“ငလျင်ဘေးသင့်ဒေသများအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် ဖုန်းအားသွင်းနိုင်ရန် စင်တာဖွင့်လှစ်ခြင်း”

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်းတွင်လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီး ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဂျပန်ဖောင်ဒေးရှင်း(JF)မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။  ရန်ကုန်တွင် လက်ရှိကြုံတွေ့နေရသော လျှပ်စစ်မီးပျက်သည့်အခြေအနေများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျ ပန်ယဉ်ကျေးမှုစင်တာသည် ၄ လပိုင်း ၁ ရက်နေ့မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ စင်တာဖွင့်ချိန်မှာ‌အောက်ပါအတိုင်းဖြစ်ပြီး စင်တာသို့လာရောက်အားသွင်းချိန်တွင် စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ စင်တာတွင်လျှပ်စစ်မီးအသုံးပြုနိုင်သည့်အတွက် ဂျပန်စာလေ့လာနေသူများ စင်တာသို့လာရောက်ခြင်းကိုလည်း ကြိုဆိုပါသည်။ငလျင်ဒဏ်သင့်ပြည်သူများနှင့် အရပ်ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်လာစေရန် ဆုတောင်းမေတ္တာပို့အပ်ပါသည်။ ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံ၏မိတ်ဆွေသင်္ဂဟဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား တတ်စွမ်းသမျှကူညီထောက်ပံ့သွားပါမည်။  

  

  

  

[စင်တာဖွင့်ချိန်နှင့် စုံစမ်းမေးမြန်းရန်]  

  စင်တာဖွင့်ရက်။ ။အပတ်စဉ် အင်္ဂါ‌နေ့မှစနေနေ့   

စင်တာဖွင့်ချိန်။ ။မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ  

 

  လိပ်စာ။ ။ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့  

 ဖုန်းနံပါတ်။ ။၀၁-၄၉၀၃၂၀၊ ၀၉- ၈၉၃၁၁၈၂၅၅ 

  အီးမေးလ်။ ။info.jfyg@jpf.go.jp  

  [သတ်မှတ်ချက်များ 

 အခြားလိုအပ်သူများလည်း အားသွင်းနိုင်ရန် လူတဦးလျှင် ဖုန်းတလုံးသာအားသွင်းပေးပါရန်။  

အားသွင်းကြိုးနှင့်ခေါင်းများကို ငှားရမ်းပေးမည်မဟုတ်သောကြောင့် မိမိနှင့်တပါတည်းယူဆောင်လာပေးပါရန်။  

မိမိ၏ဖုန်းစသည့်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုများကို စင်တာမှတာဝန်ယူမည်မဟုတ်သောကြောင့် မိမိ၏ပစ္စည်းများကို မိမိကိုယ်တိုင်ကြည့်ရှုထိန်းသိမ်းပေးပါရန်။  

မိမိ၏ဖုန်းအားပြည့်ပါက တခြားသူအားသွင်းနိုင်ရန် အားသွင်းသည့်နေရာမှဖယ်ရှားပေးပါရန်။  

အထက်ပါစင်တာဖွင့်ချိန်၏ နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအချိန်တွင် မီးစက်ကိုခဏတဖြုတ်အနားပေးရမည်ဖြစ်သည့်အတွက် ထိုအချိန်တွင် အားသွင်းခြင်းအပါအဝင် လျှပ်စစ်မီးများလည်း အသုံးပြု၍မရကြောင်း ကြိုတင်အသိပေးအပ်ပါသည်။  

စင်တာတွင်ကားရပ်နားရန်နေရာမရှိသောကြောင့် ခြေလျင် (သို့) အများပြည်သူသုံးယာဉ်ဖြင့်သာ လာရောက်ပေးပါရန်။  

  

  

  

Notice & Announcements

View All