ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ  

  • Aug 21, 2026 ~ Aug 21, 2026
  • ည ၆ နာရီ

အားလုံးပဲ မင်္ဂလာပါ။  

မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်သြဂုတ်လမှာတော့ခန်းဂျိသင်ကြားခြင်းအတွက် အကြံဉာဏ်ကောင်းများ” အနေနဲ့ အလွတ်ကျက်မှတ်တဲ့ လေ့လာနည်းမဟုတ်တဲ့ ခန်းဂျိသင်ကြားနည်းကို လေ့လာကြမှာဖြစ်ပါတယ်။ ဟောပြောပို့ချပေးသွားမှာကတော့ Sensei S လို့ လူသိများကြတဲ့ ဆရာမ စန္ဒာပြုံးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေနဲ့ ကိုက်ညီမယ့် ခန်းဂျိသင်ကြားနည်းကို အတူတူစဉ်းစားကြည့်ကြရအောင်။  

အားလုံးပဲ ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါရစေ။  

၂၀၂၆ ခုနှစ် သြဂုတ်လ ၂ရက် (သောကြာနေ့) ည ၆ နာရီ 

zoomဖြင့် အွန်လိုင်းမှကျင်းပသွားမှာဖြစ်ပါတယ်ပါဝင်တက်ရောက်ရန် QR code သို့မဟုတ် အောက်ပါလင့်မှ နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ 

https://docs.google.com/forms/d/e/1FAIpQLScllJ1UI5UXjzUVE9PECxMx0PwcSx7rSjXiCQTrBTxT1wanrA/viewform 

ဆရာအများအပြား ပါဝင်တက်‌ရောက်ကြသည်ကို စောင့်မျှော်နေပါတယ်။ 💪 

Notice & Announcements

View All