ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “夏を涼しく過ごす方法・グッズ”

  • May 28, 2025 ~ May 28, 2025
  • 10:00 am - 11:30 am
  • The Japan Foundation, Yangon
    No. 70, Nat Mauk Lane (1), Bahan Township, Yangon
(日本語は下にあります)
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒီတခေါက် နှီး‌နှောဖလှယ်ပြောဆိုသွားမယ့် အကြောင်းအရာက‌တော့ နွေရာသီကို အေးအေးမြမြနဲ့ဖြတ်သန်းတဲ့ နည်းလမ်းနဲ့ ပစ္စည်းကိရိယာများဆိုတဲ့ “夏を涼しく過ごす方法・グッズ” ပဲဖြစ်ပါတယ်။ ကဆုန်၊ နယုန်‌ဆွေ့ဆွေ့ခုန်ဆိုတဲ့မြန်မာဆိုရိုးအတိုင်း မြန်မာနိုင်ငံမှာ ဆွေ့ဆွေ့ခုန်ရလောက်အောင် အလွန်ပူအိုက်ပြီး ဂျပန်မှာတော့ မကြာခင်မှာ နွေရာသီရောက်တော့မှာဖြစ်လို့ နွေရာသီကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာကို ဂျပန်လို ပြောဆိုဖလှယ်သွားနိုင်မယ့်ပွဲပဲဖြစ်ပါတယ်။
ဒီပွဲကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ပွဲပြီးဆုံးရင် စင်တာမှ မန်းဂနှင့် ဂျပန်ဘာသာစကား၊ ဂျပန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့စာအုပ်တွေလည်း အခမဲ့ ဖတ်ရှုလို့ရပါတယ်။
ပွဲတက်ရောက်ဖို့စိတ်ပါဝင်စားသူများ အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။
နေ့ရက်နှင့်အချိန်။ ။ ၂၀၂၅ ခုနှစ် မေလ ၂၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ
သတ်မှတ်ဦးရေ။ ။ ၂၀ ဦး
ဂျပန်စာ level။ ။ N3 levelနှင့်အထက်
ကျင်းပမည့်နေရာ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
အနီးဆုံးဘတ်စ်ကားမှတ်တိုင်။ ။ဗျိုင်းရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ်။ ။၄၃၊ ၆၄၊ ၈၀
※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ မေလ ၂၆ ရက် (တနင်္လာနေ့)တွင် ဖုန်းဆက်အကြောင်းကြားမည်ဖြစ်ပါသည်။
日本語で楽しく話そう!! <<夏を涼しく過ごす方法・グッズ>>
国際交流基金ヤンゴン日本文化センターでは、日本語を勉強している人のために日本の文化や習慣などについて日本人と楽しく日本語でお話しできる「日本語で楽しく話そう!!」というプログラムを開催しています。今回のテーマは、「夏を涼しく過ごす方法・グッズ」です。ビルマ暦のカソン月とナヨン月(4月~6月あたり)は「カソン・ナヨンスエスエコン」という暑いときは跳ね上がるほど暑いという意味のことわざがあります。日本は間もなく夏に入りますので、夏を涼しく過ごす方法やコツについて日本語で楽しく話し合いましょう。
本イベントは国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)で開催します。イベントが終わったあとはセンターのリーディングルームでマンガ、日本語と日本文化についての本が読むことができます。
参加希望の方は、ぜひ下記のURLからお申し込みください。今回は国際交流基金ヤンゴン日本文化センターにて対面で開催します。
日時 :2025年5月28日(水) 午前10:00~11:30
定員:20名
日本語レベル:N3以上
場所 :国際交流基金ヤンゴン日本文化センター(The Japan Foundation, Yangon)
No. 70, Nat Mauk Lane (1), Bahan Township, Yangon
最寄りバス停:Byaing Yay Oe Zin Bus Stop
バス番号: 43, 64, 80
※参加申し込みを受け付けた方には5月26日(月)に電話でご連絡します。

Notice & Announcements

View All