【သင်တို့၏ကျောင်းများထံသို့ တဒို့ခု‌ရောက်ရှိလာပါပြီ!လူကြီးမင်းတို့၏ကျောင်းတွင်စာဖတ်ပွဲကိုပြုလုပ်ပေးမယ့် တဒို့ခု၏ပုံစံသစ် “လာပြီလာပြီ တဒို့ခု”ကို စတင်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။!】

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)၌ လစဥ်နောက်ဆုံးအပတ် သောကြာနေ့တွင် “Sura Suraတဒို့ခု”စာဖတ်ပွဲကို ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ ယခုအခါမှာတော့ JFYGကဝန်ထမ်းများမှ လူကြီးမင်းတို့၏ကျောင်းသို့ စာအုပ်များကိုကိုယ်တိုင်ယူဆောင်လာပေးပြီး ကျောင်းရှိကျောင်းသား၊ကျောင်းသူများက တဒို့ခုစာဖတ်ပွဲကို လက်တွေ့ခံစားဖတ်ရှုနိုင်မယ့် “လာပြီလာပြီတဒို့ခု”ဆိုတဲ့ အစီအစဥ်အသစ်လေးကို စတင်ပြုလုပ်ပေးလိုက်ပါတယ်။ 🎉”တဒို့ခု (多読)” ဆိုတာ လွယ်ကူရိုးရှင်းတဲ့ ဂျပန်ဘာသာနဲ့ရေးထားသားတဲ့ စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ကျောင်းသားများကို ပျော်ပျော်ရွှင်ရွှင်နဲ့ စာဖတ်စွမ်းရည်မြှင့်တင်ပေးချင်တဲ့ကျောင်းများ၊ စာဖတ်တဲ့အလေ့အကျင့်ကိုပြုလုပ်ပေးချင်တဲ့ ကျောင်းများအနေဖြင့် ဆက်ဆက်လျှောက်ထားပြီးပါဝင်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။😊

အောက်ပါLinkမှတဆင့် JFYGတွင် ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

 

■ပါဝင်နိုင်သူများ:ရန်ကုန်မြို့ ရှိ ဂျပန်ဘာသာစကားသင်တန်းကျောင်းများ  (တစ်လလျှင် ၁ကြိမ်)

■နေရာ:ပါဝင်လျှောက်ထားသောကျောင်းများရှိ စာသင်ခန်း၊ ဟောခန်းစသည်

■ကျင်းပမည့်နေ့ရက် နှင့် အချိန်:လျှောက်လွှာလက်ခံပြီးသည့်နောက် ညှိနှိုင်းပြီး ရက် နှင့် အချိန်ကို သတ်မှတ်ပေးပါမည်။

■ကြာမြင့်ချိန်:ခန့်မှန်းချေ (၁)နာရီခွဲခန့်

■ပါဝင်ကြေး:အခမဲ့

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formsမှတဆင့် လျှောက်လွှာတင်ပေးပါ။

https://forms.office.com/r/US5UxaVzDb

■သတ်မှတ်ဦးရေ:20ဦးနှင့်အထက်

※ လျှောက်ထားသည့်ကျောင်းများ များပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်စော၍ပိတ်ခြင်းမျိုးရှိနိုင်ပါသဖြင့် နားလည်ပေးပါရန်။

※အချိန်ဇယားညှိနှိုင်းမှုရလဒ်အရ ကျင်းပပေးရန်ခက်ခဲသည့်အခြေအနေ ဖြစ်လာပါက လျှောက်ထားမှု အစဉ်လိုက်နှင့်မသက်ဆိုင်ဘဲ ငြင်းပယ်ခြင်းမျိုးရှိနိုင်ပါသဖြင့် ကျေးဇူးပြု၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Notice & Announcements

View All