“ဂျပန်ဒေသများအကြောင်း လေ့လာကြမယ် — အိုကာယာမ (Okayama) ခရိုင်”

  • Aug 20, 2026 ~ Aug 20, 2026
  • နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ  
  • The Japan Foundation, Yangon.
    No.70 Nat Mauk Lane(1), Bahan Township, Yangon, Myanmar

ဂျပန်နိုင်ငံကို ပညာသင်ဖို့ဖြစ်စေ အလုပ်နဲ့ပဲဖြစ်စေ သွားရောက်မယ့်သူတွေကို  ဂျပန်နိုင်ငံရဲ့ နေရာဒေသတွေနဲ့ ရင်းနှီးနေစေဖို့ ဗဟုသုတရစရာ အနေနဲ့ “ဂျပန်နိုင်ငံ ဒေသများအကြောင်း” ပွဲလေးတွေကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ စီစဉ်ပေးလျက်ရှိပါတယ်။ ဒီတခါ အလှည့်ကျတာကတော့ အိုကာယာမခရိုင်ပဲဖြစ်ပါတယ်။    

အိုကာယာမ ခရိုင်ဟာ စိတ်ဝင်စားစရာကောင်းတဲ့အနက်ရောင်အပြင်အဆင်နဲ့ အိုကာယာမရဲတိုက်၊ ရေပူစမ်းတွေအများအပြားရှိပြီး၊ သဘာဝအလှပေါများပြီး လူသိများပါတယ်။ ဒီတခါလုပ်မယ့် ပွဲလေးမှာလည်း အိုကာယာမ ဒေသခံဖြစ်တဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာရဲ့ Mrs. KOMATSUBARA Nahoမှ ဒီဒေသအကြောင်းကို ရှင်းပြသွားမှာဖြစ်လို့ ဂျပန်နိုင်ငံရဲ့ မတူညီတဲ့ အရပ်ဒေသများမှ ကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ စားဖွယ်တွေအကြောင်း ဗဟုသုတ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်လာသူတွေအနေနဲ့ အိုကာယာမရဲ့ အစားအစာတစ်ခု ကိုလည်း မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ဒီပွဲလေးကို တက်ရောက်ဖို့ စိတ်ပါဝင်စားတယ် ဆိုရင်တော့ လာမယ့်ကြာသပတေးနေ့ ၂၀ ရက်မှာ ပါဝင်တက်ရောက်ဖို့အတွက် အောက်ပါလင့်ကနေ အခမဲ့စာရင်းပေးနိုင်ပါတယ်။ လူဦးရေအကန့်အသတ်ရှိတာကြောင့် အရင်ဆုံးစာရင်းပေးလာသူတွေကို ဦးစားပေးပြီး ဖုန်းနဲ့ ပြန်လည်ဆက်သွယ်သွားမှာဖြစ်ပါတယ်။   

  

စာရင်းပေးရန် – https://forms.cloud.microsoft/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOZbJyIDTZqVOlKNbBD6nZoxUODRaV0ZIM1g0RjZSNUNHRFVCSklQVldZMi4u

နေ့စွဲ – ၂၀ သြဂုတ်လ ၂၀၂၆ (ကြာသပတေးနေ့)  

အချိန် – နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ  

သတ်မှတ်လူဦးရေ – ၃၀ဦး  

နေရာ – အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်း၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ Hall ။   

အနီးဆုံးကားမှတ်တိုင် – ဗျိုင်းရေအိုးစဥ်မှတ်တိုင် (ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀) 

  

မှတ်ချက်။ ။ ကားပါကင်မရှိပါ။ 

 

 

Notice & Announcements

View All