ထောက်ပံ့ကြေးပေးအပ်သော အစီအစဉ်များ

၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ကြေးပေးအပ်သော အစီအစဉ်များကြေညာခြင်း

ဂျပန်ဖောင်ဒေးရှင်းသည် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် အခွင့်အလမ်းများ၊ အသုံးတည့်သော ယဉ်ကျေးမှုပစ္စည်းများ၊ ပွဲနေရာများ အစရှိသည်တို့ကို ထောက်ပံ့ပေးလျက်ရှိသည်။

  • ဂျပန်ယဉ်ကျေးမှု၊ အနုပညာနှင့် သက်ဆိုင်သော ပြပွဲ၊ ဖျော်ဖြေမှုများကို ပါဝင်ပြုလုပ်လျက်ရှိသူများကို ထောက်ပံ့ကြေးပေးအပ်ခြင်း
  • ဂျပန်ယဉ်ကျေးမှုဖလှယ်ရေး စီမံကိန်းများကို ပြုလုပ်နေသူများနှင့် အမြတ်အစွန်းမယူသော အဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်း
  • ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ဆရာမများကို စွမ်းရည်မြှင့်တင်ပေးသည့် အစီအစဉ်များတွင် ထောက်ပံ့ပေးခြင်း
  • ဂျပန်ရေးရာလေ့လာရေးအစီအစဉ်များကို ဆောင်ရွက်နေသော တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်း
  • နိုင်ငံတကာမှ တူညီသော အခက်အခဲများကို ဆွေးနွေးအဖြေရှာခြင်းနှင့်၊ အနာဂါတ်တွင် ဆွေးနွေးအဖြေရှာနိုင်ပြီး အရေးပါသည့် ဦးဆောင်လှုပ်ရှားမှုများ ဆောင်ရွက်လာနိုင်ရန်ရည်ရွယ်သည့် လူသားရင်းမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များတွင် ထောက်ပံ့ပေးခြင်း

 

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်မှပြုလုပ်သော အစီအစဉ်များ :၂၀၂၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့မှုအစီအစဉ်များအတွက် လျှောက်လွှာခေါ်ယူလျက်ရှိပါသည်။

https://www.jpf.go.jp/e/program/

လျှောက်ထားမှုများကို ဂျပန်ဖောင်ဒေးရှင်း၏ အွန်လိုင်းမှလျှောက်ထားရမည့် ဝက်ဘ်ဆိုဒ်  (https://www.apply.jpf.go.jp)  မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၏ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ ခွဲ(ဂျပန်စံတော်ချိန် နေ့လယ် ၁ နာရီ) နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ “ အင်ဒိုပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသနများအတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship (JFIPP)” အစီအစဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို မကြာမီ ဝက်ဘ်ဆိုဒ်တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

※ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရုံးသို့ အီးမေးလ် သို့မဟုတ် စာရွက်စာတမ်းများပေးပို့လျှောက်ထားမှုများကို လက်ခံမည်မဟုတ်ပါ။

 

၁။ ယဉ်ကျေးမှုနှင့်အနုပညာဖလှယ်ရေး (ယဉ်ကျေးမှု)

(၁) အာရှတွင် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အဆက်အသွယ်ကွန်ယက် ချဲ့ထွင်မှုကို မြှင့်တင်ရန် အထောက်အပံ့ အစီအစဉ် [WA 2.0]

“မျိုးဆက်သစ်များနှင့်အတူ အနာဂါတ်ကို ပူးတွဲဖန်တီးရန် မိတ်ဖက်အစီအစဉ် (WA Project 2.0)” ၏ အစိတ်အပိုင်းတစ်ခုအဖြစ်၊ ဤအစီအစဉ်သည် ဂျပန်အခြေစိုက် အဖွဲ့အစည်းများအနေဖြင့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်များတွင် People-to-People အဆက်အသွယ် ဖလှယ်ရေးပရောဂျက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစိတ်တပိုင်းအထောက်အပံ့ ပေးရန် ရည်ရွယ်ထားပြီး၊ အဓိကအားဖြင့် အာဆီယံနိုင်ငံများနှင့် မျိုးဆက်သစ် အဆက်အသွယ်ဖလှယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးတက်စေရန် ရည်ရွယ်ထားပါသည်။

 

(၂) အာရှ အနုပညာနှင့် ယဉ်ကျေးမှု အတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship အစီအစဉ် [WA 2.0]

“မျိုးဆက်သစ်များနှင့်အတူ အနာဂါတ်ကို ပူးတွဲဖန်တီးရန် မိတ်ဖက်အစီအစဉ် (WA Project 2.0)” ၏ အစိတ်အပိုင်းတစ်ခုအဖြစ်၊ ဤအစီအစဉ်သည် ဂျပန်၊ အာဆီယံနိုင်ငံများနှင့် တီမောလက်စတေးတို့တွင် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်များအတွင်း နိုင်ငံဖြတ်ကျော် ပူးပေါင်းဖန်တီးရေး/ပူးပေါင်းလုပ်ကိုင်ရေး ပရောဂျက်များကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နေသူများ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ Fellowship ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ပါသည်။

 

(၃) ဂျပန်အနုပညာဆိုင်ရာသုတေသနများအတွက် အိရှိဘရှိ ဖောင်ဒေးရှင်း / ဂျပန်ဖောင်ဒေးရှင်း Fellowship

ဤအစီအစဉ်သည် Japanese visual arts ကို အထူးပြုလေ့လာနေသည့် ပညာရှင်များ၏ တိုးတက်မှုအတွက် ထောက်ပံ့ပေးရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရပ်ခြားမှ သုတေသီများနှင့် ပြတိုက်မှူးများအား ဂျပန်နိုင်ငံတွင် သုတေသနပြုလုပ်နိုင်မည့် အခွင့်အလမ်းများ ပေးအပ်သည့် အစီအစဉ်ဖြစ်ပါသည်။ ဤသို့ ထောက်ပံ့ပေးခြင်းဖြင့် ဂျပန်ပြည်ပတွင် ဂျပန်အနုပညာများ မိတ်ဆက်ခြင်းနှင့် လေ့လာမှုုများအား မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ ဤ Fellowship ကို အိရှိဘရှိဖောင်ဒေးရှင်းမှ ထောက်ပံ့မှုနှင့် ဂျပန်ဖောင်ဒေးရှင်းမှ အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

 

(၄ပြည်ပပြပွဲများအားထောက်ပံ့ခြင်းအစီအစဉ်

ဤအစီအစဉ်သည် ဂျပန်အနုပညာနှင့်ယဉ်ကျေးမှုများကို နိုင်ငံရပ်ခြားရှိ ပရိသတ်များထံသို့ မိတ်ဆက်ပေးသော ပြပွဲများအား စီစဉ်ကျင်းပသည့် ပြည်ပအနုပညာပြတိုက်များနှင့် အနုပညာအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးငွေပေးအပ်သည့် အစီအစဉ်ဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်သည် ဂျပန်အနုပညာရှင်များနှင့် ၎င်းတို့၏လက်ရာများကို မိတ်ဆက်ပေးသည့် ၂ နှစ် ၁ ကြိမ်၊ ၃ နှစ် ၁ ကြိမ် ပြုလုပ်သော ပြည်ပရှိ နိုင်ငံတကာပြပွဲများအား ထောက်ပံ့ပေးရန် ရေးဆွဲထားခြင်းဖြစ်သည်။

 

(၅) ဘာသာပြန်ဆိုခြင်းနှင့် ထုတ်ဝေခြင်းအတွက် ထောက်ပံ့ခြင်းအစီအစဉ်

ဤအစီအစဉ်သည် ဂျပန်ဘာသာဖြင့်ရေးသားထားသော စာအုပ်များအား ဘာသာပြန်ဆိုခြင်း နှင့်/သို့မဟုတ် ထုတ်ဝေခြင်းပြုလုပ်မည့် ပြည်ပမှ စာပေထုတ်ဝေသူများအတွက် ထောက်ပံ့ကြေးတစ်စိတ်တစ်ပိုင်း ပေးအပ်သည့် အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်သည် ပြည်ပမှစာပေထုတ်ဝေသူများ ဂျပန်စာပေများကို ဘာသာပြန်ဆိုပြီး ထုတ်ဝေခြင်းအားဖြင့် ဂျပန်အကြောင်းကို ပိုမိုနားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပါသည်။ ဤထောက်ပံ့ကြေးသည် ဘာသာပြန်ကုန်ကျစရိတ် နှင့်/သို့မဟုတ် ထုတ်ဝေစရိတ် ( ဥပမာအားဖြင့် စက္ကူ၊ စာစီစာရိုက်၊ ပရင့်ထုတ်ခြင်း နှင့် စာအုပ်ချုပ်ခြင်း ) များအတွက် အကျုံးဝင်သည်။ လျှောက်ထားသူများသည် “ ဘာသာပြန်ဆိုခြင်းသာ”၊ “ထုတ်ဝေခြင်းသာ”၊ “ဘာသာပြန်ဆိုခြင်းနှင့်ထုတ်ဝေခြင်း” စသည်တို့အနက်မှ တစ်ခုအား ရွေးချယ်လျှောက်ထားနိုင်သည်။

 

၂။ နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကြားရေး [ဘာသာစကား]

 (ဂျပန်ဘာသာသင်ကြားရေးပြုလုပ်လျက်ရှိသော အဖွဲ့အစည်းများအတွက် ထောက်ပံ့ခြင်း (ထောက်ပံ့ကြေးပေးအပ်ခြင်း)

ဤအစီအစဉ်သည် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်ကျောင်းများနှင့် အဖွဲ့အစည်းများ မိမိနိုင်ငံတွင်  ဂျပန်ဘာသာသင်ကြားရေးဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သည့်အစီအစဉ်များပြုလုပ်ခြင်းအတွက်  ကုန်ကျမည့် စရိတ်၏ တစိတ်တပိုင်းကို ထောက်ပံ့ခြင်းဖြစ်သည်။

 

 (ဂျပန်ဘာသာသင်ဆရာများအတွက် သင်တန်းအစီအစဉ်များ

ဤအစီအစဉ်သည် The Japan Foundation Japanese-Language Institute, Urawa (JFJLI, Urawa) မှ နိုင်ငံရပ်ခြားတွင် ဂျပန်ဘာသာသင်ကြားနေသည့်ဆရာများအတွက် ဂျပန်နိုင်ငံ (စိုင်းတမခရိုင်) တွင် ဂျပန်ဘာသာသင်ကြားရေးပိုင်းဆိုင်ရာသင်တန်းအစီအစဉ်များကို သင်ကြားပို့ချခြင်းဖြစ်သည်။

အစီအစဉ်တစ်ခုချင်းစီ၏ သတ်မှတ်စံနှုန်းများ၊ အချိန်ကာလနှင့် သင်တန်းအကြောင်းအရာများမှာ ကွဲပြားပါသည်။

— ဂျပန်ဘာသာသင်ဆရာများအတွက် အခြေခံသင်တန်းအစီအစဉ်

ဤအစီအစဉ်သည် လုပ်သက်နုသေးသော ဂျပန်ဘာသာသင်ဆရာများ ဂျပန်ဘာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်တိုးတက်လာစေရန်၊ သင်ကြားရေးနည်းလမ်းများကို သိရှိနားလည်စေရန်နှင့် ဂျပန်နိုင်ငံအကြောင်းကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်စေရန် ရေးဆွဲထားသော ၆ လခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။

— ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာစကားအစီအစဉ်

ဤအစီအစဉ်သည် ဂျပန်ဘာသာသင်ဆရာတစ်ယောက်အနေဖြင့် မရှိမဖြစ်လိုအပ်သော ဂျပန်ဘာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်မြင့်တက်လာစေရန် ရည်ရွယ်သော ၇ ပတ်ခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းများနှင့်ပတ်သက်သည့် သင်ခန်းစာများ ပါဝင်မည် မဟုတ်ပါ။

— ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းအစီအစဉ် (နွေရာသီနှင့် ဆောင်းရာသီသင်တန်းများ)

ဤအစီအစဉ်သည် သင်ကြားရေးနည်းလမ်းများတိုးတက်လာရန် ရေးဆွဲထားသော ၆ ပတ်ခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်ကို ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နွေရာသီကာလနှင့် ဆောင်းရာသီကာလ စုစုပေါင်း နှစ်ကြိမ်ပြုလုပ်မည်ဖြစ်သည်။ ဤအစီအစဉ်တွင် ဂျပန်ဘာသာစကားလက်တွေ့သုံးစွဲမှု စွမ်းရည်တိုးတက်ရန်ရည်ရွယ်သည့် “ဂျပန်ဘာသာစကား” သင်ခန်းစာများ  ပါဝင်မည် မဟုတ်ပါ။

 

— နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်အားလက်ခံရန် ဂျပန်စာသင်ကြားပေးနေသော ဂျပန်ဘာသာသင်ဆရာများအတွက် ဂျပန်ဘာသာသင်ကြားရေးနည်းလမ်းအစီအစဉ် (သင်ကြားရေးပိုင်းဆိုင်ရာ)

ဤအစီအစဉ်သည် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစနစ်စသည့်အလုပ်အကိုင်ဗီဇာဖြင့်  ဂျပန်နိုင်ငံသို့လာရောက်လိုသူများအား ဂျပန်စာသင်ကြားပေးနေသော နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်တန်းကျောင်းနှင့် အဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ ဂျပန်ဘာသာသာသင်ကြားမှုစွမ်းရည်မြင့်မားလာစေရန်နှင့် ဂျပန်အကြောင်းအရာ၊ လူမှုယဉ်ကျေးမှုတို့အား ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာ‌စေရန် သင်ကြားပေးသော ၅ ပတ်ခန့်ကြာ သင်တန်းအစီအစဉ်ဖြစ်သည်။

 

— နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်အားလက်ခံရန် ဂျပန်စာသင်ကြားပေးနေသော ဂျပန်ဘာသာသင်ဆရာများအတွက်  ဂျပန်ဘာသာစကားသင်ကြားရေးအစီအစဉ် (ဂျပန်ဘာသာစကားပိုင်းဆိုင်ရာ)

ဤအစီအစဉ်သည် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစနစ်စသည့်အလုပ်အကိုင်ဗီဇာဖြင့်  ဂျပန်နိုင်ငံသို့လာရောက်လိုသူများအား ဂျပန်စာသင်ကြားပေးနေသော နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်တန်းကျောင်းနှင့် အဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ ဂျပန်ဘာသာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်မြင့်မားလာစေရန်နှင့် ဂျပန်အကြောင်းအရာ၊ လူမှုယဉ်ကျေးမှုတို့အား ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာ‌စေရန် သင်ကြားပေးသော ၅ ပတ်ခန့်ကြာသင်တန်းအစီအစဉ်ဖြစ်သည်။

 

—“WA Project” အထူးသင်ကြားပို့ချခြင်းသင်တန်းအစီအစဉ်

ဂျပန်ဖောင်ဒေးရှင်းမှ NIHONGO Partners များအား စေလွှတ်နေသည့်နိုင်ငံနှင့် ဒေသများရှိ NIHONGO Partners အားလက်ခံပေးသည့် ကျောင်းမှ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမများ ဂျပန်ဘာသာသာစကားလက်တွေ့သုံးစွဲမှုစွမ်းရည်တိုးတက်မြင့်မားလာစေရန်နှင့် ဂျပန်အကြောင်းအရာတို့အား ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာ‌စေရန် သင်ကြားပေးသော ၄ ပတ်ခန့်ကြာသင်တန်းအစီအစဉ်ဖြစ်သည်။

 

(၃) ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်ရှိ ပညာရှင်များအတွက်အစီအစဉ်

ဤအစီအစဉ်သည်  သုတေသီများ၊ ဘွဲ့လွန်ကျောင်းသားများ၊ စာကြည့်တိုက်မှူးများ၊ ပြတိုက်နှင့်အနုပညာပြတိုက်မှူးများ စသည့် မိမိတို့၏ အထူးပြုပညာရပ်နယ်ပယ်များနှင့် သုတေသနလုပ်ရှားဆောင်ရွက်မှုများ အဆင်ပြေချောမွေ့ရန်အတွက် ဂျပန်ဘာသာကျွမ်းကျင်မှုလိုအပ်သော ပညာရှင်များအား ထောက်ပံ့ရန်ရည်ရွယ်ချက်သည့် အစီအစဉ်ဖြစ်သည်။ The Japanese-Language Institute, Kansai တွင် လက်တွေ့ကျသည့် ဂျပန်ဘာသာစကားများသင်ကြားပေးခြင်းနှင့်  မိမိတို့၏ သုတေသနလုပ်ငန်းများ၊ သက်ဆိုင်ရာအထူးပြုနယ်ပယ်များတွင်လက်တွေ့အသုံးချစေခြင်းဖြင့် ဂျပန်ဘာသာစကားအရည်အချင်း တိုးတက်လာရန် သင်ကြားပို့ချမည့် အစီအစဉ်ဖြစ်သည်။

၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၆ လကြာသင်တန်းသာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

 

၃။ ပြည်ပရှိဂျပန်ရေးရာလေ့လာရေးနှင့် နိုင်ငံတကာဆွေးနွေးခြင်း  [အပြန်အလှန်ဆွေးနွေးခြင်း]

 () JF-JSA-ASEAN သုတေသနဆိုင်ရာထောက်ပံ့ခြင်းအစီအစဉ်

မျိုးဆက်သစ်လူစွမ်းအားအရင်းအမြစ်သစ်များပြုစုပျိုး‌ထောင်ခြင်းဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံအကြား ခိုင်မာတည်မြဲသောဆက်ဆံမှုနှင့် ယုံကြည်မှုကိုတည်ဆောက်လိုသောရည်ရွယ်ချက်ဖြင့် အရှေ့တောင်အာရှနိုင်ငံဂျပန်ရေးရာလေ့လာရေးအဖွဲ့အစည်း (Japanese Studies Association in Southeast Asia (JSA-ASEAN))၏ ထောက်ပံ့မှုဖြင့် အရှေ့တောင်အာရှရှိ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ သုတေသီများ ဂျပန်နိုင်ငံသို့သွားရောက်၍ သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်း၊ နယ်ပယ်ဆိုင်ရာနှီးနှောဖလှယ်ခြင်းများ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ကူညီသည့်အစီအစဉ်ဖြစ်သည်။

 

 ()  မျိုးဆက်သစ်ပညာရှင်များနှင့်အတူ အနာဂတ်ကို ပူးပေါင်းဖန်တီးခြင်းဖြင့် သုတေသနကွန်ရက်ခိုင်မြဲစေမည့် ထောက်ပံ့ခြင်းအစီအစဉ်

မျိုးဆက်သစ်ပညာရှင်လူစွမ်းအားအရင်းအမြစ်သစ်များပြုစုပျိုး‌ထောင်ခြင်းဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံအကြား ခိုင်မာတည်မြဲသောဆက်ဆံမှုနှင့် ယုံကြည်မှုကိုတည်ဆောက်လိုသောရည်ရွယ်ချက်ဖြင့် ဂျပန်ရေးရာလေ့လာရေးဆိုင်ရာများ ပြုလုပ်လျက်ရှိသော အရှေ့တောင်အာရှနိုင်ငံများမှ အဖွဲ့အစည်းများအား ကုန်ကျစရိတ်၏ တစိတ်တပိုင်းကို ‌ထောက်ပံ့သည့်အစီအစဉ်ဖြစ်သည်။

 

(၃) အင်ဒိုပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသနများအတွက် ဂျပန်ဖောင်ဒေးရှင်း Fellowship (JFIPP)

ဤအစီအစဉ်တွင် အင်ဒိုပစိဖိတ်ဒေသအတွင်း ကြုံတွေ့နေရသော နိုင်ငံရေးဆိုင်ရာ အခက်အခဲများကို သုတေသနပြု အဖြေရှာလျက်ရှိသော ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ သို့မဟုတ် အမေရိကန် ဒေသများမှ အခြေစိုက်သုတေသီများကို ထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။

 

(၄) ဂျပန်-အာဆီယံ နိုင်ငံတကာ မိတ်ဖက်ဆက်ဆံရေးအတွက် ထောက်ပံ့ခြင်းအစီအစဉ် [WA2.0]

ဤအစီအစဉ်သည် ဂျပန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အခြေစိုက်သည့် အဖွဲ့အစည်းများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘုံပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည့် ပူးပေါင်းလှုပ်ရှားမှုများကို ထောက်ပံ့ပေးရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ဂျပန်နှင့် အာဆီယံနိုင်ငံများအကြား ဉာဏပညာဖလှယ်ရေးနှင့် မျိုးဆက်သစ် ဉာဏပညာခေါင်းဆောင်များ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် ယုံကြည်စိတ်ချရမှု တည်ဆောက်နိုင်စေပြီး၊ အဆင့်ဆင့် ဆက်သွယ်ရေးကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်စေရန် ရည်ရွယ်ထားပါသည်။

 

ဂျပန်‌ဖောင်ဒေးရှင်းသည် အခြားသောအဖွဲ့အစည်းများနှင့်လည်း ဂျပန်ရေးရာလေ့လာရေးနှင့်ပတ်သက်သည့် ထောက်ပံ့မှုအစီအစဉ်များကိုပြုလုပ်လျက်ရှိပါသည်။ အသေးစိတ်ကို အောက်ပါဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

 

() JF-GJS သုတေသနထောက်ပံ့ခြင်းအစီအစဉ်

ဤအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်ရေးရာလေ့လာရေးကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်ဖောင်ဒေးရှင်းနှင့် The Institute for Advanced Studies on Asia of the University of Tokyo (Tobunken) မှပူးပေါင်း၍ ဂျပန်ရေးရာလေ့လာ‌ရေးနယ်ပယ်ရှိ post-doctoral သုတေသီများ ဂျပန်နိုင်ငံရှိ Tobunken တွင် သုတေသနလုပ်ငန်းများလုပ် လုပ်ဆောင်ခြင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲနှင့် ‌ဟောပြောပွဲများကျင်းပခြင်းဖြင့် ပရောဂျက်ဦးဆောင်သူအဖြစ် အတွေ့အကြုံများရယူနိုင်ရန်၊ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးခြင်းတွင်ပါဝင်ခဲ့သူများနှင့် ကွန်ရက်သစ်ကိုဖွဲ့စည်းပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများကိုလည်း ရည်ရွယ်သည်။

2026 JF-GJS Fellowship Program Application Guidelines and Instructions (JF-GJSフェローシップ・プログラム募集要項) | Networking | GAS: Global Asian Studies

 

() JF-Nichibunken သုတေသနထောက်ပံ့ခြင်းအစီအစဉ်

ဤအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်ရေးရာလေ့လာရေးကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်ဖောင်ဒေးရှင်းနှင့် The International Research Center for Japanese Studies, National Institutes for the Humanities (Nichibunken) မှပူးပေါင်း၍ ဂျပန်ရေးရာလေ့လာရေးနယ်ပယ်ရှိ post-doctoral သုတေသီများ ဂျပန်နိုင်ငံရှိ Nichibunkenတွင် သုတေသနလုပ်ငန်းများလုပ် လုပ်ဆောင်ခြင်းကို ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲနှင့် ‌ဟောပြောပွဲများကျင်းပခြင်းဖြင့် ပရောဂျက်ဦးဆောင်သူအဖြစ် အတွေ့အကြုံများရယူနိုင်ရန်၊ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးခြင်းတွင်ပါဝင်ခဲ့သူများနှင့် ကွန်ရက်သစ်ကိုဖွဲ့စည်းပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများကိုလည်း ရည်ရွယ်သည်။

Fellowships|International Research Center for Japanese Studies (Nichibunken)

Notice & Announcements

View All