JFYG Monthly Exhibition: “TATAMI Day”

  • Apr 9, 2026 ~ Apr 30, 2026
  • 9:30~15:30
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်၏ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ပြပွဲကိုပြုလုပ်လျက်ရှိပါတယ်။ ဒီတစ်ခေါက်ရဲ့ပြခန်း၊ ပြပွဲလေးမှာတော့ အားလုံးကို  ဂျပန်မြက်ဖျာ (Tatami)နဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအဖြစ် လူသိများကြတဲ့ Shodo (စာလုံးအလှရေးနည်း)၊ Kado (အိခဲဘာန ပန်းအလှထိုးနည်း) နဲ့ Sado (ဂျပန်ရိုးရာလက်ဖက်ရည်တည်ခင်းနည်း)။ ထိုအရာများကို ဂျပန်ရိုးရာအခန်းများတွင် တည်ခင်းပြုလုပ်လေ့ရှိပြီး ဂျပန်ရိုးရာအခန်းတွင် မရှိမဖြစ်လိုအပ်သည့် tatami ခေါ် ဂျပန်မြက်ဖျာသည် ကျူခက်များဖြင့်ရက်လုပ်ထားသည့် ဂျပန်ရိုးရာကြမ်းအခင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင်သာရှိသည့် ယဉ်ကျေးမှုဖြစ်ပါသည်။ Tatamiဟူသည့် အခေါ်အဝေါ်သည် မူလအစတွင် ကောက်ရိုးဖျာ၊ ကျူရိုးဖျာစသည့် ပါးလွှာသည့်အခင်းများကို ခြုံငုံခေါ်ဝေါ်ခြင်းဖြစ်ပြီး အသုံးမပြုသည့်အချိန်တွင် ခေါက်ထားပြီး အခန်းထောင့်တွင် သိမ်းထားနိုင်သည့်အတွက် ဂျပန်ဝေါဟာရ tatamu (ခေါက်သည်) ဟူသည့် ကြိယာမှ tatami ဟူသည့် နာမ်စကားလုံး ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။

 

Tatami ၏ ကြမ်းအခင်းအဖြစ် စွမ်းဆောင်ရည်မြင့်မားမှုနှင့် အားသာချက်များကို ပေါ်လွင်စေရန် ဂျပန်နိုင်ငံတွင် ဂျပန်မြက်ဖျာနေ့ (Tatami Day) သတ်မှတ်ထားပြီး ထိုနေ့တွင် ဂျပန်မြက်ဖျာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဂျပန်မြက်ဖျာလဲလှယ်ခြင်းများပြုလုပ်ကြပြီး ဂျပန်မြက်ဖျာ၏အလှတရားကို ပြန်လည်သတိထားမိစေသည့်ပွဲများပြုလုပ်ကျင်းပပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ JFYGတွင်လည်း “Tatami day”အထိမ်းအမှတ်အနေနဲ့ tatami နှင့်ပတ်သက်သည့် ပဟေဠိများ၊ ဗဟုသုတအချက်အလက်များနှင့်  Photo Booth တို့ကိုလည်း စီစဉ်ထားတာဖြစ်တဲ့အတွက် ပျော်ရွှင်ဖွယ်ရာအတွေ့အကြုံများနှင့် ဂျပန်အငွေ့အသက်များကိုခံစားဖို့ ဂျပန်‌ဖောင်ဒေးရှင်းကို လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

 

★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆

 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်‌ကျေးမှုစင်တာ (JFYG)

 

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

 

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀

 

စင်တာဖွင့်လှစ်ချိန် – အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့ မနက်၉နာရီခွဲမှ ညနေ၃နာရီခွဲ
ယခုလက်ရှိကာလအတွင်း အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းကို စင်တာပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။ အပတ်စဥ်ဗုဒ္ဓဟူးနေ့အား စင်တာပြန်လည်ဖွင့်မည့်အချိန်ကို JFYGရဲ့ Websiteနှင့် SNSတွင် အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။

 

ကြိုတင်ဘိုကင်ပေးရန်မလိုပါ။

Available in 日本語 and English.

Notice & Announcements

View All