သတင်းများ

  • (၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။ 24/01/2026

    ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင် ဒီဇင်ဘာလ ၂၀ရက်နေ့၌ (၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar「IRODORIကိုအသုံးပြုကြည့်ကြမယ်」ဆိုတဲ့ ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲ၏ပထမအပိုင်းတွင် ဂျပန်ဖောင်ဒေးရှင်းမှပြုလုပ်ထားသည့် သင်ထောက်ကူတစ်ခုဖြစ်သော 『IRODORI』အကြောင်းကို မိတ်ဆက်‌ရှင်းပြပေးခဲ့ပြီး၊ ဒုတိယအပိုင်းတွင် 『IRODORI』ကို အသုံးပြုသည့်အတန်းချိန်ကို ကိုယ်တိုင်လက်တွေ့ပါဝင်ကြည့်ကာ ဂျပန်ဘာသာစကားသင်ကြားရေး ဆရာ၊ဆရာမများနှင့်အတူ...

  • ၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်‌နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း 16/01/2026

    ၂၀၂၆ ဘဏ္ဍာရေးနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်‌နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း ဂျပန်ရေးရာလေ့လာရေး (Japanese Studies)ဆိုတာ ဘာပါလဲ။ ဂျပန်ရေးရာလေ့ရာရေး၏ အနာဂတ်ကို ရုပ်လုံးဖော်ရာတွင် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်‌ထမ်းဆောင်ရန်အလားအလာရှိသော ပညာရှင်များအတွက် ဤမေးခွန်းသည် အလေးအနက်စဉ်းစားတွေးခေါ်ပြီး အဖြေအမျိုးမျိုးကို ရှာဖွေရမည့်မေးခွန်းဖြစ်သည်။ ဂျပန်ဖောင်ဒေးရှင်းသည်...

  • မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း 15/01/2026

    မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားသင်ကြားရေးနယ်ပယ်တွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသော ဆရာ၊ဆရာများကို မိတ်ဆက်ပေးသည့် လူကြိုက်များသော မင်္ဂလာပါဆန်းဆေးအစီအစဥ်၏ ယခင်အပိုင်းများကို ပြန်လည်မျှဝေပေးသွားပါမည်။ ဂျပန်စာသင်ယူနေသူ ကျောင်းသား၊သူများနှင့် သင်ကြားပေးနေသော ဆရာ၊ဆရာမများအတွက် အကျိုးရှိစေနိုင်သည့်အကြောင်းအရာများ မြောက်များစွာပါဝင်ပါသည်။ ဆက်ဆက်ဖတ်ရှုကြည့်ကြပါရှင်။ အားလုံးပဲ မင်္ဂလာပါ။“မင်္ဂလာပါ! sensei” ရဲ့ တတိယအကြိမ်မြောက်အဖြစ်...

  • Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်! 14/01/2026

    ဇန်နဝါရီလ၇ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် "Visit JFYG" ကိုလေးကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Japanese Culture Quiz, Origami နဲ့ Karutaလက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော Akafuji Vocational...

  • Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ! 09/01/2026

    ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)၏ တရားဝင် Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!ပြုလုပ်ကျင်းပလျက်ရှိသောအစီအစဥ်များနှင့် ဂျပန်ယဉ်ကျေးမှု၊ ဂျပန်ဘာသာစကားနှင့် ပတ်သက်သော အချက်အလက်များကို အချိန်နှင့်တပြေးညီ မျှဝေပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲ Follow လုပ်ပေးကြပါနော်♪

  • ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း 02/01/2026

    ဒီဇင်ဘာလ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှာ ဂျပန်လူမျိုးတွေနဲ့ 「ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “日本人大学生・大学院生に聞いてみよう!日本の大学生活”」ဆိုတဲ့ပွဲအစီအစဉ်လေးကျင်းပခဲ့ပုံကို မျှဝေလိုက်ပါတယ်။ ဒီတခေါက်ပွဲမှာတော့ ဂျပန်လူမျိုး တက္ကသိုလ်ကျောင်းသား၊ ဘွဲ့လွန်ကျောင်းသားများနှင့် မြန်မာလူမျိုး ဂျပန်စာလေ့လာနေသူများအကြား မိမိတို့နိုင်ငံရဲ့ တက္ကသိုလ်ဘဝအကြောင်းနဲ့ပတ်သက်ပြီး အချင်းချင်းပြောဆိုဖလှယ်ခဲ့ကြပါတယ်။...

  • နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း 26/12/2025

    ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ (စနေနေ့) မှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ (တနင်္လာနေ့)အထိ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ပိတ်ထားမည် ဖြစ်ပါသည်။   ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့ (အင်္ဂါနေ့)မှစပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်သွားမည် ဖြစ်ပါသည်။   ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာအား ၂၀၂၅ ခုနှစ်တွင်လည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးမှုများအတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။  အားလုံးပျော်ရွှင်ဖွယ်နှစ်သစ်ကူးချိန်ခါဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။    【ရုံးဖွင့်ချိန်】  အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့အထိ၊ မနက်၉နာရီခွဲမှ နေ့လည်၃နာရီခွဲအထိ (တနင်္ဂနွေ၊ တနင်္လာ၊ အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။) 

Notice & Announcements

View All

ဤသင်ထောက်ကူစာအုပ် (စာသားများ၊ ရုပ်ပုံများ၊ ဓာတ်ပုံများ၊ အသံဖိုင်စသည်တို့အပါအဝင်) ၏ မူပိုင်ခွင့် (တစ်နည်းအားဖြင့် ဥာဏမူပိုင်ခွင့်) အား ဂျပန်ဖောင်ဒေးရှင်းမှ ပိုင်ဆိုင်သည်ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းခွင့်မပြုပါ။