N5 ကစပြီး ပါဝင်နိုင်မယ့် ❝WAKU WAKU NIHONGO「アニメ・マンガの日本語でゲームをしよう!」❞ (အနီမဲ၊ မန်ဂထဲက ဂျပန်စကားနဲ့ ဂိမ်းကစားကြမယ်)

  • Apr 8, 2026 ~ Apr 8, 2026
  • 午前10:00~11:30 
  • 国際交流基金 ヤンゴン日本文化センター(JFYG)
    (No -70, Nat Mauk Lane (1), Bahan Township, Yangon)

သင်ဟာ anime ကြည့်ရတာကို နှစ်သက်တဲ့သူဖြစ်ပါသလား။ manga ဖတ်တာကို ဝါသနာပါတဲ့သူ ဖြစ်ပါသလား။ anime, manga တွေထဲက ဇာတ်ကောင်တွေအတိုင်း လိုက်ပြောကြည့်ရင်း ဂျပန်စကားကို တိုးတက်အောင်ကြိုးစားကြည့်ချင်တယ်လို့ စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှကျင်းပတဲ့ ဂိမ်းကစားရင်းနဲ့ ဂျပန်ဘာသာစကားကို လေ့လာနိုင်မယ့် WAKU WAKU NIHONGOလို့ခေါ်တဲ့ ပျော်ရွှင်စရာ eventလေးမှာပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဒီတစ်ကြိမ်ခေါင်းစဥ်ကတော့ 「(အနီမဲ၊ မန်ဂထဲက ဂျပန်စကားနဲ့ ဂိမ်းကစားကြမယ်)ဖြစ်ပါတယ်။ ဒီပွဲလေးမှာဆိုရင်တော့ ဂျပန်ဖောင်ဒေးရှင်းက ဖန်တီးထားတဲ့ Japanese in Anime Manga ဆိုတဲ့ ဂျပန်ဘာသာစကားလေ့လာနိုင်တဲ့ website လေးကို အသုံးပြုပြီး လွယ်ကူရိုးရှင်းတဲ့ဂျပန်ဘာသာစကားကို အသုံးပြုပြီး ဂိမ်းလေးတွေကို ဆော့ကစားကြမှာဖြစ်ပါတယ်။N5 Level ကစပြီး ပါဝင်နိုင်တာဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာချင်သူတွေအနေနဲ့  ပေါ့ပေါ့ပါးပါး လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပွဲနှင့်ပတ်သက်တဲ့အချက်အလက်တွေကိုအောက်မှာဆက်လက်ဖော်ပြထားပါတယ်။

 

နေ့ရက်နှင့်အချိန် : ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက်နေ့ (ဗုဒ္ဓဟူးနေ့) မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲအထိ

နေရာ :  ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် : ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

ဘတ်စ်ကားနံပါတ် : ၄၃၊ ၆၄၊ ၈၀။

လျှောက်ထားနိုင်သူများ : N5,N4,N3 Level ဂျပန်စာလေ့လာနေသူများ။ (အသက် ၁၃နှစ်အထက်)

သတ်မှတ်ဦးရေ : ၃၀ ယောက်။

ပါဝင်ကြေး : အခမဲ့။

လျှောက်ထားရန်Link :

ワクワク日本語 _❝アニメ・マンガの日本語でゲームをしよう!❞  – Fill out form

လျှောက်လွှာပိတ်ရက် : ၂၀၂၆ခုနှစ်၊ ဧပြီလ ၅ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည်(၃)နာရီ

※လျှောက်ထားသူများပြားသောအခါမျိုးတွင် သတ်မှတ်ရက်ထက် စော၍ ဖောင်ပိတ်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။

★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921

★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon

★ Japan Foundation Yangon၏ Telegram Channel Link:https://t.me/JFYangon

★ Japan Foundation Yangon၏ Instagram Link:https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1

Notice & Announcements

View All