ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ ကျင်းပမယ့် Myanmar VTuber Exhibition

  • Jun 20, 2026 ~ Jun 20, 2026
  • 11:00 AM – 4:00 PM
  • The Japan Foundation, Yangon
    No. 70, Nat Mauk Lane 1, Bahan Township, Yangon
    Bus Routes: 43, 64, 80 (Byain Yay Oh Sin Bus Stop)

ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)နဲ့ ARRI Virtual တို့ပူးပေါင်းပြီး Myanmar VTuber Exhibition ကို လာမယ့် ဇွန်လ ၂၀ ရက်နေ့ စနေနေ့မှာ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Virtual YouTuber သို့မဟုတ် VTuber ဆိုတာကတော့ ဒစ်ဂျစ်တယ်ကိုယ်စားပုံရိပ်(Digital Avatar) ကိုအသုံးပြုပြီး Streaming ပြုလုပ်တဲ့ ဖျော်ဖြေရေးတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံကနေ စတင်မွေးဖွားခဲ့သလို ဂျပန်ပေါ့ပ်ယဉ်ကျေးမှုဖြစ်တဲ့ Anime, Manga တို့နဲ့ ဆက်နွယ်နေလေ့ရှိပါတယ်။ VTuber လုပ်ကြည့်ချင်တဲ့သူတွေကို ARRI မှ မြန်မာ VTuber တွေကနေ အသေးစိတ်ရှင်းလင်းပြမှာဖြစ်လို့ လက်လွတ်မခံသင့်တဲ့ ပွဲတစ်ခုပါပဲ။

ဒီပွဲကို အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်ဖို့ စိတ်ပါဝင်စားသူတွေအနေနဲ့ အောက်ပါလင့်ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။

စာရင်းပေးရန် – Myanmar V tuber Exhibition (ARRI) – Fill out form

Myanmar VTuber Exhibition

နေ့စွဲ – ၂၀ ဇွန် ၂၀၂၆ (စနေနေ့)

အချိန် – မနက် ၁၁ နာရီမှ ညနေ ၄ နာရီထိ

နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးကားမှတ်တိုင် – ဗျိုင်းရေအိုးစဥ်မှတ်တိုင် (ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀)

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

Notice & Announcements

View All