ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Mar 7, 2026 ~ Mar 7, 2026
(9:00–12:00)

(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်း Seminar
~『IRODORI』ကိုသုံးပြီး စကားဝိုင်းပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်~ ◆『IRODORI』ကိုအသုံးပြုပြီး စကားပြောအတန်းများကို သင်ကြားချင်သော ဆရာ၊ဆရာမများ နဲ့ စကားပြောအတန်းများအတွက် အကြံဉာဏ်လိုချင်သော ဆရာ၊ဆရာမများထံသို့ ☆ ယခုတစ်ခါမှာတော့ အခြေခံအဆင့်ပြီးမြောက်ထားသော ကျောင်းသားများအတွက်...

Venue : 国際交流基金ヤンゴン日本文化センター 2Fセミナールーム
The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon

Feb 27, 2026 ~ Feb 27, 2026
(10:00~11:30)

Sura Suraတဒို့ခုစာဖတ်ပွဲ
ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို...

Venue : The Japan Foundation, Yangon                 
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Jan 30, 2026 ~ Jan 30, 2026
(10:00~11:30 )

Sura Suraတဒို့ခုစာဖတ်ပွဲ
【Sura Suraတဒို့ခုစာဖတ်ပွဲ】 ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော...

Venue : The Japan Foundation, Yangon                 
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Notice & Announcements

View All