冊) လို့ခေါ်တဲ့ ဆုတောင်းစာလေးတွေ ရေးပြီး ဝါးပင်မှာ ချိတ်ဆွဲပြီး အလိုရှိရာကို ဆုတောင်းကြပါတယ်၊။ ထိုပွဲတော်လေးပေါ်ပေါက်လာစေတဲ့ စိတ်ဝင်စားစရာအချစ်ပုံပြင်လေးရှိခဲ့ပါတယ်။

တနဘတပွဲတော်ဟာ “ရက်ကန်းနတ်သမီး အိုရိဟီမဲ(織姫)နဲ့ နွားကျောင်းသားလေး ဟိကိုဘိုရှိ(彦星)တို့ရဲ့ ဒဏ္ဍာရီကနေဖြစ်ပေါ် လာတဲ့ ဂျပန်ရိုးရာပွဲတော်လေးဖြစ်ပါတယ်။ နဂါးငွေ့တန်းကောင်းကင်ဘုံဘုရင်ကြီးသမီး အိုရိဟီမဲ့နှင့် နွားကျောင်းသားလေးဟိကိုဘိုရှိတို့ ချစ်သူစုံတွဲကို လက်ထပ်ပေးခဲ့ပေမဲ့ အပျော်အပါးပဲလိုက်စားပြီး အလုပ်မလုပ်တော့တဲ့အတွက် ဘုရင်ကြီးကစိတ်ဆိုးပြီး အိုရိဟီမဲကို နဂါးငွေ့တန်းအနောက်ဘက်၊ ဟိကိုဘိုရှိကိုအ‌ရှေ့ဘက်ကို ခွဲထားလိုက်ပါတယ်။ ဘုရင်ကြီးက သူတို့နှစ်ဦးကို နေ့စဥ်အလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်ပါက တစ်နှစ်မှာတစ်ကြိမ်တွေ့နိင်မယ်လို့ ခွင့်ပြုခဲ့ပါတယ်။” အဲ့နေ့ကတော့ (၇)လပိုင်း(၇)ရက်နေ့ပဲဖြစ်ပါတယ်။

ဂျပန်ဖောင်းဒေးရှင်းရန်ကုန်(JFYG)မှာလည်း နှစ်စဥ်နှစ်တိုင်း တနဘတပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ယခုအခါမှာလည်း ဂျပန်ရိုးရာ ယုကတ(浴衣)လေးတွေ ဝတ်ဆင်ပြီး တနဘတပွဲတော်ကိုဆင်နွှဲနိုင်ဖို့ စီစဥ်ထားပါတယ်။

အစီအစဥ်မှာတော့ တနဘတသီချင်းလေးတူတူဆိုကြမယ်၊ ယုကတဝတ်ပြီး tanzaku ဆုတောင်းစာလေးရေးပြီး ဝါးပင်မှာချိတ်ဆွဲကြမယ်၊ နောက်ဆုံးမှာ အမှတ်တရဓာတ်ပုံလေးတူတူရိုက်ကြမယ်။

ပွဲကိုတက်ရောက်ရန် လူဦးရေကန့်သတ်ထားပြီး ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါသည်။

ပွဲအစီစဥ်

နေ့ရက် – ဇူလိုင်လ ၁၀ ရက်နေ့ (သောကြာနေ့)

အချိန် -ပထမအချိန် (၉း၀၀မှ ၁၀း၃၀ထိ)
ဒုတိယအချိန် (၁၀း၃၀မှ ၁၂း၀၀နာရီထိ)[

သတ်မှတ်လူဦးရေ – အမျိုးသမီး (၁၅ဦး)၊ အမျိုးသား (၅ဦး)  ***အချိန်တစ်ခုစီအတွက်***

စာရင်းပေးသွင်းရန် – တနဘတ နှင့် ယုကတပွဲတော်  – Fill out form  (Registration formwတွင် ကျား၊ မ မေးခွန်းသည် Yukataအရေအတွက်နှင့်ကိုက်ညီရန် ရည်ရွယ်မေးမြန်းခြင်းဖြစ်ပါသည်)

(ယုကတအရေအတွက်ပေါ်လိုက်ပြီး ဦးရာလူစနစ်လက်ခံတာဖြစ်သောကြောင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ ၁၆ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် တက်ရောက်ခွင့်ရသူများကို ဖုန်းဖြင့်ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။)

နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ

(အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁လမ်း၊ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဗဟန်းမြို့နယ်။

https://maps.app.goo.gl/GpH1bu2m9FqXL8c78

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်၊ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

Notice & Announcements

View All