ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ

  • May 9, 2026 ~ May 10, 2026
  • 9:00-16:00
  • 【5月9日(土)】会場:国際交流基金ヤンゴン日本文化センター(JFYG)
    【5月10日(日)】会場:MAJA教育センター(MEC)

ဂျပန်ဘာသာစကားသင်ကြားရေး ဆရာများအားလုံး မင်္ဂလာပါ

ယခုတစ်ကြိမ်တွင် “ ကျွမ်းကျင်မှုကို ပျိုးထောင်ပေးမယ့် ဂျပန်စာအတန်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ၂ရက်တာ ဆွေးနွေးပွဲကို ကျင်းပသွားမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် သင်ကြားပို့ချပေးသွားမှာကတော့ Acras Japanese Language Education Institute မှ ကိုယ်စားလှယ် ဆရာမ Shimada Kazuko ဖြစ်ပါသည်။ ဆရာမ Shimada ကတော့ အားလုံးလည်း ရင်းနှီးပြီးဖြစ်တဲ့ Dekiru Nihongo, Kanji Tamago, Connecting with People: Japanese for Caregiving စတဲ့ ဖတ်စာအုပ်များကို ရေးသားပြုစုခဲ့သူဖြစ်ပါသည်။ ထိုသင်ထောက်ကူ၏ အခြေခံဖြစ်သည့် “ ကျွမ်းကျင်မှုကို ပျိုးထောင်မည်” ဟူသည့် သင်ကြား‌နည်းသည် “ JLPTစာမေးပွဲကို အောင်မြင်ထားသော်လည်း ဂျပန်လိုပြောထွက်ဖို့ အခက်အခဲဖြစ်နေတယ်” ဟူသည့် မြန်မာနိုင်ငံမှ သင်ယူသူများနှင့် ဆရာများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် လမ်းစတစ်ခု ဖြစ်မည်ဟုမျှော်လင့်ပါသည်။ ဤဆွေးနွေးပွဲသို့ တက်ရောက်ပြီး အခြေခံသဘောတရားနှင့် သင်ကြားနည်းအသေးစိတ်ကို လေ့လာကြည့်ကြရအောင်။

ဆွေးနွေးပွဲနှင့် Panel Discussion ကို ဂျပန်ဘာသာစကားဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အစီအစဉ်တစ်ခုချင်းစီအတွက် သီးခြားစီ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံပါသည်။

 

【မေလ ၉ရက်နေ့ (စနေနေ့)】နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)

  • နံနက်ပိုင်းအစီအစဥ်(9:00-11:30)「ကျွမ်းကျင်မှုကို ပျိုးထောင်ပေးမည့် ဂျပန်စာအတန်း -ဆရာကပြောင်းလဲမှ ကျောင်းသားလည်းပြောင်းလဲမည်」

လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNEJBN0xOVkZYS1VLSk1NTFlYUUdCUFBIQyQlQCN0PWcu

 

  • နေ့လည်ပိုင်းအစီအစဥ်(13:00-16:00)「ကျွမ်းကျင်မှုကို အလေးထားသည့် လက်တွေ့ပညာရေးဆိုသည်မှာ – Dekiru Nihongo ကို အသုံးပြု၍ – 」

လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUQUs4QzdGUkMyNURJMUtRUFNWNjE1VDdHMSQlQCN0PWcu

 

【မေလ ၁၀ရက်နေ့ (တနင်္ဂနွေနေ့)】နေရာ:MAJA Education Center(MEC)

  • နံနက်ပိုင်းအစီအစဥ်(9:00-11:30)「ခန်းဂျီးအသစ်များ လေ့လာရာတွင် ပျော်ရွှင်စရာအတန်းလေးဖြစ်အောင် – Kanji Tamago စာအုပ်ကို အသုံးပြု၍ – 」

လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUN0g1OExFMk1JTVA2SEdJTDgzMlEyVlNETSQlQCN0PWcu 

 

  • နေ့လည်ပိုင်းအစီအစဥ်(13:30-16:00)
  1. I) Panel Discussion

Myanmar x Care Giving = ∞ ~မြန်မာနိုင်ငံ၏ ဘိုးဘွားစောင့်ရှောက်‌ပညာရေးတွင် လိုအပ်သည့်အရာ~

  1. II) ဆွေးနွေးပွဲ

Connecting with People: Japanese for Caregiving နှင့် JOPT-K မှတဆင့် ဘိုးဘွားစောင့်ရှောက်အတွက် ပြောဆိုဆက်ဆံရေးစွမ်းရည်ကို အကဲဖြတ်ခြင်း

 

လျှောက်လွှာတင်ရန် URL:https://forms.office.com/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNExZNTRRQUdKQVI3T09KWEsxTklPOE1BRyQlQCN0PWcu

 

လျှောက်လွှာပိတ်ချိန်: မေလ ၄ ရက်နေ့ (တနင်္လာနေ့) ညနေ ၄နာရီ

*လျှောက်လွှာတင်သူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်ကို စော၍ပိတ်ခြင်းမျိုး ရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

★မေးမြန်းစုံစမ်းရန်:nihongo.jfyg@jpf.go.jp

★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ ဖုန်းနံပါတ်:01-430920・ 01-430921

★ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ Facebook Page

https://www.facebook.com/JFYangon

Notice & Announcements

View All