၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်‌နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း

၂၀၂၆ ဘဏ္ဍာရေးနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်‌နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း

ဂျပန်ရေးရာလေ့လာရေး (Japanese Studies)ဆိုတာ ဘာပါလဲ။ ဂျပန်ရေးရာလေ့ရာရေး၏ အနာဂတ်ကို ရုပ်လုံးဖော်ရာတွင် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်‌ထမ်းဆောင်ရန်အလားအလာရှိသော ပညာရှင်များအတွက် ဤမေးခွန်းသည် အလေးအနက်စဉ်းစားတွေးခေါ်ပြီး အဖြေအမျိုးမျိုးကို ရှာဖွေရမည့်မေးခွန်းဖြစ်သည်။ ဂျပန်ဖောင်ဒေးရှင်းသည် Japanese Studies Association in Southeast Asia (JSA-ASEAN)နှင့် National University of Singapore (NUS) မှ ဂျပန်ရေးရာလေ့လာရေးဌာနတို့နှင့် ပူးပေါင်း၍ အာဆီယံဒေသအတွင်းရှိ ဂျပန်ရေးရာလေ့လာရေးဆိုင်ရာနယ်ပယ်များမှ မဟာတန်းတက်ရောက်နေသူများနှင့် ပါရဂူအတန်းအတွက် စာတမ်းမပြုစုရသေးသော ပါရဂူတန်းတက်ရောက်နေသူများအား စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတွင်ပြုလုပ်ကျင်းပမည့် နွေရာသီရက်တိုအထူးပရိုဂရမ်အားတက်ရောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။ ဤပရိုဂရမ်သည် ဟောပြောပို့ချမှုများမှတဆင့် အခြေခံကျသော လေ့ကျင့်မှုများကို ရရှိနိုင်မည့်အပြင် ပူးပေါင်းသင်ယူခြင်း၊ ဆွေးနွေးဖလှယ်ခြင်းနှင့် group work များစသည့် အခွင့်အရေးများရရှိနိုင်ရန် ဖွဲ့စည်းထားသည်။

ရည်ရွယ်ချက်

・နယ်ပယ်ဒေသလေ့လာရေး (area studies) သုတေသီအနေဖြင့် လိုအပ်သည့်အရည်အချင်းများရရှိနိုင်ခြင်း

・သုတေသနပရောဂျက်ဒီဇီုင်း ရေးဆွဲနည်းနှင့် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နည်းများကို သင်ယူနိုင်ခြင်း

・နိုင်ငံတကာပညာရေးဆွေးနွေးပွဲသို့ တက်ရောက်သည့်အတွေ့အကြုံများရရှိနိုင်ခြင်း

・ဂျပန်နိုင်ငံတွင် ပညာရပ်ပိုင်းဆိုင်ရာ ၂ ပတ်ကြာခရီးစဉ်မှတဆင့် ဂျပန်ယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာနိုင်ခြင်း

ပရိုဂရမ်အကျဉ်းချုပ်

အစီအစဉ်ကျင်းပမည့်နေ့ရက်နှင့် နေရာ။    ။

ပထမခရီးစဉ် – ပရိုဂရမ်အကြောင်းကို အွန်လိုင်းမှ အကျဉ်းချုပ်ရှင်းပြခြင်းအစီအစဉ် (၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယအပတ်နှင့် တတိယအပတ်)

ဒုတိယခရီးစဉ်- စင်ကာပူနိုင်ငံတွင် ဟောပြောပို့ချချက်နှင့် အလုပ်ရုံဆွေးနွေးခြင်းအစီအစဉ် (၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) မှ ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့) အထိ)

ကျင်းပမည့်နေရာ။          ။ Department of Japanese Studies, National University of Singapore (NUS)

တတိယခရီးစဉ်- ဂျပန်နိုင်ငံသို့သွားရောက် ကွင်းဆင်းလေ့လာခြင်းအစီအစဉ် (၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့) မှ ၁၆ ရက် (ကြာသပတေးနေ့) အထိ)

ကွင်းဆင်းလေ့လာမည့်နေရာ။       ။ ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် စသဖြင့်…

ဘာသာစကား။   ။ အင်္ဂလိပ်ဘာသာနှင့် ဂျပန်ဘာသာ ( အများအားဖြင့် အင်္ဂလိပ်ဘာသာဖြင့်သာ)

ထောက်ပံ့မည့်အရာများ။ ။ လျှောက်ထားသူ၏နိုင်ငံမှ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံသို့ အသွားအပြန်လေယာဉ်လက်မှတ်၊ စင်ကာပူနိုင်ငံအတွင်းနဲ့ ဂျပန်နိုင်ငံအတွင်း ခရီးစရိတ်နှင့် နေထိုင်စရိတ် (ပရိုဂရမ်လျှောက်ထားခြင်းအတွက်အခကြေးငွေပေးရန်မလိုအပ်ပါ)

ပရိုဂရမ် အသေးစိတ်လျာထားချက်

ပထမခရီးစဉ်။                ။ အွန်လိုင်း

・ပရိုဂရမ်တက်ရောက်သူများအား ပရိုဂရမ်အကြောင်းအကျဉ်းချုပ်ရှင်းပြခြင်း၊ တက်ရောက်သူများနှင့် တွေ့ဆုံခြင်း

ဒုတိယခရီးစဉ်။               ။ စင်ကာပူနိုင်ငံ

・ပူးပေါင်းပါဝင်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအတွက် အဖွဲ့ဖွဲ့ခြင်း

・ပူးပေါင်းသုတေသနလုပ်‌ဆောင်ခြင်းနှင့်ပတ်သက်သည့် ဟောပြောပို့ချခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲနှင့် ဂျပန်ရေးရာလေ့လာရေးဆိုသည်မှာ

・Japanese Studies Showcase: NUSနှင့် အရှေ့တောင်အာရှရှိ ပညာရှင်များမှ ဟောပြောပို့ချချက်

・သုတေသနပရောဂျက်ဒီဇိုင်း၊ အင်တာဗျူးစွမ်းရည် အစရှိသည့် အခြေခံကျသောလေ့ကျင့်မှုများ

တတိယခရီးစဉ်။             ။ ဂျပန်နိုင်ငံ

・သုတေသီတစ်ယောက်အနေဖြင့် မိမိ၏ အသက်မွေးဝမ်းကြောင်းတိုးတက်ရန်အတွက် ‌‌လေ့လာခြင်း

・ဂျပန်နိုင်ငံရှိ အမျိုးသားစာကြည့်တိုက်အစရှိသည့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများသို့ သွားရောက်လေ့လာခြင်း

・နိုင်ငံတကာဆွေး‌‌နွေးပွဲသို့ တက်‌ရောက်ခြင်းနှင့် အခြားသောကျောင်းသားများ သုတေသီများနှင့် အပြန်အလှန် နှီးနှောဖလှယ်ခွင့်ရခြင်း

・တူညီသည့်အကြောင်းအရာအား အဖွဲ့လိုက် group work လုပ်ဆောင်ခြင်း၊ panel discussion ဆွေးနွေးပွဲအစမ်းကျင်းပခြင်း၊ သီးခြားသုတေသနပြုလုပ်သည့် အခွင့်အရေးများရရှိခြင်း အစရှိသည်

လိုအပ်သည့်အရည်အချင်း

လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။

  • အရှေ့တောင်အာရှနိုင်ငံမှ နိုင်ငံသား သို့မဟုတ် ထိုနိုင်ငံတွင် အမြဲနေထိုင်ခွင့်ရှိသူ။
  • မဟာတန်းတက်ရောက်နေသူဖြစ်ပြီး ပါရဂူအတန်းသို့ ဆက်လက်တက်ရောက်လိုသူ သို့မဟုတ် ပါရဂူအတန်းတက်ရောက်နေပြီး စာတမ်းရေးသားပြုစုခြင်းမရှိသေးသော ပညာရပ်နယ်ပယ်အမျိုးမျိုးတွင် သုတေသနကွန်ရက်တည်ဆောက်လိုသူ။
  • ဟောပြောပို့ချချက်များနှင့် ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးမှုများကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုဆွေး‌နွေးနိုင်သူ (TOEIC (L&R) အမှတ် 800/ TOFEL iBT 85, IELTSB 6.0နှင့်အထက် ရှိသူ သို့မဟုတ် အထက်ပါအမှတ်များနှင့် တူညီသော အရည်အချင်းရှိသူ) ။
  • စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် ပရိုဂရမ်တက်ရောက်နေစဉ်အတွင်း ပညာရပ်နယ်ပယ်ဆိုင်ရာ လှုပ်ရှားမှုကိုများကို တစိုက်မတ်မတ်ပါဝင်နိုင်သူ။

လျှောက်ထားရန်နည်းလမ်း

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် (သောကြာနေ့) နောက်ဆုံးထား၍ အောက်ပါစာရွက်စာတမ်းများအား ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်‌ကျေးမှုစင်တာ၏ အီးမေးလ် (japanesestudies.jfyg@jpf.go.jp) သို့ ပေးပို့ပါရန်။

လျှောက်ထားလိုသူ လက်ရှိနေထိုင်သောနိုင်ငံတွင် ဂျပန်ဖောင်ဒေးရှင်း နိုင်ငံခြားရုံးခွဲရှိပါက

☞ နီးစပ်ရာ ဂျပန်ဖောင်ဒေးရှင်း နိုင်ငံခြားရုံးခွဲသို့ ဆက်သွယ်ရန်။

လျှောက်ထားလိုသူ လက်ရှိနေထိုင်သောနိုင်ငံတွင် ဂျပန်ဖောင်ဒေးရှင်း နိုင်ငံခြားရုံးခွဲမရှိပါက

☞ ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်( r1_wa@jpf.go.jp)သို့ ဆက်သွယ်ရန်။

လိုအပ်သည့်စာရွက်စာတမ်းများ

၁။ ထောက်ခံစာ (ဂျပန်ဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ)

ဂျပန်ဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော ဖောင်တွင် လျှောက်ထားသူ၏  သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းမှ  အကြံပေးဆရာက ရေးသားဖြည့်စွက်ပြီး လက်မှတ်ရေးထိုးထားရမည်။

၂။ လျှောက်လွှာဖောင် (ဂျပန်ဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ)

ဂျပန်ဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော ‌ဖောင်တွင် လျှောက်ထားသူမှ ကိုယ်တိုင် ဖြည့်စွက်ရမည်။

ရွေးချယ်ခံရသူများအား မတ်လ လကုန်တွင် အကြောင်းကြားမည်ဖြစ်သည်။

အချို့သော လျှောက်ထားသူများမှာ အွန်လိုင်းမှ အင်တာဗျူးဖြေဆိုရသည်များလည်း ရှိနိုင်သည်။

ထောက်ခံစာဖောင် ဒေါင်းလုတ်ရယူရန်

လျှောက်လွှာဖောင် ဒေါင်းလုတ်ရယူရန်

စုံစမ်းမေးမြန်းရန်

ဂျပန်ရေးရာ‌လေ့လာရေးဌာန

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

အီးမေးလ်။ ။  japanesestudies.jfyg@jpf.go.jp

ဆက်စပ်သတင်းအချက်အလက်များ

Summer Program for Aspiring Southeast Asian Scholars in Japanese Studies 2025 | Two-way Intellectual and Cultural Exchange | Partnership to Co-create a Future with the Next Generation: WA Project 2.0

Notice & Announcements

View All