သတင်းများ

  • ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း 02/01/2026

    ဒီဇင်ဘာလ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှာ ဂျပန်လူမျိုးတွေနဲ့ 「ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “日本人大学生・大学院生に聞いてみよう!日本の大学生活”」ဆိုတဲ့ပွဲအစီအစဉ်လေးကျင်းပခဲ့ပုံကို မျှဝေလိုက်ပါတယ်။ ဒီတခေါက်ပွဲမှာတော့ ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား၊ ဘွဲ့လွန်ကျောင်းသားများနှင့် မြန်မာလူမျိုး ဂျပန်စာလေ့လာနေသူများအကြား မိမိတို့နိုင်ငံရဲ့ တက္ကသိုလ်ဘဝအကြောင်းနဲ့ပတ်သက်ပြီး အချင်းချင်းပြောဆိုဖလှယ်ခဲ့ကြပါတယ်။...

  • နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း 26/12/2025

    ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ (စနေနေ့) မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ (တနင်္လာနေ့)အထိ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ပိတ်ထားမည် ဖြစ်ပါသည်။   ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့ (အင်္ဂါနေ့)မှစပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်သွားမည် ဖြစ်ပါသည်။   ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာအား ၂၀၂၅ ခုနှစ်တွင်လည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးမှုများအတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။  အားလုံးပျော်ရွှင်ဖွယ်နှစ်သစ်ကူးချိန်ခါဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။    【ရုံးဖွင့်ချိန်】  အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့အထိ၊ မနက်၉နာရီခွဲမှ နေ့လည်၃နာရီခွဲအထိ (တနင်္ဂနွေ၊ တနင်္လာ၊ အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။) 

  • မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင် 30/12/2025

    မင်္ဂလာပါ။ ❝မင်္ဂလာပါ Sensei❞အစီအစဉ်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ဘာသာသင်ကျောင်းတွေမှာ သင်ကြားပေးလျက်ရှိတဲ့ ဆရာ၊ ဆရာမတွေကို မိတ်ဆက်ပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ယခုတစ်ကြိမ် မိတ်ဆက်ပေးမှာကတော့ Sakura Family Japanese Language Centre ၏ ဆရာမ ရွှန်းလဲ့နဒီမောင်ပဲ...

  • Folded Heritage: Japanese Origami Workshop 26/12/2025

    ဒီဇင်ဘာလ ၂၀ရက်(စနေနေ့)တွင်ပြုလုပ်ခဲ့သော Folded Heritage: Japanese Origami Eventရဲ့ အမှတ်တရဓာတ်ပုံများကိုမျှဝေပေးလိုက်ပါတယ်။ ရောင်စုံစက္ကူများကိုသုံးပြီး ယပ်တောင်၊ ဟာကမ၊ ကီမိုနိုတို့ကို ခေါက်ခဲ့ကြပါတယ်။ အတူတူပူးပေါင်းဆောင်ရွက်ပေးသော Albee’s Art and Crafts Supplies &...

  • ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း 14/12/2025

    အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှ နိုဝင်ဘာလ ၁၅ရက်နေ့ နှင့် ၁၆ရက်နေ့တို့တွင် ၂ရက်ကြာ မြန်မာရှိဂျပန်ဘာသာသင်ကြားရေးဆရာများအဖွဲ့၊ MAJA Education Center(MEC)တို့နှင့် ပူးပေါင်း၍ ”CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ" ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ နောင်တွင်လည်း...

  • Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်! 03/12/2025

    ဒီဇင်ဘာလ၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် "Visit JFYG" ကိုသုံးကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Japanese Culture Quiz, Origami နဲ့ Karutaလက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော Global Education...

  • ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater 06/11/2025

    ဂျပန်ဖောင်ဒေးရှင်းရဲ့ တင်ဆက်မှုနဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းတွေကို တစ်နှစ်ပတ်လုံး အခမဲ့ကြည့်ရှုရင်း ဂျပန်ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်မယ့် JFF Theater ပလက်ဖောင်းမှာ အောက်တိုဘာလကုန်ကနေ စတင်ပြီး ရုပ်ရှင်ဇာတ်ကားအသစ်တွေ ရောက်ရှိနေပါပြီ။ 🎥JFF Theater - https://en.jff.jpf.go.jp/ ဒီတခါ...

Notice & Announcements

View All

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။