IRODORI အသုံးပြုနည်း seminar

  • Dec 20, 2025 ~ Dec 20, 2025
  • 9:30~11:30
  • The Japan Foundation, Yangon                 
    No.70 Nat Mauk Lane(1), Bahan Township, Yangon, Myanmar

ဂျပန်ဘာသာစကားသင်ကြားရေး ဆရာ၊ဆရာမအားလုံး မင်္ဂလာပါ။ အားလုံးပဲ “IRODORI” ကိုသိကြပါသလား။ “IRODORI” က ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ချင်သူများနဲ့ စာလေ့လာချင်တဲ့ ကျောင်းသားများကို သင်ကြားပေးဖို့အတွက် အတော်လေးအသုံးဝင်တဲ့ သင်ထောက်ကူစာအုပ် တစ်အုပ်ပဲဖြစ်ပါတယ်။ IRODORIကို အတန်းမှာ အသုံးပြုကြည့်ပြီး ထိရောက်တဲ့ သင်ကြားပုံသင်ကြားနည်းတွေကို အတူတူစဉ်စားကြည့်ကြရအောင်။ သေချာပေါက် တတ်ရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ယခုဆွေးနွေးပွဲသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလဇွန်လနှင့် စက်တင်ဘာလတို့တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲ၏ အကြောင်းအရာများနှင့် တူညီပါသည်

★『IRODORI』ဝက်ဘ်ဆိုဒ် မြန်မာဘာသာဖြင့်:https://yg.jpf.go.jp/my/irodori/

■သင်တန်းနေ့ရက်: ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့ (စနေနေ့)၊ နံနက် ၉:၃၀ ~ ၁၁:၃၀ (မြန်မာစံတော်ချိန်)
■သင်တန်းကြေး: အခမဲ့
■သင်ရိုးစာအုပ်: “IRODORI အခြေခံအဆင့် ၁”

■လျှောက်ထားနိုင်သူများ: မြန်မာလူမျိုးများထံ ဂျပန်ဘာသာစကားသင်ကြားပေးနေသော ဆရာ၊ဆရာမများ

(JFS B1/JLPT N3အထက်)

ဂျပန်လူမျိုးဆရာ၊ဆရာမများ ပါဝင်ပေးဖို့ကိုလည်းစောင့်မျှော်ကြိုဆိုလျှက်ရှိပါတယ်။

IRODORIကို အသုံးပြုကြည့်ချင်သူများနှင့် ထိရောက်စွာသင်ကြားနည်းကို သင်ယူလေ့လာချင်သူများ၊ ဘယ်လိုသင်ထောက်ကူမျိုးလဲဆိုတာကို သိရှိလိုသူများအနေဖြင့် ဆက်ဆက်ပါဝင်တက်ရောက်ကြဖို့ဖိတ်ခေါ်ပါတယ်။

■ကျင်းပမည့်ပုံစံ: အပြင်တန်း

■ ကျင်းပမည့်နေရာ: ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ၏ ပထမထပ်Hallခန်း။

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

■အနီးဆုံးဘတ်စ်ကားမှတ်တိုင်: ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

■ ကားနံပါတ်: ၄၃၊ ၆၄၊ ၈၀။

■သတ်မှတ်လူဦးရေ: ၃၀ ယောက်။ (ဦးရာလူစနစ်ဖြင့်)
■လျှောက်ထားရန်: အောက်တွင်ဖော်ပြထားတဲ့ Microsoft Form မှတဆင့် လျှောက်ထားပေးပါရန်။

https://forms.office.com/r/3GTNdab8Ya■လျှောက်လွှာပိတ်ချိန်: ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့ (ကြာသပတေးနေ့)၊ နေ့လည် ၁၂:၀၀ (မြန်မာစံတော်ချိန်)။

※လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Notice & Announcements

View All