AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!

နိုဝင်ဘာလ ၅ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် “ Visit JFYG” ကို ဒုတိယအကြိမ်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Japanese Culture Quiz, Origami နဲ့ Karutaလက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော AIMI Japanese Language Center ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စင်တာဖွင့်ရက်များတွင်လည်း ထပ်မံလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင် လစဥ်၊ လအစ ပထမအပတ် (ဗုဒ္ဓဟူးနေ့)တွင် အဖွဲ့အစည်းများအတွက် လေ့လာရေးခရီးစဥ် “ Visit JFYG” ကိုကျင်းပပေးလျက်ရှိပါတယ်။ စိတ်ဝင်စားပါက ဒီလင့်ခ်ကိုနှိပ်ပြီး အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

Notice & Announcements

View All